လီဗာပူး …လီဗာပူး…လီဗာပူး…အာနိုးလ်ရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၃)

Photo Credit

Photo Credit

ဘာဖြစ်လို့လဲဆိုတော့ စစ်တုရင်အားကစားနည်းက ဘောလုံးအားကစားနည်းလိုပဲ တူညီတဲ့ မဟာဗျူဟာတွေ၊ နိုင်လိုစိတ်ပြင်းပြတာတွေ အတူတူပါပဲ။ ပြောရရင် ကျွန်တော့်အစ်ကိုတွေက ညီအစ်ကိုရင်းတွေသာမက အခင်ဆုံးသူငယ်ချင်းတွေအဖြစ်ပါ ရှိခဲ့ပါတယ်။ အသက်နည်းနည်းကြီးလာတော့ ကျွန်တော်လည်း လီဗာပူးအကယ်ဒမီကို ရောက်သွားပါတယ်။ တေလာနဲ့ မာဆယ်တို့ကတော့ ကျွန်တော့်အတွက် သူတို့ရဲ့အိပ်မက်တွေကို စွန့်လွှတ်အနစ်နာခံခဲ့ပါတယ်။

Photo Credit

ကလေးဘဝတုန်းကတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာရေးက ကျွန်တော့်အတွက် ပိုဖြစ်နိုင်ခြေရှိတယ်လို့ အားလုံးထင်မှတ်ခဲ့ပုံရပါတယ်။ ကျွန်တော့်မိဘတွေလည်း ပါပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက ကလေးတစ်ယောက်အတွက် နားလည်ဖို့ ခက်ပါတယ်။ ကျွန်တော် အကယ်ဒမီမှာ ပါဝင်ခွင့်ရတော့မှာဖြစ်လို့ အမေလည်း ရက်သတ္တပတ်အကုန်ရက်တွေမှာ ဘောလုံးပွဲလိုက်မပို့နိုင်ခဲ့ပါဘူး။ ဒါက တကယ့်ကို လက်ခံရခက်ပါတယ်။

Photo Credit

တစ်ချိန်တည်းမှာပဲ အစ်ကိုတွေအတွက် ဂုဏ်ယူစိတ်ကလည်း အလိုလိုရောက်လာပါတယ်။ ကျွန်တော်လှမ်းခဲ့တဲ့အဆင့်တိုင်းက ကျွန်တော်တို့ညီအစ်ကိုတွေလှမ်းခဲ့သလိုပါပဲ။ ကျွန်တော်ရခဲ့တဲ့ပွဲထွက်ခွင့်တွေ၊ အတွေ့အကြုံတွေအားလုံးက ကျွန်တော်တို့ရရှိခဲ့တဲ့အရာတွေပါ။ ကျွန်တော့်အတွက် အံ့အားသင့်စရာအကောင်းဆုံးအတွေ့အကြုံတစ်ခုက ၁၆ နှစ် သားအရွယ်မှာဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂျရတ်က နည်းပြလောကထဲဝင်ဖို့ ကြိုးစားနေချိန်ဖြစ်ပြီး အကယ်ဒမီကိုလာကာ ကျွန်တော်တို့ကို လေ့ကျင့်ခန်းအစီအစဉ်တချို့ ဦးဆောင်လုပ်ဖို့ ပြသခဲ့ပါတယ်။

Photo Credit

ဂျရတ်ရဲ့ ပံ့ပိုးလမ်းညွှန်မှုတွေ ဘယ်လောက်ကောင်းကြောင်း ပြန်ပြောပြဖို့တောင် လိုမယ်မထင်ပါဘူး။ ကျွန်တော်လည်း လီဗာပူးမြို့သားပဲကိုး။ ကျွန်တော်တို့ ပန်းခြံအပြင်ဘက်မှာ ကစားနေတုန်း ဂျရတ်ကိုတွေ့မြင်ရဖို့ ညီအစ်ကိုတွေ ဘယ်နှခါလောက် ကြိုးစားခဲ့သလဲဆိုတာတောင် အတိအကျမမှတ်မိတော့ပါဘူး။ ”လှပလွန်းတဲ့ ခေါင်းတိုက်ချက်ပဲ” ဂျရတ်ရဲ့ခေါင်းတိုက်ဂိုးကြောင့် အားလုံးရဲ့ လက်တွေ လေထဲရောက်သွားပါတယ်။

