လီဝန်ဒေါစကီးအပါအဝင် ပိုလန်ကစားသမားတွေကို ရေဘူးတွေနဲ့ပစ်ပေါက်ခဲ့ကြတဲ့ အယ်လ်ဘေးနီးယားပရိသတ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အယ်လ်ဘေးနီးယားနဲ့ပိုလန်အသင်းတို့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အယ်လ်ဘေးနီးယားပရိသတ်တွေဟာ နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးအပါအဝင် ပိုလန်ကစားသမားတွေကို ရေဘူးတွေနဲ့ပစ်ပေါက်ခဲ့ကြတာကြောင့် မိနစ်အတော်ကြာတဲ့အထိ ပွဲကို ခဏရပ်ဆိုင်းခဲ့ရပါတယ်။

အဲဒီပွဲမှာ ပိုလန်အသင်းက (၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပိုလန်အသင်းအတွက်အဖိုးတန်ဂိုးကို (၇၇)မိနစ်မှာ ဆွီဒါစကီးကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်သလို ဂိုးသွင်းအပြီးအောင်ပွဲခံနေချိန်မှာ

ဒေါသပေါက်ကွဲနေတဲ့ အယ်လ်ဘေးနီးယားပရိသတ်တွေက ရေဘူး၊ တခြားအရာဝတ္ထုပစ္စည်းတွေနဲ့ ပိုလန်ကစားသမားတွေကို ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။

အယ်လ်ဘေးနီးယားပရိသတ်တွေရဲ့ လုပ်ရပ်ကို ပိုလန်ကစားသမားတွေဖြစ်တဲ့ ကာမဲလ်ဂလစ်ခ်နဲ့ လီဝန်ဒေါစကီးတို့က စိတ်ပျက်တဲ့အမူအရာနဲ့တုံ့ပြန်ခဲ့ပြီး ဒီအဖြစ်အပျက်ကြောင့် ပိုလန်ကစားသမားတွေဟာ ပွဲဆက်လက်မကစားတော့ဘဲ ကွင်းထဲကနေထွက်ခဲ့ကြပါတယ်။

အဲဒီနောက် ပွဲကို မိနစ်(၂၀)လောက်အထိရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာတော့ လက်ကျန်(၁၃)မိနစ်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့တာမှာ အယ်လ်ဘေးနီးယားအသင်းဟာ ချေပဂိုးမသွင်းနိုင်တာကြောင့် အိမ်ကွင်းမှာပဲ ပိုလန်အသင်းကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ပိုလန်နဲ့အယ်လ်ဘေးနီးယားအသင်းတို့ဟာ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးနည်းနေပြီဖြစ်ပေမယ့် ဒုတိယနေရာအတွက်မျှော်လင့်ချက်ရှိနေဆဲဖြစ်တာကြောင့် အခုပွဲက နှစ်သင်းစလုံးအတွက်အရေးကြီးတဲ့ပွဲဖြစ်ခဲ့ပြီး ပိုလန်အသင်း အနိုင်ဂိုးရသွားချိန်မှာ အယ်လ်ဘေးနီးယားပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့တာပါ။

အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တာကြောင့် ပိုလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၈)ပွဲကစားပြီးချိန်မှာ (၁၇)မှတ်နဲ့ အုပ်စုထိပ်ဆုံးက အင်္ဂလန်အသင်းနဲ့(၃)မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေပြီး အယ်လ်ဘေးနီးယားအသင်းကတော့ (၁၅)မှတ်နဲ့တတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ပရိသတ်တွေသောင်းကျန်းခဲ့တဲ့အဖြစ်အပျက်က အယ်လ်ဘေးနီးယား-ပိုလန်ပွဲမှာသာမက အင်္ဂလန်နဲ့ဟန်ဂေရီတို့ကစားခဲ့တဲ့ပွဲမှာလည်းဖြစ်ပွားခဲ့ပြီး ပွဲစလို့(၃)မိနစ်အကြာမှာပဲ ဟန်ဂေရီဆိုးသွမ်းပရိသတ်တွေ ဆူပူသောင်းကျန်းခဲ့ကြတဲ့အပြင်

ကွင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ဒီအဖြစ်အပျက်မှာပါဝင်ခဲ့တဲ့ ပရိသတ်(၆)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဝန္ေဒါစကီးအပါအဝင္ ပိုလန္ကစားသမားေတြကို ေရဘူးေတြနဲ႔ပစ္ေပါက္ခဲ့ၾကတဲ့ အယ္လ္ေဘးနီးယားပရိသတ္မ်ား

