လီဗားပူးပွဲမတိုင်ခင် ၁ နာရီအလိတွင် ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့ မန်ယူပရိသတ်ရာချီပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ ဝင်ရောက်ကန့်ကွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်နေကြတဲ့ မန်ယူပရိသတ်ရာချီပြီး လီဗာပူးနဲ့ ကစားမယ့်ပွဲမတိုင်ခင် ၁နာရီအလိုမှာ ပွဲကစားမယ့် အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကို ဝင်ရောက်ပြီး မီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့သလို ကွင်းထဲမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ဥရောပစူပါလိဂ်ကိစ္စနဲ့ ပတ်သတ်ပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုကို မကျေနပ်ကြတဲ့ မန်ယူအသင်းပရီသတ်တစ်ချို့ဟာ အသင်းလေ့ကျင့်ရေးကွင်ဖြစ်တဲ့ ကာရင်တန်ကို

သွားရောက်ကန့်ကွက် ဆန္ဒပြတာတွေလုပ်ခဲ့ကြပြီး သူတို့ဟာ အသင်းနည်းပြ ဆိုးလ်ရှားန့ လက်ထောက်နည်းပြ ကာရစ်တို့နဲ့လည်း စကားပြောခဲ့ကြပါသေးတယ်။

စူပါလိဂ်ကိစ္စမှာ ပိုင်ရှင်တွေဖက်က ပရိသတ်တွေအပေါ် ဆိုရှယ်မီဒီယာမှာ စာတစ်ကြောင်းတည်းနဲ့ အဖြစ်သဘော ပြောပြခဲ့တာကို ပရီသတ်တွေက မကျေနပ်ခဲ့ကြပါဘူး။

နောက်ရက်ပိုင်းအတွင်းမှာ အသင်းပိုင်ရှင် ဂလေဇာညီအစ်ကိုတွေထဲက ဂျိုးကလေဇာက ပရိသဆ်တွေကို အိတ်ဖွင့်ပေးစာနဲ့ သေချာတောင်းပန်ခဲ့ပေမယ့် နောက်ထပ်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အေဗရန် မတောင်နိုင်ဘူးလို့

လူသိရှင်ကြားပြောခဲ့ပြန်တာကြောင့် ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းနားမှာ နေ့တိုင်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေခဲ့တာပါ။

ဒီညမှာတော့ ပရီသတ်တွေဟာ ကွင်းထဲကို ဝင်ရောက်ပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုအနေနဲ့ မန်ယူကို ပြန်လည်ရောင်းချပြီး ထွက်ခွာသွားဖို့ သံပြိုင်ဟစ်ကြွေးခဲ့ကြပြီး အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေကိုလည်း မလိုက်နာတော့ဘဲ လုပ်ခဲ့ကြတာပါ။

သူတို့ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမြက်ခင်းပြင်ပေါ်မှာ အော်ဟစ်ကြွေးကြော်ခဲ့ကြတဲ့အပြင် ကစားသမား အဝတ်လဲခန်းတွေကိပါ ချိုးဖျက် ဝင်ရောက်ခဲ့ကြတာပါ။

ဒါ့အပြင် မန်ယူအသင်း တည်းခိုနေတဲ့ Lowryဟိုတယ် ရှေ့မှာလည်း ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ကြပါတယ်။ ဒေါထွက်နေတဲ့ ရာနဲ့ချီရှိတဲ့ လူအုပ်ကြီးကို ဂရိတ်မန်ချက်စတာရဲအဖွဲ့ကလည်း

လောလောဆယ်အခြေအနေစောင့်ကြည့်နေပြီး မန်ယူ- လီဗာပူးပွဲစဉ် အနေအထား ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိရသေးပါဘူး။

မန်ယူအသင်းသားဟောင်း ဂယ်ရီနဗီးလ်က ” ဂလေဇာမိသားစု မန်ယူကို စဝယ်လိုက်တဲ့ ၂၀၀၄ တုန်းက အသင်းကစားတဲ့ကွင်းက နိုင်ငံရဲ့ အကောင်းဆုံးကွင်း၊ ဥရောပရဲ့ အကောင်းဆုံးကွင်းတွေထဲမှာလည်း ပါတယ်။

