လီဗာပူး …လီဗာပူး…လီဗာပူး…အာနိုးလ်ရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၄)

Photo Credit

Photo Credit

ကျွန်တော့်အနေနဲ့ လီဗာပူးမှာကစားလာတာ ၁၂ နှစ်ရှိပြီဖြစ်သလို ဂျရတ်နဲ့လည်း တွေ့ခွင့်ရခဲ့ပြီ။ ကိုယ်ဖြစ်ချင်တဲ့အရာအများစုလည်း ဖြစ်လာခဲ့တာပါ။။ ဒါပေမဲ့ ကျွန်တော့်အင်္ကျီဂျာစီဝတ်ထားတဲ့ ကလေးတစ်ယောက်ကို အပြင်မှာတွေ့လိုက်ရတော့ ဖြစ်ပေါ်လာတဲ့ခံစားချက်ကို အတိအကျပြန်ရှင်းပြလို့တောင် မရတော့ပါဘူး။ လူတွေကတော့ ကျွန်တော်က အဲဒီကလေးမျိုြဖြစ်ခဲ့တယ်လို့ ပြောကြမှာသိပါတယ်။

Photo Credit

တကယ်လည်း ကျွန်တော်က အဲဒီကလေးမျိုးပါပဲ။ အိမ်ပြန်ရောက်တော့ အဖေနဲ့ အမေကို မြို့ထဲမှာ တွေ့ခဲ့တ့အဲဒီကလေးနဲ့ပတ်သက်လို့ ပြန်ပြောခဲ့ပါတယ်။ ကျောနံပါတ် ၆၆ ဂျာစီ ဝတ်ဆင်ထားတဲ့ကလေးငယ်လေးတစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာ ကျွန်တော့်အတွက် အရာအားလုံးက အဓိပ္ပာယ်ရှိသွားသလိုပါပဲ။ ဘယ်သူမဆို ကျွန်တော်အင်္ကျီဂျာစီပိုင်ဆိုင်သလို လီဗာပူးအသင်းဝတ်စုံကလည်းရှိနေမှာပါ။

Photo Credit

အဲဒီတော့ သူတို့အပေါ်မှာ ကျွန်တော်အကြွေးတင်သွားပြီပေါ့။ သူတို့ကို ကျွန်တော့်ရဲ့အကောင်းဆုံးခြေစွမ်းနဲ့ အကြွေးပြန်ဆပ်ရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကလည်း သူတို့ထဲက တစ်ယောက်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံးက မိသားစုဝင်တွေလေ။ ဒါက ကျွန်တော်တို့နည်းပြကြီး ချမှတ်ထားတဲ့ လမ်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။ လူအများစုကတော့ ဂျာဂင်ကလော့ပ် ဘာတွေလုပ်နေတယ်၊ ဘာတွေတွေးနေသလဲ ဆိုပြီး မြင်နေ၊ ကြားနေရပေမယ့် သူတို့ အရာအားလုံးတော့ သိမြင်နေတာမဟုတ်ပါဘူး။

Photo Credit

ကျွန်တော်တို့အသင်းကစားတဲ့ အမြန်နှုန်း၊ မရပ်မနား၊ မဆုတ်မနစ်ကစားဟန်၊ အလုပ်ကြိုးစားမှုတွေအားလုံးက သူနဲ့ သူ့နည်းပြအဖွဲ့တွေ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းယူဆောင်လာတဲ့အရာတွေဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တခြားနည်းလမ်းလည်းမရှိပါဘူး။ တခြားနည်းပြတွေနဲ့ ကလော့ပ်ကြားကွာဟချက်က တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ။

