လီဗာပူး …လီဗာပူး…လီဗာပူး…အာနိုးလ်ရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၁)

Photo Credit

Photo Credit

ကိုယ်က ဘတ်စ်ကားတစ်စီးစောင့်နေချိန် တစ်ခါတည်း ၂ စီးဆိုက်လာတာကို ခင်ဗျားတို့ကြုံဖူးကြလား။ ဒီလိုအဖြစ်မျိုး လူအများကြီးကြုံဖူးတာမှန်ပေမယ့် ကျွန်တော့်အတွက်တော့ အဲဒီလိုမဟုတ်ဘူး။ ကျွန်တော်ဟာ ဒုတိယမြောက်ဘတ်စ်ကားကို ၁၄ နှစ်ကြာအောင် စောင့်နေခဲ့ရတာပါ။ နောက်ဆုံးမှာတော့ အဲဒီဘတ်စ်ကားကို ကျွန်တော်ကိုယ်တိုင် မောင်းနှင်ခွင့်ရခဲ့ပါတယ်။

Photo Credit

အဲဒီအချိန်ကလည်း တကယ့်ကိုရူးသွပ်စရာပါပဲ။ ကိုယ့်လည်ပင်းမှာ ချန်ပီယံလိဂ်ဆုတံဆိပ်ဆွဲထားချိန် ကိုယ်ကြီးပြင်းလာခဲ့တဲ့ လီဗာပူးမြို့ရဲ့လမ်းမတွေတစ်လျှောက် အသင်းရဲ့အကြီးကျယ်ဆုံးသောဆုဖလားကို လှည့်လည်ပြသနေတဲ့အချိန်ပေါ့။ အိပ်မက်ဆန်တဲ့စကားလုံးဆိုတာ တကယ်တော့ အကျိုးသင့်အကြောင်းသင့်မဟုတ်ပါဘူး။ ပြီးတော့ မှော်ဆန်တယ်ဆိုတဲ့စကားလုံးလည်း အတူတူပါပဲ။

Photo Credit ; AP

ကျွန်တော်က စာဖက်နာသူတစ်ယောက်ဖြစ်ပေမယ့် အဲဒီစကားလုံးတွေက ဘတ်စ်ကားပေါ်မှာ ကျွန်တော်ရှိနေချိန် ခံစားရတဲ့ကျွန်တော့်ရဲ့ခံစားချက်တွေကို ဖော်ပြဖို့ ဘယ်လောက်နီးစပ်သလဲဆိုတာ ကိုယ်တိုင်တောင်မသိပါဘူး။ ကျွန်တော့်ရဲ့မွေးရပ်မြေမှာ အခုလိုချန်ပီယံလိဂ်ဆုဖလား လှည့်လည်အောင်ပွဲခံတာက ကျွန်တော့်အတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀ဝ၅ ခုနှစ်တုန်းကဆိုရင် ကျွန်တော်ဟာ အဲဒီချန်ပီယံလိဂ်အောင်ပွဲခံဘတ်စ်ကား ရောက်လာမယ့်လမ်းကို မျှော်ကြည့်ရင်း ကိုယ့်အိမ်ရှေ့က လှေကားမှာ စောင့်နေခဲ့တာပါ။

Photo Credit

အဲဒီမှာ တစ်ယောက်ယောက်က ”လာပြီဟေ့”လို့ ပြောလိုက်တာကို ကျွန်တော်ကြားလိုက်တော့ လူက လုံးဝကိုကြက်သီးမွေးညင်းထသွားပါတယ်။ ဂျရတ်နဲ့ တခြားကစားသမားတွေက အဲဒီဆုဖလားနဲ့အတူ ကျွန်တော့်မျက်လုံးရှေ့ကနေ ဖြတ်သွားတာကိုတွေ့လိုက်တဲ့အချိန်မှာ လုံးဝကို မယုံနိုင်စရာကောင်းတဲ့ခံစားချက်မျိုး ဝင်လာပါတယ်။ အဲဒီကာလက ကျွန်တော်တို့အသင်းရဲ့အကောင်းဆုံးသောကာလလည်းဖြစ်ပါတယ်။

