လီဗာအရှိန်မလျှော့ဘဲ မြဲမြံစွာနင်းပြီးရှေ့ဆက်သွားဖို့ ဒက်ကလန်ရိုက်စ် တောင်းဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗီလာကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က လီဗာအရှိန်မလျှော့ဘဲ မြဲမြံစွာနင်းပြီးရှေ့ဆက်သွားဖို့ အသင်းဖော်တွေကိုတောင်းဆိုလိုက်ပါတယ်။

ဝက်စ်ဟမ်းဟာ ဗီလာပါ့ခ်မှာကစားခဲ့ရတာဖြစ်ပေမယ့် ပထမပိုင်းမှာကတည်းက ၁-၂နဲ့ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းစပြီး

မကြာမီ ဗီလာနောက်ခံလူကွန်ဆာ အထုတ်ခံရအပြီးမှာတော့ ပွဲကိုထိန်းချုပ်ကစားပြီး ပွဲချိန်နှောင်းပိုင်းမှာ ၂ဂိုးထပ်သွင်းနိုင်ခဲ့တာပါ။

ကြားရက်လိဂ်ဖလားပွဲမှာအနားရခဲ့တဲ့ ဒက်ကလန်ရိုက်စ်ကအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူကစားသွားခဲ့ပြီး ဘင်ဂျွန်ဆင်ရဲ့အဖွင့်ဂိုးကိုဖန်တီးနိုင်ခဲ့သလို ကိုယ်တိုင်လည်း ၁ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ရိုက်စ်က လက်ရှိပြသနေတဲ့ပုံစံကောင်းကိုဆက်ထိန်းပြီးအသင်းကြီး အဆင့်အတန်းရောက်လာအောင်ကြိုးစားဖို့ အသင်းဖော်တွေကို စိန်ခေါ်စကားဆိုခဲ့တာပါ။

ဒါ့အပြင် လာမယ့်ပွဲတွေမှာလည်း ဂိုးတွေပိုသွင်းနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ရိုက်စ်က ကြုံးဝါးခဲ့ပါတယ်။

ဝက်စ်ဟမ်းအတွက် ပြီးခဲ့တဲ့ဧပြီလနောက်ပိုင်း ပရီးမီးယားလိဂ်အဝေးကွင်း ၈ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့သလို ပြိုင်ပွဲစံအဝေးကွင်း ၅ပွဲဆက်နိုင်ခဲ့တာကလည်း အသင်းသမိုင်းမှာစံချိန်သစ်ပါပဲ။

ဗီလာကိုအနိုင်ရအပြီးမှာ လက်ရှိချန်ပီယံမန်စီးတီးနဲ့အမှတ်တူ အဆင့် ၄မှာရပ်တည်နိုင်ခဲ့ပြီး အံ့ဖွယ်ရာသီအစကိုပိုင်ဆိုင်ထားပေမယ့် အခုထက်ပိုတိုးတက်လာဖို့ရှိနေသေးတယ်လို့လည်း နည်းပြမိုယက်စ်က ကြုံးဝါးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာအရွိန္မေလွ်ာ့ဘဲ ၿမဲၿမံစြာနင္းၿပီးေရွ႕ဆက္သြားဖို႔ ဒက္ကလန္႐ိုက္စ္ ေတာင္းဆို

ဗီလာကိုဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္က လီဗာအရွိန္မေလွ်ာ့ဘဲ ၿမဲၿမံစြာနင္းၿပီးေရွ႕ဆက္သြားဖို႔ အသင္းေဖာ္ေတြကိုေတာင္းဆိုလိုက္ပါတယ္။

ဝက္စ္ဟမ္းဟာ ဗီလာပါ့ခ္မွာကစားခဲ့ရတာျဖစ္ေပမယ့္ ပထမပိုင္းမွာကတည္းက ၁-၂နဲ႔ဦးေဆာင္ႏိုင္ခဲ့သလို ဒုတိယပိုင္းစၿပီးမၾကာမီ ဗီလာေနာက္ခံလူကြန္ဆာ အထုတ္ခံရအၿပီးမွာေတာ့ ပြဲကိုထိန္းခ်ဳပ္ကစားၿပီး ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ၂ဂိုးထပ္သြင္းႏိုင္ခဲ့တာပါ။

ၾကားရက္လိဂ္ဖလားပြဲမွာအနားရခဲ့တဲ့ ဒက္ကလန္႐ိုက္စ္ကအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူကစားသြားခဲ့ၿပီး ဘင္ဂြၽန္ဆင္ရဲ႕အဖြင့္ဂိုးကိုဖန္တီးႏိုင္ခဲ့သလို ကိုယ္တိုင္လည္း ၁ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာ ႐ိုက္စ္က လက္ရွိျပသေနတဲ့ပုံစံေကာင္းကိုဆက္ထိန္းၿပီးအသင္းႀကီး အဆင့္အတန္းေရာက္လာေအာင္ႀကိဳးစားဖို႔ အသင္းေဖာ္ေတြကို စိန္ေခၚစကားဆိုခဲ့တာပါ။

ဒါ့အျပင္ လာမယ့္ပြဲေတြမွာလည္း ဂိုးေတြပိုသြင္းႏိုင္ဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ ႐ိုက္စ္က ႀကဳံးဝါးခဲ့ပါတယ္။ ဝက္စ္ဟမ္းအတြက္ ၿပီးခဲ့တဲ့ဧၿပီလေနာက္ပိုင္း ပရီးမီးယားလိဂ္အေဝးကြင္း ၈ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္တင္ႏိုင္ခဲ့သလို ၿပိဳင္ပြဲစံအေဝးကြင္း ၅ပြဲဆက္ႏိုင္ခဲ့တာကလည္း အသင္းသမိုင္းမွာစံခ်ိန္သစ္ပါပဲ။

ဗီလာကိုအႏိုင္ရအၿပီးမွာ လက္ရွိခ်န္ပီယံမန္စီးတီးနဲ႔အမွတ္တူ အဆင့္ ၄မွာရပ္တည္ႏိုင္ခဲ့ၿပီး အံ့ဖြယ္ရာသီအစကိုပိုင္ဆိုင္ထားေပမယ့္ အခုထက္ပိုတိုးတက္လာဖို႔ရွိေနေသးတယ္လို႔လည္း နည္းျပမိုယက္စ္က ႀကဳံးဝါးခဲ့ပါတယ္။