Photo Credit

ကျွန်တော်တို့ ကစားနေတာက ပရိသတ်တွေအတွက်ဆိုတာ သေချာအောင် သူကလုပ်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ကစားပုံ၊ စံနှုန်းတွေက အန်ဖီးလ်ပရိသတ်တွေ လိုချင်တဲ့အတိုင်းပါပဲ။ ဒါကလည်း ကလေးဘဝတုန်းက ကျွန်တော်ကြည့်ချင်ခဲ့တဲ့ပုံစံအတိုင်းပါပဲ။ အဲဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့အသင်းဟာ တကယ့်ကို ခိုင်မာလွန်းတဲ့ စည်းလုံးညီညွတ်မှုပြသနိုင်ခဲ့တာပါ။

Photo Credit

အဲဒီအတွက်ကြောင့် နူးကမ့်မှာ ဘာစီလိုနာကို ၃ ဂိုးပြတ်အရေးနိမ့်တော့ အဲဒီရှုံးပွဲနဲ့ပတ်သက်လို့ ကျွန်တော်တို့အားလုံး လိုအပ်တာထက်ပိုပြီး ရေးကြီးခွင်ကျယ်မလုပ်ခဲ့တာပါ။ (ကျွန်တော် နောက်နေတာနော်။ အဲဒီတုန်းက တကယ့်ကိုဖိအားများခဲ့တာပါ။) ဒါပေမဲ့ ကျွန်တော်ပြောဖို့ ကြိုးစားနေတဲ့အရာက အသင်းသားအားလုံး ယုံကြည်နေဆဲဆိုတဲ့အချက်ပါပဲ။

Photo Credit

အန်ဖီးလ်က တကယ့်ကို ခံတပ်ကြီးတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးနဲ့ ပရိသတ်တွေကြားတည်ဆောကထာ်းတဲ့ စည်းလုံးညီညွတ်မှုကြောင့်ပါ။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဂီနီ(ဝစ်ချ်နယ်ဒန်)လူစားဝင်လာပြီး ဘာစီလိုနာဘက် ၂ ဂိုးသွင်းယူပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့အနိုင်ရတော့မယ်ဆိုတာ အလိုလိုသိလာပါတယ်။ အဲဒီခံစားချက်ကို လေထဲကနေတောင် ကြားနေရပါတယ်။

Photo Credit

အဲဒီမှာ လူတွေက အိုရီဂီအတွက် ကျွန်တော်ဖန်တီးပေးခဲ့တဲ့ ထောင့်ကန်ဘောအကြောင်းပဲ ပြောခဲ့ပါတယ်။ သူတို့က တကယ့်ကိုရူးသွပ်စရာကောင်းတဲ့ပံြပြင်တစ်ပုဒ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ပြောရဲပါတယ်။ ဒါပေမဲ့ အမှန်ပြောရရင်တော့ အဲဒီထောင့်ကန်ဘောက ကျွန်တော်တို့ရဲ့စိတ်ဓာတ်စုစည်းမှုကနေ ထွက်ပေါ်လာတာပါ။ ကျွန်တော်တို့ဟာ အဲဒီလိုထောင့်ကန်ဘောမျိုး လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း၊ အချိန်တိုင်း လေ့ကျင့်ခဲ့တာပါ။

Photo Credit

တခြားနည်းလမ်းတော့ ဘာမှမရှိပါဘူး။ ကျွန်တော့်ရဲ့ထောင့်ကန်ဘောကနေ အိုရီဂီသွင်းသွားတဲ့ အဆုံးအဖြတ်ဂိုးရဲ့ တစ်ခုတည်းသောလျှို့ဝှက်ချက်ကတော့ အိုရီဂီပါပဲ။ အိုရီဂီက ဘောလုံးလာရာလမ်းကြောင်းကို ကွက်တိမှန်းနိုင်ခဲ့တာဖြစ်ပြီး အဲဒီအတွက်ကြောင့်လည်း သူက အသာအယာပဲ ပိတ်သွင်းနိုင်ခဲ့တာပါ။ ပွဲသိမ်းခရာမှုတ်အပြီးမှာတော့ ကျွန်တော်တို့လည်း ကွင်းထဲမှာ အရူးအမူးအောင်ပွဲခံခဲ့ပါတယ်။