အယ္လ္ေဘးနီးယားနဲ႔ပိုလန္အသင္းတို႔ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ အယ္လ္ေဘးနီးယားပရိသတ္ေတြဟာ နာမည္ေက်ာ္တိုက္စစ္မႉးလီဝန္ေဒါစကီးအပါအဝင္ ပိုလန္ကစားသမားေတြကို ေရဘူးေတြနဲ႔ပစ္ေပါက္ခဲ့ၾကတာေၾကာင့္ မိနစ္အေတာ္ၾကာတဲ့အထိ ပြဲကို ခဏရပ္ဆိုင္းခဲ့ရပါတယ္။ အဲဒီပြဲမွာ ပိုလန္အသင္းက (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ပိုလန္အသင္းအတြက္အဖိုးတန္ဂိုးကို (၇၇)မိနစ္မွာ ဆြီဒါစကီးကေခါင္းတိုက္သြင္းယူခဲ့တာျဖစ္သလို ဂိုးသြင္းအၿပီးေအာင္ပြဲခံေနခ်ိန္မွာ ေဒါသေပါက္ကြဲေနတဲ့ အယ္လ္ေဘးနီးယားပရိသတ္ေတြက ေရဘူး၊ တျခားအရာဝတၳဳပစၥည္းေတြနဲ႔ ပိုလန္ကစားသမားေတြကို ပစ္ေပါက္ခဲ့ၾကတာျဖစ္ပါတယ္။ အယ္လ္ေဘးနီးယားပရိသတ္ေတြရဲ႕ လုပ္ရပ္ကို ပိုလန္ကစားသမားေတြျဖစ္တဲ့ ကာမဲလ္ဂလစ္ခ္နဲ႔ လီဝန္ေဒါစကီးတို႔က စိတ္ပ်က္တဲ့အမူအရာနဲ႔တုံ႔ျပန္ခဲ့ၿပီး ဒီအျဖစ္အပ်က္ေၾကာင့္ ပိုလန္ကစားသမားေတြဟာ ပြဲဆက္လက္မကစားေတာ့ဘဲ ကြင္းထဲကေနထြက္ခဲ့ၾကပါတယ္။ အဲဒီေနာက္ ပြဲကို မိနစ္(၂၀)ေလာက္အထိရပ္ဆိုင္းခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ လက္က်န္(၁၃)မိနစ္ကို ဆက္လက္ယွဥ္ၿပိဳင္ကစားခဲ့တာမွာ အယ္လ္ေဘးနီးယားအသင္းဟာ ေခ်ပဂိုးမသြင္းႏိုင္တာေၾကာင့္ အိမ္ကြင္းမွာပဲ ပိုလန္အသင္းကို အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။

ပိုလန္နဲ႔အယ္လ္ေဘးနီးယားအသင္းတို႔ဟာ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ အခြင့္အေရးနည္းေနၿပီျဖစ္ေပမယ့္ ဒုတိယေနရာအတြက္ေမွ်ာ္လင့္ခ်က္ရွိေနဆဲျဖစ္တာေၾကာင့္ အခုပြဲက ႏွစ္သင္းစလုံးအတြက္အေရးႀကီးတဲ့ပြဲျဖစ္ခဲ့ၿပီး ပိုလန္အသင္း အႏိုင္ဂိုးရသြားခ်ိန္မွာ အယ္လ္ေဘးနီးယားပရိသတ္ေတြ ေဒါသေပါက္ကြဲခဲ့တာပါ။ အယ္လ္ေဘးနီးယားကို အႏိုင္ရခဲ့တာေၾကာင့္ ပိုလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ(၈)ပြဲကစားၿပီးခ်ိန္မွာ (၁၇)မွတ္နဲ႔ အုပ္စုထိပ္ဆုံးက အဂၤလန္အသင္းနဲ႔(၃)မွတ္အကြာ ဒုတိယေနရာမွာရပ္တည္ေနၿပီး အယ္လ္ေဘးနီးယားအသင္းကေတာ့ (၁၅)မွတ္နဲ႔တတိယေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။ ပရိသတ္ေတြေသာင္းက်န္းခဲ့တဲ့အျဖစ္အပ်က္က အယ္လ္ေဘးနီးယား-ပိုလန္ပြဲမွာသာမက အဂၤလန္နဲ႔ဟန္ေဂရီတို႔ကစားခဲ့တဲ့ပြဲမွာလည္းျဖစ္ပြားခဲ့ၿပီး ပြဲစလို႔(၃)မိနစ္အၾကာမွာပဲ ဟန္ေဂရီဆိုးသြမ္းပရိသတ္ေတြ ဆူပူေသာင္းက်န္းခဲ့ၾကတဲ့အျပင္ ကြင္းလုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ခိုက္ရန္ျဖစ္ပြားခဲ့တာေၾကာင့္ ဒီအျဖစ္အပ်က္မွာပါဝင္ခဲ့တဲ့ ပရိသတ္(၆)ဦးကို ရဲတပ္ဖြဲ႕ကဖမ္းဆီးထိန္းသိမ္းခဲ့ရပါတယ္။