အဂ်လန်နဲ့ ဥရောပရဲ့ အကောင်းဆုံး လေ့ကျင့်ရေးကွင်းရှိတယ်။

ချန်ပီယံလိဂ်ကို ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ တွေတက်ခဲ့တယ်။ ပရီးမီးယားလိဂ်ဖလားကို ရာသီတိုင်းနီးပါးရတယ်။

အခု သူတို့ဝယ်ပြီးနေက်ပိုင်း မန်ယူက အမှတ်ပေးဖလားမရတာ ၈နှစ်ရှိပြီ။

နောက်ဆုံး ၁၀နှစ်မှာ ချန်ပီယံလိဂ်ဆီမီးတစ်ကြိမ်မှ မတက်နိုင်ခဲ့ဘူး။ တစ်နိုင်ငံလုံးက ဘောလုံးကလပ်တွေရဲ့ ကစားတဲ့ကွင်းတွေ လေ့ကျင့်ရေးကွင်းတွေ တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် မန်ယူကျန်ခဲ့တယ်။

သူတို့က မန်ယူကရတဲ့ငွေကိုပဲ ပေသီးခေါက်နေပြီး အသင်းကို ကွင်းတွင်းကွင်းပြင် တိုးတက်အောင် ဘာမှမလုပ်ကြဘူး။ ဒါကြောင့် အခုချိန်မှာ အသင်းကို ပြန်ရောင်းလိုက်တာ အကောင်းဆုံးပဲ” လို့ ဝေဖန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗားပူးပြဲမတိုင္ခင္ ၁ နာရီအလိတြင္ ဂေလဇာမိသားစုကို ဆန႔္က်င္တဲ့ မန္ယူပရိသတ္ရာခ်ီၿပီး အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲ ဝင္ေရာက္ကန႔္ကြက္

အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို ဆန႔္က်င္ေနၾကတဲ့ မန္ယူပရိသတ္ရာခ်ီၿပီး လီဗာပူးနဲ႔ ကစားမယ့္ပြဲမတိုင္ခင္ ၁နာရီအလိုမွာ ပြဲကစားမယ့္ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကို ဝင္ေရာက္ၿပီး မီးပန္းေတြနဲ႔ ပစ္ေပါက္ခဲ့သလို ကြင္းထဲမွာ တပ္ဆင္ထားတဲ့ ကင္မရာေတြကိုလည္း ဖ်က္ဆီးခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ကတည္းက ဥေရာပစူပါလိဂ္ကိစၥနဲ႔ ပတ္သတ္ၿပီး အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို မေက်နပ္ၾကတဲ့ မန္ယူအသင္းပရီသတ္တစ္ခ်ိဳ႕ဟာ အသင္းေလ့က်င့္ေရးကြင္ျဖစ္တဲ့ ကာရင္တန္ကို သြားေရာက္ကန႔္ကြက္ ဆႏၵျပတာေတြလုပ္ခဲ့ၾကၿပီး သူတို႔ဟာ အသင္းနည္းျပ ဆိုးလ္ရွားန႔ လက္ေထာက္နည္းျပ ကာရစ္တို႔နဲ႔လည္း စကားေျပာခဲ့ၾကပါေသးတယ္။

စူပါလိဂ္ကိစၥမွာ ပိုင္ရွင္ေတြဖက္က ပရိသတ္ေတြအေပၚ ဆိုရွယ္မီဒီယာမွာ စာတစ္ေၾကာင္းတည္းနဲ႔ အျဖစ္သေဘာ ေျပာျပခဲ့တာကို ပရီသတ္ေတြက မေက်နပ္ခဲ့ၾကပါဘူး။ ေနာက္ရက္ပိုင္းအတြင္းမွာ အသင္းပိုင္ရွင္ ဂေလဇာညီအစ္ကိုေတြထဲက ဂ်ိဳးကေလဇာက ပရိသဆ္ေတြကို အိတ္ဖြင့္ေပးစာနဲ႔ ေသခ်ာေတာင္းပန္ခဲ့ေပမယ့္ ေနာက္ထပ္ပိုင္ရွင္တစ္ဦးျဖစ္တဲ့ ေအဗရန္ မေတာင္ႏိုင္ဘူးလို႔ လူသိရွင္ၾကားေျပာခဲ့ျပန္တာေၾကာင့္ ပရိသတ္ေတြ ေဒါသထြက္ခဲ့ၾကၿပီး အိုးလ္ထရက္ဖို႔ဒ္ကြင္းနားမွာ ေန႔တိုင္း ဆႏၵျပမႈေတြ ျဖစ္ေပၚေနခဲ့တာပါ။