Photo Credit

ကျွန်တော့်အတွက်တော့ ဘောလုံးကွင်းထဲမှာကြုံတွေ့ရတဲ့ အကောင်းဆုံးသောကာလပါပဲ။ အဲဒီမှာ ပရိသတ်တွေကလည်း ”You’ll Never Walk Alone”ဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုခဲ့ကြပါတယ်။ ကျွန်တော့်အတွက်တော့ သံသရာတစ်ပတ်လည်တယ်လို့ပဲ ဆိုရပါမယ်။ ၆ နှစ်သားအရွယ်မှာ ကျွန်တော့်ရဲ့ဘဝကို ပြောင်းလဲစေခဲ့တဲ့သီချင်းက ကျွန်တော်အခုလက်ရှိဘောလုံးကွင်းထဲမှာ ကြုံတွေ့ခဲ့ရသမျှ အကောင်းဆုံးကာလရဲ့သီချင်းနဲ့ အတူတူဖြစ်နေပါတယ်။

Photo Credit

Zawgyi

လီဗာပူး …လီဗာပူး…လီဗာပူး…
အာႏုိးလ္ရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၄)

ကြ်န္ေတာ့္အေနနဲ႔ လီဗာပူးမွာကစားလာတာ ၁၂ ႏွစ္ရွိၿပီျဖစ္သလို ဂ်ရတ္နဲ႔လည္း ေတြ႕ခြင့္ရခဲ့ၿပီ။ ကုိယ္ျဖစ္ခ်င္တဲ့အရာအမ်ားစုလည္း ျဖစ္လာခဲ့တာပါ။။ ဒါေပမဲ့ ကြ်န္ေတာ့္အက်ႌဂ်ာစီဝတ္ထားတဲ့ ကေလးတစ္ေယာက္ကို အျပင္မွာေတြ႕လိုက္ရေတာ့ ျဖစ္ေပၚလာတဲ့ခံစားခ်က္ကို အတိအက်ျပန္ရွင္းျပလို႔ေတာင္ မရေတာ့ပါဘူး။ လူေတြကေတာ့ ကြ်န္ေတာ္က အဲဒီကေလးမ်ိဳျႁဖစ္ခဲ့တယ္လို႔ ေျပာၾကမွာသိပါတယ္။
တကယ္လည္း ကြ်န္ေတာ္က အဲဒီကေလးမ်ိဳးပါပဲ။ အိမ္ျပန္ေရာက္ေတာ့ အေဖနဲ႔ အေမကို ၿမိဳ႕ထဲမွာ ေတြ႕ခဲ့တ့အဲဒီကေလးနဲ႔ပတ္သက္လို႔ ျပန္ေျပာခဲ့ပါတယ္။ ေက်ာနံပါတ္ ၆၆ ဂ်ာစီ ၀တ္ဆင္ထားတ့ဲကေလးငယ္ေလးတစ္ေယာက္ကို ေတြ႕လိုက္ရတဲ့အခ်ိန္မွာ ကြ်န္ေတာ့္အတြက္ အရာအားလံုးက အဓိပၸာယ္ရွိသြားသလိုပါပဲ။ ဘယ္သူမဆုိ ကၽြန္ေတာ္အက်ႌဂ်ာစီပိုင္ဆုိင္သလို လီဗာပူးအသင္းဝတ္စုံကလည္းရွိေနမွာပါ။