Photo Credit

သူက ဂိုးလည်းသွင်းပြီးရော ပရိသတ်တွေရှေ့ အပြေးလာပြီး ဒူးထောက်အောင်ပွဲခံသွားခဲ့ပါတယ်။ အဲဒီလိုကစားသမားမျိုးကို လေ့ကျင့်ရေးကွင်းမှာ အတူလေ့ကျင့်ခွင့်ရတော့ ကျွန်တော့်အတွက်တော့ တကယ့်ကို အိပ်မက်တစ်ခုလက်တွေ့ဖြစ်လာသလိုပါပဲ။ သူ့ကိုတော့ စကားတွေသိပ်မပြောဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရိုးသားဆုံးပြောရရင် သူ့ကိြကြည့်နေတာနဲ့ပဲ တစ်ကိုယ်လုံး ရင်တွေပန်းတွေ တုန်နေလို့ပါ။

Photo Credit

ဒါပေမဲ့ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုပြီးသွားချိန်မှာတောင် သူက ပြန်မသွားသေးဘဲ ကျွန်တော်တို့ကို ဆက်ပြီးလေ့ကျင့်ပေးခဲ့ပါတယ်။ အဓိကကတော့ အဝေးပေးပို့မှုတွေပါ။ ကျွန်တာ်ကိုယ်တိုင်လည်း အဲဒီလို ညာတောင်ပံကနေ ဘယ်တောင်ပံ၊ ဘယ်တောင်ပံကနေ ညာတောင်ပံကို အဝေးဘောပေးပို့မှုတွေနဲ့ Wing Change ကစားရတာကို သဘောကျသူပါ။ အဲဒီတော့ ဂျရတ်လေ့ကျင့်ပြသပေးတာကို သေသေချာချာ အနီးကပ်ကြည့်ရှုလေ့လာပြီး အဲဒီနောက် သူ့ပုံစံအတိုင်း လေ့ကျင့်တော့တာပါပဲ။

Photo Credit

သူနဲ့ပတ်သက်လို့ ကျွန်တော်သတိထားမိတာတစ်ခုကတော့ ဂျရတ်ဟာ သူ့ကိုယ်သူ အမြင့်ဆုံးသယ်ဆောင်နိုင်တဲ့အချက်ပါပဲ။ ကျွန်တော်တို့ကလေးတွေအားလုံးက လီဗာပူးမြို့သားတွေဖြစ်လို့ အကယ်ဒမီမှာ ကစားသမားတွေက အသက်သိပ်ပြီးမကွာကြပါဘူး။ ဒါပေမဲ့ အကောင်နည်းနည်းသေးတဲ့တစ်ယောက်တော့ရှိပါတယ်။ အကယ်ဒမီမှာ အရာအားလုံးက မိသားစုဆန်လွန်းပြီး ဒီအချက်က ကျွန်တော့်ကိုယ်ခန္ဓာထဲ ရိုက်သွင်းလိုက်သလိုဖြစ်ခဲ့ပါတယ်။

Photo Credit

နှစ်အနည်းငယ်ကြာတော့ ကျွန်တော်လည်း ပထမအသင်းကြီးထဲ ရောက်လာပါတယ်။ ပွဲအများကြီးတော့ ကစားခွင့်မရရှိသေးပါဘူး။ အဲဒီချိန်မှာ မြို့ထဲခဏလှည့်လည်သွားလာနေတုန်း မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘောလုံးပွဲနားတဲ့တစ်ရက် မြို့လယ်မှာ ကျွန်တော်ရှိနေတုန်း လီဗာပူးအင်္ကျီဝတ်ထားတဲ့ကလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။

Photo Credit

၁၀ နှစ်လောက်ပဲရှိဦးမယ်ထင်တယ်။ သူက နည်းနည်းလှမ်းနေတော့ အဲဒီလောက်ပဲ ကျွန်တော်သိပါတယ်။ အဲဒီနောက် သူက ကျွန်တော်တို့နားရောက်လာပါတယ်။ ကျွန်တော်လည်း ထူးခြားတာတစ်ခုတွေ့လိုက်ပါတယ။် ကျောနံပါတ် ၆၆ ပါ။ သူဝတ်ထားတဲ့အင်္ကျီရဲ့နောက်ကျောဘက်မှာ အလက်ဇန္ဒားအာနိုးလ်ဆိုတဲ့နာမည်လည်း ရေးထိုးထားပါတယ်။ ပြောရရင် ကျွန်တော့်အင်္ကျီဂျာစီ ဝတ်ထားတာပါ။

Photo Credit

Zawgyi

လီဗာပူး …လီဗာပူး…လီဗာပူး…
အာႏုိးလ္ရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၃)

ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တုရင္အားကစားနည္းက ေဘာလံုးအားကစားနည္းလိုပဲ တူညီတဲ့ မဟာဗ်ဴဟာေတြ၊ ႏိုင္လိုစိတ္ျပင္းျပတာေတြ အတူတူပါပဲ။ ေျပာရရင္ ကြ်န္ေတာ့္အစ္ကိုေတြက ညီအစ္ကိုရင္းေတြသာမက အခင္ဆံုးသူငယ္ခ်င္းေတြအျဖစ္ပါ ရွိခဲ့ပါတယ္။ အသက္နည္းနည္းႀကီးလာေတာ့ ကြ်န္ေတာ္လည္း လီဗာပူးအကယ္ဒမီကို ေရာက္သြားပါတယ္။ ေတလာနဲ႔ မာဆယ္တို႔ကေတာ့ ကြ်န္ေတာ့္အတြက္ သူတို႔ရဲ႕အိပ္မက္ေတြကို စြန္႔လႊတ္အနစ္နာခံခဲ့ပါတယ္။
ကေလးဘဝတုန္းကေတာ့ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားျဖစ္လာေရးက ကြ်န္ေတာ့္အတြက္ ပိုျဖစ္ႏိုင္ေျခရွိတယ္လို႔ အားလံုးထင္မွတ္ခဲ့ပံုရပါတယ္။ ကြ်န္ေတာ့္မိဘေတြလည္း ပါပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးက ကေလးတစ္ေယာက္အတြက္ နားလည္ဖို႔ ခက္ပါတယ္။ ကြ်န္ေတာ္ အကယ္ဒမီမွာ ပါဝင္ခြင့္ရေတာ့မွာျဖစ္လို႔ အေမလည္း ရက္သတၲပတ္အကုန္ရက္ေတြမွာ ေဘာလုံးပဲြလုိက္မပို႔ႏိုင္ခဲ့ပါဘူး။ ဒါက တကယ့္ကို လက္ခံရခက္ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ အစ္ကိုေတြအတြက္ ဂုဏ္ယူစိတ္ကလည္း အလိုလိုေရာက္လာပါတယ္။ ကြ်န္ေတာ္လွမ္းခဲ့တဲ့အဆင့္တိုင္းက ကြ်န္ေတာ္တို႔ညီအစ္ကိုေတြလွမ္းခဲ့သလိုပါပဲ။ ကြ်န္ေတာ္ရခဲ့တဲ့ပြဲထြက္ခြင့္ေတြ၊ အေတြ႕အႀကံဳေတြအားလံုးက ကြ်န္ေတာ္တို႔ရရွိခဲ့တဲ့အရာေတြပါ။ ကြ်န္ေတာ့္အတြက္ အံ့အားသင့္စရာအေကာင္းဆံုးအေတြ႕အႀကံဳတစ္ခုက ၁၆ ႏွစ္ သားအရြယ္မွာျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဂ်ရတ္က နည္းျပေလာကထဲဝင္ဖို႔ ႀကိဳးစားေနခ်ိန္ျဖစ္ၿပီး အကယ္ဒမီကိုလာကာ ကြ်န္ေတာ္တို႔ကို ေလ့က်င့္ခန္းအစီအစဥ္တခ်ိဳ႕ ဦးေဆာင္လုပ္ဖို႔ ျပသခဲ့ပါတယ္။
ဂ်ရတ္ရဲ႕ ပံ့ပိုးလမ္းၫႊန္မႈေတြ ဘယ္ေလာက္ေကာင္းေၾကာင္း ျပန္ေျပာျပဖို႔ေတာင္ လိုမယ္မထင္ပါဘူး။ ကြ်န္ေတာ္လည္း လီဗာပူးၿမိဳ႕သားပဲကိုး။ ကြ်န္ေတာ္တို႔ ပန္းၿခံအျပင္ဘက္မွာ ကစားေနတုန္း ဂ်ရတ္ကိုေတြ႕ျမင္ရဖို႔ ညီအစ္ကိုေတြ ဘယ္ႏွခါေလာက္ ႀကိဳးစားခဲ့သလဲဆိုတာေတာင္ အတိအက်မမွတ္မိေတာ့ပါဘူး။ ”လွပလြန္းတဲ့ ေခါင္းတိုက္ခ်က္ပဲ” ဂ်ရတ္ရဲ႕ေခါင္းတိုက္ဂိုးေၾကာင့္ အားလံုးရဲ႕ လက္ေတြ ေလထဲေရာက္သြားပါတယ္။
