

တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ရွှေဘောလုံးဆုကို မက်ဆီနဲ့အပြိုင်စိန်ခေါ်နိုင်သူလို့ ဘိုင်ယန်မြူးနစ်နည်းပြဟန်စီဖလစ်က ချီးကျူးပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ ဒီဥရောပရဲ့အကောင်းဆုံးကစားသမားဆုကို ဖိလစ်လမ်းတစ်ယောက် ဘာကြောင့်များရမသွားခဲ့တာလဲလို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။လီဝန်ဒေါစကီးဟာ သူ့ရဲ့ ဒီရာသီအကောင်းဆုံးခြေစွမ်းကိုဆက်လက်ပြသနေပြီး ကာဗီနာကို ၆ဂိုးပြတ်အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄ဂိုးသွင်းပေးခဲ့ပါတယ်။ဒါကြောင့် ပွဲ ၂၀မှာ ၂၇ဂိုးသွင်းနိုင်ခဲ့တဲ့ ပိုလန်တိုက်စစ်မှူးဟာ ရွှေဘောလုံးဆုနဲ့ထိုက်တန်သူလို့ ဖလစ်က ဖွင့်ဟသွားတာပါ။

ဒါပေမဲ့ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုတွေအများကြီးရခဲ့ပေမယ့် ရွှေဘောလုံးဆုရှင်ဖြစ်မသွားရှာတဲ့ ဖိလစ်လမ်းကိုသက်သေထားပြီး လီဝန်ဒေါစကီးအနေနဲ့ ကံတရားရဲ့ဖေးမမှုလည်းလိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းဖိလစ်လမ်းဟာ ဘွန်ဒက်စ်လီဂါချန်ပီယံ ၈ကြိမ်၊ချန်ပီယံလိဂ် ၁ကြိမ်၊ကမ္ဘာ့ဖလား ၁ကြိမ်ရခဲ့ပေမယ့် ရွှေဘောလုံးဆုရှင်ရွေးချယ်ပွဲတွေမှာတော့ ၂၀၁၄ခုနှစ်က အဆင့်-၆နေရာမှာရပ်တည်နိုင်ခဲ့တာသာ အမြင့်ဆုံးဖြစ်ခဲ့တာပါ။