ဒီညမွာေတာ့ ပရီသတ္ေတြဟာ ကြင္းထဲကို ဝင္ေရာက္ၿပီး အသင္းပိုင္ရွင္ ဂေလဇာမိသားစုအေနနဲ႔ မန္ယူကို ျပန္လည္ေရာင္းခ်ၿပီး ထြက္ခြာသြားဖို႔ သံၿပိဳင္ဟစ္ေႂကြးခဲ့ၾကၿပီး အစိုးရက ထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းမ်ဥ္းေတြကိုလည္း မလိုက္နာေတာ့ဘဲ လုပ္ခဲ့ၾကတာပါ။ သူတို႔ဟာ အိုးလ္ထရက္ဖို႔ဒ္ကြင္းျမက္ခင္းျပင္ေပၚမွာ ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ၾကတဲ့အျပင္ ကစားသမား အဝတ္လဲခန္းေတြကိပါ ခ်ိဳးဖ်က္ ဝင္ေရာက္ခဲ့ၾကတာပါ။

ဒါ့အျပင္ မန္ယူအသင္း တည္းခိုေနတဲ့ Lowryဟိုတယ္ ေရွ႕မွာလည္း ဝိုင္းဝန္းပိတ္ဆို႔ထားခဲ့ၾကပါတယ္။ ေဒါထြက္ေနတဲ့ ရာနဲ႔ခ်ီရွိတဲ့ လူအုပ္ႀကီးကို ဂရိတ္မန္ခ်က္စတာရဲအဖြဲ႕ကလည္းေလာေလာဆယ္အေျခအေနေစာင့္ၾကည့္ေနၿပီး မန္ယူ- လီဗာပူးပြဲစဥ္ အေနအထား ဘယ္လိုျဖစ္လာမယ္ဆိုတာ မသိရေသးပါဘူး။

မန္ယူအသင္းသားေဟာင္း ဂယ္ရီနဗီးလ္က ” ဂေလဇာမိသားစု မန္ယူကို စဝယ္လိုက္တဲ့ ၂၀၀၄ တုန္းက အသင္းကစားတဲ့ကြင္းက ႏိုင္ငံရဲ႕ အေကာင္းဆုံးကြင္း၊ ဥေရာပရဲ႕ အေကာင္းဆုံးကြင္းေတြထဲမွာလည္း ပါတယ္။ အဂ္လန္နဲ႔ ဥေရာပရဲ႕ အေကာင္းဆုံး ေလ့က်င့္ေရးကြင္းရွိတယ္။ ခ်န္ပီယံလိဂ္ကို ကြာတား၊ ဆီမီး၊ ဗိုလ္လုပြဲ ေတြတက္ခဲ့တယ္။ ပရီးမီးယားလိဂ္ဖလားကို ရာသီတိုင္းနီးပါးရတယ္။

အခု သူတို႔ဝယ္ၿပီးေနက္ပိုင္း မန္ယူက အမွတ္ေပးဖလားမရတာ ၈ႏွစ္ရွိၿပီ။ ေနာက္ဆုံး ၁၀ႏွစ္မွာ ခ်န္ပီယံလိဂ္ဆီမီးတစ္ႀကိမ္မွ မတက္ႏိုင္ခဲ့ဘူး။ တစ္ႏိုင္ငံလုံးက ေဘာလုံးကလပ္ေတြရဲ႕ ကစားတဲ့ကြင္းေတြ ေလ့က်င့္ေရးကြင္းေတြ တိုးတက္ေျပာင္းလဲလာခဲ့ေပမယ့္ မန္ယူက်န္ခဲ့တယ္။ သူတို႔က မန္ယူကရတဲ့ေငြကိုပဲ ေပသီးေခါက္ေနၿပီး အသင္းကို ကြင္းတြင္းကြင္းျပင္ တိုးတက္ေအာင္ ဘာမွမလုပ္ၾကဘူး။ ဒါေၾကာင့္ အခုခ်ိန္မွာ အသင္းကို ျပန္ေရာင္းလိုက္တာ အေကာင္းဆုံးပဲ” လို႔ ေဝဖန္ခဲ့ပါတယ္။