Photo Credit

အဲဒီအချိန်တုန်းက ကျွန်တော့်အသက်က ၆ နှစ်ပဲရှိသေးပေမယ့် ကြီးပြင်းလာတဲ့အချိန်မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာသိဖို့ လုံလောက်တဲ့အသက်အရွယ်ဖြစ်နေပါပြီ။ ကျွန်တော်ဟာ လီဗာပူးကစားသမားတစ်ဦးဖြစ်ချင်ပြီး အဲဒီဘတ်စ်ကားပေါ်မှာ စီးခွင့်ရချင်ခဲ့တာပါ။ ဒါကလည်း သိပ်ပြီးထူးဆန်းတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော့်ကျောင်းက ကလေးတွေ အားလုံးနီးပါး ကျွန်တော့်လိုမျိုးဖြစ်ချင်ခဲ့တာပါ။

Photo Credit

ပြောရမယ်ဆိုရင် တစ်မြို့လုံးမှာရှိတဲ့ ကလေးတိုင်းနီးပါးရဲ့အိပ်မက်က ကျွန်တော်နဲ့ထပ်တူပါပဲ။ ကျွန်တော့်ခံစားချက်ကို ပြန်ပြောရမယ်ဆိုရင် လူက ဖျားချင်သလို၊ နာချင်သလိုဖြစ်သွားပါတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်သလိုမျိုးမဟုတ်ဘဲ ကောင်းမွန်တဲ့ ဖျားနာခြင်းမျိုးပါ။ ဒီခံစားချက်ကို ဘယ်လိုခေါ်သလဲဆိုတာမသိပေမယ့် ကျွန်တော့်ဉာဉ်ထဲကလာတဲ့အတိုင်းပြောရမယ်ဆိုရင် အစွဲအလမ်းလို့ပဲ ဆိုရပါမယ်။

Photo Credit

အဲဒီအချိန်ကတည်းက ကျွန်တော့်ရဲ့ရည်မှန်းချက်တွေနဲ့ တွန်းအားတွေက ဟိုးအဝေးကြီးကို ထွက်မသွားတော့ပါဘူး။ ကျွန်တော်ဟာ လီဗာပူးအသင်းရဲ့လေ့ကျင့်ရေးအဆောက်အဦဖြစ်တဲ့ မဲလ်ဝုဒ်စင်တာရဲ့ ညာဘက်ခြမ်းလောက်မှာရှိတဲ့ အိမ်မှာ အဖေရယ်၊ အမေရယ်၊ အစ်ကိုနှစ်ယောက်ရယ်တို့နဲ့အတူ ကြီးပြင်းခဲ့တာပါ။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်တို့ညီအစ်ကို ၃ ယောက်သား တစ်ယောက်နဲ့ တစ်ယောက် မတည့်တာတွေ၊ အကြိုက်မတူတာတွေရှိပေမယ့် လီဗာပူးဘောလုံးအသင်းဆိုတဲ့ အချက်နဲ့ပတ်သက်လို့ကတော့ အမြဲတမ်းတူညီနေခဲ့ပါတယ်။

Photo Credit

လေ့ကျင့်ရေးကွင်းနဲ့ နီးနီးလေးမှာရှိလို့ ကျွန်တော်တို့လည်း ကိုယ့်ရဲ့သူရဲကောင်းတွေကို နေ့တိုင်းမြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ညီအစ်ကိုတွေမှာ တခြားဝါသနာတွေမရှိခဲ့ပါဘူး။ ဒါက သိပ်မကောင်းတာမှန်ပေမယ့် တကယ့်လက်တွေ့ပါ။ ကျွန်တော်တို့ဟာ ၂၄ နာရီ တစ်ပတ်လုံး စွဲလန်းခြင်းဥပဒါန်နဲ့ပဲ ရှင်သန်ကြီးပြင်းလာခဲ့တာပါ။ အမေကတော့ ပြောပါတယ်။ သူ့မျက်စိအောက်က အပျောက်မခံပေမယ့် သူလက်လှမ်းမီတဲ့ ဘယ်နေရာမှာမဆို ကျွန်တော်တို့ကြိုက်သလောက် ကစားလို့ရတယ်လို့ စည်းကမ်းထုတ်ထားတာပါ။

Photo Credit

Zawgyi

လီဗာပူး …လီဗာပူး…လီဗာပူး…
အာႏုိးလ္ရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၁)