အဲဒီေတာ့ သူတုိ႔အေပၚမွာ ကၽြန္ေတာ္အေႂကြးတင္သြားၿပီေပါ့။ သူတို႔ကို ကြ်န္ေတာ့္ရဲ႕အေကာင္းဆံုးေျခစြမ္းနဲ႔ အေႂကြးျပန္ဆပ္ရေတာ့မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္ေတာ္ကလည္း သူတို႔ထဲက တစ္ေယာက္ျဖစ္လို႔ပါ။ ကြ်န္ေတာ္တို႔အားလံုးက မိသားစုဝင္ေတြေလ။ ဒါက ကၽြန္ေတာ္တို႔နည္းျပႀကီး ခ်မွတ္ထားတဲ့ လမ္းစဥ္တစ္ခုလည္းျဖစ္ပါတယ္။ လူအမ်ားစုကေတာ့ ဂ်ာဂင္ကေလာ့ပ္ ဘာေတြလုပ္ေနတယ္၊ ဘာေတြေတြးေနသလဲ ဆိုၿပီး ျမင္ေန၊ ၾကားေနရေပမယ့္ သူတို႔ အရာအားလံုးေတာ့ သိျမင္ေနတာမဟုတ္ပါဘူး။
ကြ်န္ေတာ္တို႔အသင္းကစားတဲ့ အျမန္ႏႈန္း၊ မရပ္မနား၊ မဆုတ္မနစ္ကစားဟန္၊ အလုပ္ႀကိဳးစားမႈေတြအားလံုးက သူနဲ႔ သူ႕နည္းျပအဖြဲ႕ေတြ ေလ့က်င့္ေရးကြင္းမွာ ေန႔တိုင္းယူေဆာင္လာတဲ့အရာေတြျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔မွာ တျခားနည္းလမ္းလည္းမရွိပါဘူး။ တျခားနည္းျပေတြနဲ႔ ကေလာ့ပ္ၾကားကြာဟခ်က္က တကယ့္ကို ႐ိုး႐ိုးရွင္းရွင္းေလးပါပဲ။
ကြ်န္ေတာ္တို႔ ကစားေနတာက ပရိသတ္ေတြအတြက္ဆိုတာ ေသခ်ာေအာင္ သူကလုပ္ေဆာင္ေပးခဲ့ပါတယ္။ ကြ်န္ေတာ္တို႔အသင္းရဲ႕ကစားပုံ၊ စံႏႈန္းေတြက အန္ဖီးလ္ပရိသတ္ေတြ လိုခ်င္တဲ့အတိုင္းပါပဲ။ ဒါကလည္း ကေလးဘဝတုန္းက ကြ်န္ေတာ္ၾကည့္ခ်င္ခဲ့တဲ့ပံုစံအတိုင္းပါပဲ။ အဲဒီအတြက္ေၾကာင့္ပဲ ကြ်န္ေတာ္တို႔အသင္းဟာ တကယ့္ကို ခုိင္မာလြန္းတ့ဲ စည္းလုံးညီညြတ္မႈျပသႏိုင္ခဲ့တာပါ။
အဲဒီအတြက္ေၾကာင့္ ႏူးကမ့္မွာ ဘာစီလိုနာကို ၃ ဂိုးျပတ္အေရးနိမ့္ေတာ့ အဲဒီ႐ံႈးပြဲနဲ႔ပတ္သက္လို႔ ကြ်န္ေတာ္တို႔အားလုံး လိုအပ္တာထက္ပိုၿပီး ေရးႀကီးခြင္က်ယ္မလုပ္ခဲ့တာပါ။ (ကြ်န္ေတာ္ ေနာက္ေနတာေနာ္။ အဲဒီတုန္းက တကယ့္ကိုဖိအားမ်ားခဲ့တာပါ။) ဒါေပမဲ့ ကၽြန္ေတာ္ေျပာဖုိ႔ ႀကိဳးစားေနတဲ့အရာက အသင္းသားအားလံုး ယံုၾကည္ေနဆဲဆိုတဲ့အခ်က္ပါပဲ။
