လီဗာပူး – ယူနိုက်တက်ပွဲကြည့်နေရလောက်အောင် အားနေတာမဟုတ်ဘူးလို့ ဂွါဒီယိုလာ ဖွင့်ဟ

Photo Credit

Photo Credit

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယူနိုက်တက်နဲ့ကစားရမယ့် လီဗာပူးအသင်းရဲ့ပွဲကို စောင့်ကြည့်ဖို့ စိတ်ဝင်စားခြင်းမရှိကြောင်းနဲ့ အဲဒီပွဲကို စောင့်ကြည့်မယ့်အစား ၄၈ နာရီအကြာမှာ ကစားရမယ့်မိမိတို့အသင်းရဲ့ပွဲအတွက်ပဲ ကြိုတင်ပြင်ဆင်ဖို့ အာရုံစိုက်ထားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

ပရီးမီးယားလိဂ်ချန်ပီယံ စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ တစ်ပွဲပို ၁၄ မှတ်အထိ ကွာဟနေပြီး ဂွါဒီယိုလာက ချန်ပီယံလုဘက်လီဗာပူးကို အမီလိုက်နိုင်ရေးက သဘာဝမကျတော့ကြောင်း ဝန်ခံထားပါတယ်။

Photo Credit

ယခုရာသီမှာ လီဗာပူးအသင်းဆီကနေ အမှတ်ယူနိုင်တဲ့အသင်းဆိုလို့ ယူနိုက်တက်တစ်သင်းတည်းသာ ရှိပေမယ့် စပိန်နိုင်ငံသား ဂွါဒီယိုလာကတော့ တနင်္ဂနွေနေ့မှာ လီဗာပူးရဲ့ပွဲထက် အင်္ဂါညမှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမယ့် မိမိတို့အသင်းရဲ့ပွဲအပေါ်သာ အာရုံစိုက်ထားမှာဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

”တကယ့်အမှန်တရားက ကျွန်တော်တို့အသင်းဟာ လီဗာပူးနဲ့အဝေးကြီးမှာရှိနေတာပါ။ ဒီအမှန်တရားကို ကျွန်တော်တို့လက်ခံပါတယ်။ သူတို့ဟာ ပွဲ ၂၀အထိ အနိုင်ရထားပြီး ပရီးမီးယားလိဂ်တစ်ခုတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးက လိဂ်အားလုံးမှာ ဦးဆောင်နေတာပါ”

Photo Credit

”ကျွန်တော်တို့ကတော့ အခုလက်ရှိ ဇာဟာ၊ အာယူးနဲ့ ပဲလေ့စ်တို့ကို အာရုံစိုက်ထားပြီး အဲဒီပွဲပြီးရင်တော့ အင်္ဂါနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ကစားရပါဦးမယ်။ ဒီလိုအခြေအနေမှာ လီဗာပူးရဲ့ပွဲကို စိတ်ဝင်တစားစောင့်ကြည့်ဖို့ အချိန်မရှိပါဘူး။ ပရီးမီးယားလိဂ်နဲ့ တခြားပြိုင်ပွဲတွေမှာ ကျွန်တော်တို့အသင်း ရာသီကုန်အထိ တိုးတက်နိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။


စီးတီးဟာ လီဗာပူးနဲ့ အမှတ်ကွာဟချက်ကြီးမားနေပေမယ့် ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲမှာ ၉ပွဲအထိ အနိုင်ရထားလို့ အသင်းသားတွေရဲ့ကွင်းတွင်းတုံ့ပြန်မှုအပေါ် ဂွါဒီယိုလာက အသိအမှတ်ပြုချီးကျူးသွားပါတယ်။ နောက်ပြီး ဂွါဒီယိုလာက မကြာသေးမီနှစ်တွေမှာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ဲတဲ့ လက်စတာနဲ့ ချဲလ်ဆီးတို့ ချန်ပီယံဖြစ်ပြီးနောက်နှစ်မှာ ထိပ်ဆုံး ၄သင်းစာရင်းပြင်ပ ရောက်ခဲ့ရတာကို ထောက်ပြပြီး သူတို့အသင်းအနေနဲ့ ချန်ပီယံဆုအတွက်တောင် ဆက်လက်တိုက်ပွဲဝင်နိုင်တယ်လို့ ဆိုပါတယ်။

Photo Credit

”ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေ နောက်နှစ် ဘာတွေဖြစ်ခဲ့လဲဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ သူတို့ဟာ နောက်နှစ်မှာ အဆင့် ၁၂၊ ၁၀ ဒါမှမဟုတ် အဆင့် ၅ပဲ ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကတော့ တိုက်ပွဲဝင်နေဆဲပါ။ အခုလိုအမှတ်ကွာဟလွန်းနေတာကလည်း ပြိုင်ဘက်က အရမ်းကောင်းနေလို့ပါ”လို့ ဂွါဒီယိုလာက ပြောပါတယ်။