“ လီဝန်ဒေါစကီးနဲ့မက်ဆီဟာ ပုံမှန်ထက်ထူးခြားတဲ့ ကစားသမားတွေပါ။လီဝန်ဒေါစကီးဟာ ပြီးပြည့်စုံဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အကောင်းဆုံး နံပါတ် ၉ မဟုတ်ရင်တောင် တိုက်စစ်အတွက် လိုအပ်တာတွေအားလုံးရှိသူပါ။ဒါပေမဲ့ ဖိလစ်လမ်းလိုကစားသမားမျိုး ဘယ်တုန်းကမှ ရွှေဘောလုံးဆုမရခဲ့တာကိုတော့ ကျွန်တော်နားမလည်နိုင်အောင်ဖြစ်ရပါတယ်။သူဟာ ကစားသမားဘဝတုန်းက အရာအားလုံးအောင်မြင်ခဲ့သူပါ “ လို့ ဖလစ်က ဖွင့်ဟသွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အမှတ်ပေးဇယား တတိယနေရာမှာရပ်တည်နေပြီး ထိပ်ဆုံးကမိုချန်ဂလက်ဘတ်နဲ့ တစ်မှတ်ကွာနေပါတယ်။ဒါကြောင့် ပြိုင်ဘက်တွေကောင်းနေတာကို နားလည်ထားရမှာဖြစ်ကြောင်း၊အသင်းအတွက် အားကုန်ပေးဆပ်ကြဖို့အရေးကြီးကြောင်းလည်း ဖလစ်က ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။
(zawgyi)
တိုက္စစ္မွဴးလီ၀န္ေဒါစကီးဟာ ေရႊေဘာလံုးဆုကို မက္ဆီနဲ႔အၿပိဳင္စိန္ေခၚႏိုင္သူလို႔ ဘိုင္ယန္ျမဴးနစ္နည္းျပဟန္စီဖလစ္က ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ဒါေပမဲ့ ဒီဥေရာပရဲ႕အေကာင္းဆံုးကစားသမားဆုကို ဖိလစ္လမ္းတစ္ေယာက္ ဘာေၾကာင့္မ်ားရမသြားခဲ့တာလဲလို႔ ေမးခြန္းထုတ္သြားခဲ့ပါတယ္။လီ၀န္ေဒါစကီးဟာ သူ႔ရဲ႕ ဒီရာသီအေကာင္းဆံုးေျခစြမ္းကိုဆက္လက္ျပသေနၿပီး ကာဗီနာကို ၆ဂိုးျပတ္အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၄ဂိုးသြင္းေပးခဲ့ပါတယ္။ဒါေၾကာင့္ ပြဲ ၂၀မွာ ၂၇ဂိုးသြင္းႏိုင္ခဲ့တဲ့ ပိုလန္တိုက္စစ္မွဴးဟာ ေရႊေဘာလံုးဆုနဲ႔ထိုက္တန္သူလို႔ ဖလစ္က ဖြင့္ဟသြားတာပါ။ဒါေပမဲ့ ကစားသမားဘ၀တစ္ေလွ်ာက္ ေအာင္ျမင္မႈေတြအမ်ားႀကီးရခဲ့ေပမယ့္ ေရႊေဘာလံုးဆုရွင္ျဖစ္မသြားရွာတဲ့ ဖိလစ္လမ္းကိုသက္ေသထားၿပီး လီ၀န္ေဒါစကီးအေနနဲ႔ ကံတရားရဲ႕ေဖးမမႈလည္းလိုအပ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူေဟာင္းဖိလစ္လမ္းဟာ ဘြန္ဒက္စ္လီဂါခ်န္ပီယံ ၈ႀကိမ္၊ခ်န္ပီယံလိဂ္ ၁ႀကိမ္၊ကမာၻ႔ဖလား ၁ႀကိမ္ရခဲ့ေပမယ့္ ေရႊေဘာလံုးဆုရွင္ေရြးခ်ယ္ပြဲေတြမွာေတာ့ ၂၀၁၄ခုႏွစ္က အဆင့္-၆ေနရာမွာရပ္တည္ႏိုင္ခဲ့တာသာ အျမင့္ဆံုးျဖစ္ခဲ့တာပါ။“ လီ၀န္ေဒါစကီးနဲ႔မက္ဆီဟာ ပံုမွန္ထက္ထူးျခားတဲ့ ကစားသမားေတြပါ။လီ၀န္ေဒါစကီးဟာ ၿပီးျပည့္စံုဆံုးတိုက္စစ္မွဴးတစ္ေယာက္ျဖစ္ပါတယ္။ကမာၻေပၚမွာ အေကာင္းဆံုး နံပါတ္ ၉ မဟုတ္ရင္ေတာင္ တိုက္စစ္အတြက္ လိုအပ္တာေတြအားလံုးရွိသူပါ။ဒါေပမဲ့ ဖိလစ္လမ္းလိုကစားသမားမ်ိဳး ဘယ္တုန္းကမွ ေရႊေဘာလံုးဆုမရခဲ့တာကိုေတာ့ ကၽြန္ေတာ္နားမလည္ႏိုင္ေအာင္ျဖစ္ရပါတယ္။သူဟာ ကစားသမားဘ၀တုန္းက အရာအားလံုးေအာင္ျမင္ခဲ့သူပါ “ လို႔ ဖလစ္က ဖြင့္ဟသြားပါတယ္။ဘိုင္ယန္ျမဴးနစ္ဟာ အမွတ္ေပးဇယား တတိယေနရာမွာရပ္တည္ေနၿပီး ထိပ္ဆံုးကမိုခ်န္ဂလက္ဘတ္နဲ႔ တစ္မွတ္ကြာေနပါတယ္။ဒါေၾကာင့္ ၿပိဳင္ဘက္ေတြေကာင္းေနတာကို နားလည္ထားရမွာျဖစ္ေၾကာင္း၊အသင္းအတြက္ အားကုန္ေပးဆပ္ၾကဖို႔အေရးႀကီးေၾကာင္းလည္း ဖလစ္က ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။