ကိုယ္က ဘတ္စ္ကားတစ္စီးေစာင့္ေနခ်ိန္ တစ္ခါတည္း ၂ စီးဆိုက္လာတာကို ခင္ဗ်ားတို႔ႀကံဳဖူးၾကလား။ ဒီလိုအျဖစ္မ်ိဳး လူအမ်ားႀကီးႀကံဳဖူးတာမွန္ေပမယ့္ ကြ်န္ေတာ့္အတြက္ေတာ့ အဲဒီလိုမဟုတ္ဘူး။ ကြ်န္ေတာ္ဟာ ဒုတိယေႁမာက္ဘတ္စ္ကားကို ၁၄ ႏွစ္ၾကာေအာင္ ေစာင့္ေနခဲ့ရတာပါ။ ေနာက္ဆံုးမွာေတာ့ အဲဒီဘတ္စ္ကားကို ကြ်န္ေတာ္ကိုယ္တိုင္ ေမာင္းႏွင္ခြင့္ရခဲ့ပါတယ္။
အဲဒီအခ်ိန္ကလည္း တကယ့္ကို႐ူးသြပ္စရာပါပဲ။ ကိုယ့္လည္ပင္းမွာ ခ်န္ပီယံလိဂ္ဆုတံဆိပ္ဆြဲထားခ်ိန္ ကိုယ္ႀကီးျပင္းလာခဲ့တဲ့ လီဗာပူးၿမိဳ႕ရဲ႕လမ္းမေတြတစ္ေလွ်ာက္ အသင္းရဲ႕အႀကီးက်ယ္ဆံုးေသာဆုဖလားကို လွည့္လည္ျပသေနတဲ့အခ်ိန္ေပါ့။ အိပ္မက္ဆန္တဲ့စကားလံုးဆိုတာ တကယ္ေတာ့ အက်ိဳးသင့္အေၾကာင္းသင့္မဟုတ္ပါဘူး။ ၿပီးေတာ့ ေမွာ္ဆန္တယ္ဆိုတဲ့စကားလံုးလည္း အတူတူပါပဲ။
ကြ်န္ေတာ္က စာဖက္နာသူတစ္ေယာက္ျဖစ္ေပမယ့္ အဲဒီစကားလံုးေတြက ဘတ္စ္ကားေပၚမွာ ကြ်န္ေတာ္ရွိေနခ်ိန္ ခံစားရတဲ့ကြ်န္ေတာ့္ရဲ႕ခံစားခ်က္ေတြကို ေဖာ္ျပဖို႔ ဘယ္ေလာက္နီးစပ္သလဲဆိုတာ ကိုယ္တိုင္ေတာင္မသိပါဘူး။ ကြ်န္ေတာ့္ရဲ႕ေမြးရပ္ေျမမွာ အခုလိုခ်န္ပီယံလိဂ္ဆုဖလား လွည့္လည္ေအာင္ပြဲခံတာက ကြ်န္ေတာ့္အတြက္ေတာ့ ပထမဆံုးအႀကိမ္မဟုတ္ပါဘူး။ ၂၀ဝ၅ ခုႏွစ္တုန္းကဆိုရင္ ကြ်န္ေတာ္ဟာ အဲဒီခ်န္ပီယံလိဂ္ေအာင္ပြဲခံဘတ္စ္ကား ေရာက္လာမယ့္လမ္းကို ေမွ်ာ္ၾကည့္ရင္း ကိုယ့္အိမ္ေရွ႕က ေလွကားမွာ ေစာင့္ေနခဲ့တာပါ။
အဲဒီမွာ တစ္ေယာက္ေယာက္က ”လာၿပီေဟ့”လို႔ ေျပာလိုက္တာကို ကြ်န္ေတာ္ၾကားလိုက္ေတာ့ လူက လံုးဝကိုၾကက္သီးေမြးညင္းထသြားပါတယ္။ ဂ်ရတ္နဲ႔ တျခားကစားသမားေတြက အဲဒီဆုဖလားနဲ႔အတူ ကြ်န္ေတာ့္မ်က္လံုးေရွ႕ကေန ျဖတ္သြားတာကိုေတြ႕လိုက္တဲ့အခ်ိန္မွာ လံုးဝကို မယံုႏိုင္စရာေကာင္းတဲ့ခံစားခ်က္မ်ိဳး ဝင္လာပါတယ္။ အဲဒီကာလက ကြ်န္ေတာ္တို႔အသင္းရဲ႕အေကာင္းဆံုးေသာကာလလည္းႁဖစ္ပါတယ္။