Photo Credit

Zawgyi

လီဗာပူး – ယူႏုိက္တက္ပြဲၾကည့္ေနရေလာက္ေအာင္ အားေနတာမဟုတ္ဘူးလုိ႔ ဂြါဒီယိုလာ ဖြင့္ဟ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ယူႏုိက္တက္နဲ႔ကစားရမယ့္ လီဗာပူးအသင္းရဲ႕ပြဲကို ေစာင့္ၾကည့္ဖို႔ စိတ္၀င္စားျခင္းမရွိေၾကာင္းနဲ႔ အဲဒီပြဲကို ေစာင့္ၾကည့္မယ့္အစား ၄၈ နာရီအၾကာမွာ ကစားရမယ့္မိမိတုိ႔အသင္းရဲ႕ပြဲအတြက္ပဲ ႀကိဳတင္ျပင္ဆင္ဖုိ႔ အာ႐ုံစိုက္ထားမွာျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားလုိက္ပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံ စီးတီးဟာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ တစ္ပြဲပို ၁၄ မွတ္အထိ ကြာဟေနၿပီး ဂြါဒီယိုလာက ခ်န္ပီယံလုဘက္လီဗာပူးကို အမီလုိက္ႏိုင္ေရးက သဘာ၀မက်ေတာ့ေၾကာင္း ၀န္ခံထားပါတယ္။
ယခုရာသီမွာ လီဗာပူးအသင္းဆီကေန အမွတ္ယူႏုိင္တဲ့အသင္းဆိုလုိ႔ ယူႏုိက္တက္တစ္သင္းတည္းသာ ရွိေပမယ့္ စပိန္ႏုိင္ငံသား ဂြါဒီယိုလာကေတာ့ တနဂၤေႏြေန႔မွာ လီဗာပူးရဲ႕ပြဲထက္ အဂၤါညမွာ ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ ကစားရမယ့္ မိမိတုိ႔အသင္းရဲ႕ပြဲအေပၚသာ အာ႐ုံစိုက္ထားမွာျဖစ္ေၾကာင္း ဆုိပါတယ္။
”တကယ့္အမွန္တရားက ကၽြန္ေတာ္တုိ႔အသင္းဟာ လီဗာပူးနဲ႔အေ၀းႀကီးမွာရွိေနတာပါ။ ဒီအမွန္တရားကို ကၽြန္ေတာ္တုိ႔လက္ခံပါတယ္။ သူတုိ႔ဟာ ပြဲ ၂၀အထိ အႏိုင္ရထားၿပီး ပရီးမီးယားလိဂ္တစ္ခုတည္းမဟုတ္ဘဲ တစ္ကမၻာလုံးက လိဂ္အားလုံးမွာ ဦးေဆာင္ေနတာပါ”
”ကၽြန္ေတာ္တုိ႔ကေတာ့ အခုလက္ရွိ ဇာဟာ၊ အာယူးနဲ႔ ပဲေလ့စ္တုိ႔ကို အာ႐ုံစိုက္ထားၿပီး အဲဒီပြဲၿပီးရင္ေတာ့ အဂၤါေန႔မွာ ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ကစားရပါဦးမယ္။ ဒီလိုအေျခအေနမွာ လီဗာပူးရဲ႕ပြဲကို စိတ္၀င္တစားေစာင့္ၾကည့္ဖို႔ အခ်ိန္မရွိပါဘူး။ ပရီးမီးယားလိဂ္နဲ႔ တျခားၿပိဳင္ပြဲေတြမွာ ကၽြန္ေတာ္တုိ႔အသင္း ရာသီကုန္အထိ တိုးတက္ႏိုင္ဖို႔ပဲ အာ႐ုံစိုက္ထားပါတယ္”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။
စီးတီးဟာ လီဗာပူးနဲ႔ အမွတ္ကြာဟခ်က္ႀကီးမားေနေပမယ့္ ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၀ပြဲမွာ ၉ပြဲအထိ အႏိုင္ရထားလို႔ အသင္းသားေတြရဲ႕ကြင္းတြင္းတုံ႔ျပန္မႈအေပၚ ဂြါဒီယိုလာက အသိအမွတ္ျပဳခ်ီးက်ဴးသြားပါတယ္။
ေနာက္ၿပီး ဂြါဒီယိုလာက မၾကာေသးမီႏွစ္ေတြမွာ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ဲတဲ့ လက္စတာနဲ႔ ခ်ဲလ္ဆီးတို႔ ခ်န္ပီယံျဖစ္ၿပီးေနာက္ႏွစ္မွာ ထိပ္ဆုံး ၄သင္းစာရင္းျပင္ပ ေရာက္ခဲ့ရတာကို ေထာက္ျပၿပီး သူတို႔အသင္းအေနနဲ႔ ခ်န္ပီယံဆုအတြက္ေတာင္ ဆက္လက္တုိက္ပြဲ၀င္ႏုိင္တယ္လုိ႔ ဆုိပါတယ္။
”ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းေတြ ေနာက္ႏွစ္ ဘာေတြျဖစ္ခဲ့လဲဆုိတာ ခင္ဗ်ားတုိ႔လည္း သိမွာပါ။ သူတုိ႔ဟာ ေနာက္ႏွစ္မွာ အဆင့္ ၁၂၊ ၁၀ ဒါမွမဟုတ္ အဆင့္ ၅ပဲ ရခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အသင္းကေတာ့ တုိက္ပြဲ၀င္ေနဆဲပါ။ အခုလုိအမွတ္ကြာဟလြန္းေနတာကလည္း ၿပိဳင္ဘက္က အရမ္းေကာင္းေနလုိ႔ပါ”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။