အန္ဖီးလ္က တကယ့္ကို ခံတပ္ႀကီးတစ္ခုပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ လီဗာပူးနဲ႔ ပရိသတ္ေတြၾကားတည္ေဆာကထာ္းတဲ့ စည္းလံုးညီညြတ္မႈေၾကာင့္ပါ။ ကြ်န္ေတာ့္အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ဂီနီ(ဝစ္ခ်္နယ္ဒန္)လူစားဝင္လာၿပီး ဘာစီလိုနာဘက္ ၂ ဂိုးသြင္းယူၿပီးတဲ့အခ်ိန္မွာေတာ့ ကြ်န္ေတာ္တို႔အႏိုင္ရေတာ့မယ္ဆိုတာ အလိုလိုသိလာပါတယ္။ အဲဒီခံစားခ်က္ကို ေလထဲကေနေတာင္ ၾကားေနရပါတယ္။
အဲဒီမွာ လူေတြက အိုရီဂီအတြက္ ကြ်န္ေတာ္ဖန္တီးေပးခဲ့တဲ့ ေထာင့္ကန္ေဘာအေၾကာင္းပဲ ေျပာခဲ့ပါတယ္။ သူတို႔က တကယ့္ကို႐ူးသြပ္စရာေကာင္းတဲ့ပံျႁပင္တစ္ပုဒ္ျဖစ္လိမ့္မယ္လို႔ ကြ်န္ေတာ္ေျပာရဲပါတယ္။ ဒါေပမဲ့ အမွန္ေျပာရရင္ေတာ့ အဲဒီေထာင့္ကန္ေဘာက ကြ်န္ေတာ္တို႔ရဲ႕စိတ္ဓာတ္စုစည္းမႈကေန ထြက္ေပၚလာတာပါ။ ကြ်န္ေတာ္တို႔ဟာ အဲဒီလိုေထာင့္ကန္ေဘာမ်ိဳး ေလ့က်င့္ေရးကြင္းမွာ ေန႔တိုင္း၊ အခ်ိန္တိုင္း ေလ့က်င့္ခဲ့တာပါ။
တျခားနည္းလမ္းေတာ့ ဘာမွမရွိပါဘူး။ ကြ်န္ေတာ့္ရဲ႕ေထာင့္ကန္ေဘာကေန အိုရီဂီသြင္းသြားတဲ့ အဆံုးအျဖတ္ဂိုးရဲ႕ တစ္ခုတည္းေသာလွ်ိဳ႕ဝွက္ခ်က္ကေတာ့ အိုရီဂီပါပဲ။ အိုရီဂီက ေဘာလံုးလာရာလမ္းေၾကာင္းကို ကြက္တိမွန္းႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအတြက္ေၾကာင့္လည္း သူက အသာအယာပဲ ပိတ္သြင္းႏိုင္ခဲ့တာပါ။ ပြဲသိမ္းခရာမႈတ္အၿပီးမွာေတာ့ ကြ်န္ေတာ္တို႔လည္း ကြင္းထဲမွာ အ႐ူးအမူးေအာင္ပြဲခံခဲ့ပါတယ္။
ကြ်န္ေတာ့္အတြက္ေတာ့ ေဘာလံုးကြင္းထဲမွာႀကံဳေတြ႕ရတဲ့ အေကာင္းဆံုးေသာကာလပါပဲ။ အဲဒီမွာ ပရိသတ္ေတြကလည္း ”You’ll Never Walk Alone”ဆိုတဲ့ သီခ်င္းကို သံၿပိဳင္သီဆိုခဲ့ၾကပါတယ္။ ကြ်န္ေတာ့္အတြက္ေတာ့ သံသရာတစ္ပတ္လည္တယ္လို႔ပဲ ဆိုရပါမယ္။ ၆ ႏွစ္သားအရြယ္မွာ ကြ်န္ေတာ့္ရဲ႕ဘဝကို ေျပာင္းလဲေစခဲ့တဲ့သီခ်င္းက ကြ်န္ေတာ္အခုလက္ရွိေဘာလံုးကြင္းထဲမွာ ႀကံဳေတြ႕ခဲ့ရသမွ် အေကာင္းဆံုးကာလရဲ႕သီခ်င္းနဲ႔ အတူတူျဖစ္ေနပါတယ္။