အဲဒီအခ်ိန္တုန္းက ကြ်န္ေတာ့္အသက္က ၆ ႏွစ္ပဲရွိေသးေပမယ့္ ႀကီးျပင္းလာတဲ့အခ်ိန္မွာ ကိုယ္ဘာျဖစ္ခ်င္လဲဆိုတာသိဖို႔ လံုေလာက္တဲ့အသက္အရြယ္ျဖစ္ေနပါၿပီ။ ကြ်န္ေတာ္ဟာ လီဗာပူးကစားသမားတစ္ဦးျဖစ္ခ်င္ၿပီး အဲဒီဘတ္စ္ကားေပၚမွာ စီးခြင့္ရခ်င္ခဲ့တာပါ။ ဒါကလည္း သိပ္ၿပီးထူးဆန္းတဲ့အရာမဟုတ္ပါဘူး။ ကြ်န္ေတာ့္ေက်ာင္းက ကေလးေတြ အားလံုးနီးပါး ကြ်န္ေတာ့္လိုမ်ိဳးျဖစ္ခ်င္ခဲ့တာပါ။
ေျပာရမယ္ဆိုရင္ တစ္ၿမိဳ႕လံုးမွာရွိတဲ့ ကေလးတိုင္းနီးပါးရဲ႕အိပ္မက္က ကြ်န္ေတာ္နဲ႔ထပ္တူပါပဲ။ ကြ်န္ေတာ့္ခံစားခ်က္ကို ျပန္ေျပာရမယ္ဆိုရင္ လူက ဖ်ားခ်င္သလို၊ နာခ်င္သလိုျဖစ္သြားပါတယ္။ ဒါေပမဲ့ ေနမေကာင္းျဖစ္သလိုမ်ိဳးမဟုတ္ဘဲ ေကာင္းမြန္တဲ့ ဖ်ားနာျခင္းမ်ိဳးပါ။ ဒီခံစားခ်က္ကို ဘယ္လိုေခၚသလဲဆိုတာမသိေပမယ့္ ကြ်န္ေတာ့္ဉာဥ္ထဲကလာတဲ့အတိုင္းေျပာရမယ္ဆိုရင္ အစြဲအလမ္းလို႔ပဲ ဆိုရပါမယ္။
အဲဒီအခ်ိန္ကတည္းက ကြ်န္ေတာ့္ရဲ႕ရည္မွန္းခ်က္ေတြနဲ႔ တြန္းအားေတြက ဟိုးအေဝးႀကီးကို ထြက္မသြားေတာ့ပါဘူး။ ကြ်န္ေတာ္ဟာ လီဗာပူးအသင္းရဲ႕ေလ့က်င့္ေရးအေဆာက္အဦျဖစ္တဲ့ မဲလ္ဝုဒ္စင္တာရဲ႕ ညာဘက္ျခမ္းေလာက္မွာရွိတဲ့ အိမ္မွာ အေဖရယ္၊ အေမရယ္၊ အစ္ကိုႏွစ္ေယာက္ရယ္တို႔နဲ႔အတူ ႀကီးျပင္းခဲ့တာပါ။ ငယ္ငယ္တုန္းကဆိုရင္ ကြ်န္ေတာ္တို႔ညီအစ္ကို ၃ ေယာက္သား တစ္ေယာက္နဲ႔ တစ္ေယာက္ မတည့္တာေတြ၊ အႀကိဳက္မတူတာေတြရွိေပမယ့္ လီဗာပူးေဘာလံုးအသင္းဆိုတဲ့ အခ်က္နဲ႔ပတ္သက္လို႔ကေတာ့ အၿမဲတမ္းတူညီေနခဲ့ပါတယ္။
ေလ့က်င့္ေရးကြင္းနဲ႔ နီးနီးေလးမွာရွိလို႔ ကြ်န္ေတာ္တို႔လည္း ကိုယ့္ရဲ႕သူရဲေကာင္းေတြကို ေန႔တိုင္းျမင္ေတြ႕ခြင့္ ရရွိခဲ့ပါတယ္။ အ႐ိုးသားဆံုးေျပာရရင္ ကြ်န္ေတာ္တို႔ညီအစ္ကိုေတြမွာ တျခားဝါသနာေတြမရွိခဲ့ပါဘူး။ ဒါက သိပ္မေကာင္းတာမွန္ေပမယ့္ တကယ့္လက္ေတြ႕ပါ။ ကြ်န္ေတာ္တို႔ဟာ ၂၄ နာရီ တစ္ပတ္လံုး စြဲလန္းျခင္းဥပဒါန္နဲ႔ပဲ ရွင္သန္ႀကီးျပင္းလာခဲ့တာပါ။ အေမကေတာ့ ေျပာပါတယ္။ သူ႕မ်က္စိေအာက္က အေပ်ာက္မခံေပမယ့္ သူလက္လွမ္းမီတဲ့ ဘယ္ေနရာမွာမဆို ကြ်န္ေတာ္တို႔ႀကိဳက္သေလာက္ ကစားလို႔ရတယ္လို႔ စည္းကမ္းထုတ္ထားတာပါ။