သူက ဂိုးလည္းသြင္းၿပီးေရာ ပရိသတ္ေတြေရွ႕ အေျပးလာၿပီး ဒူးေထာက္ေအာင္ပြဲခံသြားခဲ့ပါတယ္။ အဲဒီလိုကစားသမားမ်ိဳးကို ေလ့က်င့္ေရးကြင္းမွာ အတူေလ့က်င့္ခြင့္ရေတာ့ ကြ်န္ေတာ့္အတြက္ေတာ့ တကယ့္ကို အိပ္မက္တစ္ခုလက္ေတြ႕ျဖစ္လာသလိုပါပဲ။ သူ႕ကိုေတာ့ စကားေတြသိပ္မေျပာျဖစ္ခဲ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အ႐ိုးသားဆံုးေျပာရရင္ သူ႕ကိၾႂကည့္ေနတာနဲ႔ပဲ တစ္ကိုယ္လုံး ရင္ေတြပန္းေတြ တုန္ေနလို႔ပါ။
ဒါေပမဲ့ ေလ့က်င့္ခန္းအစီအစဥ္တစ္ခုၿပီးသြားခ်ိန္မွာေတာင္ သူက ျပန္မသြားေသးဘဲ ကြ်န္ေတာ္တို႔ကို ဆက္ၿပီးေလ့က်င့္ေပးခဲ့ပါတယ္။ အဓိကကေတာ့ အေဝးေပးပို႔မႈေတြပါ။ ကၽြန္တာ္ကုိယ္တိုင္လည္း အဲဒီလို ညာေတာင္ပံကေန ဘယ္ေတာင္ပံ၊ ဘယ္ေတာင္ပံကေန ညာေတာင္ပံကို အေဝးေဘာေပးပို႔မႈေတြနဲ႔ Wing Change ကစားရတာကို သေဘာက်သူပါ။ အဲဒီေတာ့ ဂ်ရတ္ေလ့က်င့္ျပသေပးတာကို ေသေသခ်ာခ်ာ အနီးကပ္ၾကည့္႐ႈေလ့လာၿပီး အဲဒီေနာက္ သူ႕ပံုစံအတိုင္း ေလ့က်င့္ေတာ့တာပါပဲ။
သူနဲ႔ပတ္သက္လို႔ ကြ်န္ေတာ္သတိထားမိတာတစ္ခုကေတာ့ ဂ်ရတ္ဟာ သူ႔ကိုယ္သူ အျမင့္ဆံုးသယ္ေဆာင္ႏိုင္တဲ့အခ်က္ပါပဲ။ ကြ်န္ေတာ္တို႔ကေလးေတြအားလံုးက လီဗာပူးၿမိဳ႕သားေတြျဖစ္လုိ႔ အကယ္ဒမီမွာ ကစားသမားေတြက အသက္သိပ္ၿပီးမကြာၾကပါဘူး။ ဒါေပမဲ့ အေကာင္နည္းနည္းေသးတဲ့တစ္ေယာက္ေတာ့ရွိပါတယ္။ အကယ္ဒမီမွာ အရာအားလံုးက မိသားစုဆန္လြန္းၿပီး ဒီအခ်က္က ကြ်န္ေတာ့္ကိုယ္ခႏၶာထဲ ႐ိုက္သြင္းလိုက္သလိုျဖစ္ခဲ့ပါတယ္။
ႏွစ္အနည္းငယ္ၾကာေတာ့ ကြ်န္ေတာ္လည္း ပထမအသင္းႀကီးထဲ ေရာက္လာပါတယ္။ ပြဲအမ်ားႀကီးေတာ့ ကစားခြင့္မရရွိေသးပါဘူး။ အဲဒီခ်ိန္မွာ ၿမိဳ႕ထဲခဏလွည့္လည္သြားလာေနတုန္း မထင္မွတ္တဲ့ျဖစ္ရပ္တစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ေဘာလံုးပြဲနားတဲ့တစ္ရက္ ၿမိဳ႕လယ္မွာ ကြ်န္ေတာ္ရွိေနတုန္း လီဗာပူးအက်ႌဝတ္ထားတဲ့ကေလးတစ္ေယာက္ကို ေတြ႕လိုက္ပါတယ္။
၁၀ ႏွစ္ေလာက္ပဲရွိဦးမယ္ထင္တယ္။ သူက နည္းနည္းလွမ္းေနေတာ့ အဲဒီေလာက္ပဲ ကြ်န္ေတာ္သိပါတယ္။ အဲဒီေနာက္ သူက ကြ်န္ေတာ္တို႔နားေရာက္လာပါတယ္။ ကြ်န္ေတာ္လည္း ထူးျခားတာတစ္ခုေတြ႕လိုက္ပါတယ။္ ေက်ာနံပါတ္ ၆၆ ပါ။ သူ၀တ္ထားတဲ့အက်ႌရဲ႕ေနာက္ေက်ာဘက္မွာ အလက္ဇႏၵားအာႏုိးလ္ဆုိတ့ဲနာမည္လည္း ေရးထိုးထားပါတယ္။ ေျပာရရင္ ကြ်န္ေတာ့္အက်ႌဂ်ာစီ ဝတ္ထားတာပါ။