လီဗာပူး-မန်စီးတီးတိုက်ပွဲမှ ထင်ကျန်ရစ်သော ခြေရာများ

PC ; Internet

အန်ဖီးလ်မှာ လက်ရှိချန်ပီယံမန်စီးတီးကို ၃-၁ဂိုးနဲ့အနိုင်ယူပြီး လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ခြေလှမ်းတစ်ရပ်၊တစ်နည်းအားဖြင့် အဆုံးအဖြတ်ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ပွဲလုံးအနေအထားအရ ဧည့်သည်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာရပေမယ့် သူတို့အခွင့်အရေးတွေကို အဆုံးသတ်ဖို့ငှာမစွမ်းဆောင်နိုင်ခဲ့ပါဘူး။အထူးသဖြင့် ကြိုးကြာနီတွေဟာ တန်ပြန်တိုက်စစ်နဲ့အတူ အကောင်းဆုံးအခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

PC ; Internet

ကွင်းဘေးစည်းမှာ ပက်ဂွါဒီယိုလာရဲ့အလိုမကျမှုတွေ၊စောဒကတက်မှုတွေ၊အငြင်းပွားစရာအခြေအနေတွေအားလုံးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။လီဗာပူးဟာ ၂၆ပွဲကစားဖို့ကျန်နေတဲ့အနေအထားမှာ ပြိုင်ဘက်တွေကို ၉မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ကနေ ဦးဆောင်နိုင်ခဲ့ပါပြီ။မိုးပြာရောင်တွေဟာ ဒီပွဲရလဒ်ကြောင့် လက်စတာ၊ချဲလ်ဆီးတို့နောက် အဆင့်-၄နေရာရောက်သွားခဲ့ရတယ်။ဒီလို ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်စေခဲ့တဲ့ လီဗာပူး-မန်စီးတီးတိုက်ပွဲက အရေးပါတဲ့အကြောင်းအရာ ၅ချက်ကို ဆွဲထုတ်တင်ပြရရင်တော့…..

PC ; Internet

ပထမဂိုး
ဒီဂိုးဟာ မန်စီးတီးနည်းပြဂွါဒီယိုလာကို ဒေါသမီးတွေဟုန်းဟုန်းတောက်လောင်စေခဲ့ပါတယ်။ဒီပွဲရဲ့ အကြီးမားဆုံးပြောစရာ အကြောင်းအရာလို့လည်းဆိုနိုင်ပါတယ်။ဖာဘင်ညိုရဲ့အံ့အားသင့်စရာကန်ချက်နဲ့ လီဗာပူး ဂိုးရမသွားခင် သူတို့ရဲ့ဂိုးဧရိယာထဲမှာ ဘာနာဒိုဆေးလ်ဗားရော၊အာနိုးပါ လက်ကို ဘောလုံးထိမှန်ခဲ့ကြပါတယ်။အငြင်းပွားစရာကောင်းတဲ့ဒီဂိုးကြောင့် အိမ်ရှင်အသင်းဟာ ပွဲကို စောစီးစွာ ဦးဆောင်ခွင့်ရသွားခဲ့တယ်။

PC ; Internet

ဒါပေမဲ့ အာနိုးလက်ထိဘောဖြစ်တာ မန်စီးတီးပင်နယ်တီမရဘူးလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာသလို ဒီဖြစ်ရပ်နဲ့တစ်ဆက်တည်းအချိန်မှာရသွားတဲ့လီဗာပူးရဲ့ဂိုးကို ခွင့်ပြုသင့်သလားဆိုတာ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။တကယ်လို့ VAR သာ လီဗာပူးရဲ့ဂိုးကို ခွင့်မပြုဘူးဆိုရင် မန်စီးတီးကို ပင်နယ်တီပေးရပါလိမ့်မယ်။ဒါပေမဲ့ VAR လူကြီးမင်းတွေက လီဗာပူးကို ဂိုးပေးသွားခဲ့ပါတယ်။

PC ; Internet

မန်စီးတီးရဲ့ဖြုန်းတီးမှု
ပုံမှန်အားဖြင့်တော့ မန်စီးတီးရှုံးရင် ဒါမှမဟုတ် သရေကျရင် ပြိုင်ဘက်တွေဟာ သူတို့ရဲ့ညက်ညက်လှပတဲ့ကစားဟန်ကို ထိန်းသိမ်းနိုင်တာ၊အခွင့်အရေးပေါင်းများစွာကို တားဆီးနိုင်ခဲ့တာလို့ အဓါပ္ပယ်ရပါလိမ့်မယ်။ဒီနေ့ပွဲမှာလည်း သူတို့ဟာ လီဗာပူးဂိုးပေါက်ကို ၁၈ကြိမ်ခြိမ်းခြောက်နိုင်ခဲ့တာပါ။ဒါပေမဲ့ ဂိုးပေါက်တည့်တာကတော့ ၃ကြိမ်သာရှိပါတယ်။ကစားဟန်ကောင်းနေဆဲဖြစ်ပေမယ့် အန်ဖီးလ်မှာ ဂိုးမရတဲ့ ကျိန်စာကနေ အဂူရိုမလွတ်မြောက်နိုင်သေးသလို စတာလင်းလည်း ဂိုးရှေ့ရောက်ရင် အချည်းနှီးဖြစ်နေခဲ့ပါတယ်။လက်ရှိချန်ပီယံဟာ သူတို့လုပ်နေကျ အကောင်းဆုံးဖန်တီးမှုမျိုးတွေကို မလုပ်နိုင်ခဲ့ပါဘူး။အထူးသဖြင့် ဒီဘရူနီအတွက် စိတ်ပျက်စရာည ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ မမောနိုင်မပန်းနိုင် ကြိုးစားဖန်တီးမှုတွေဟာ အရာမရောက်ခဲ့လို့ပါပဲ။

PC ; Internet

လက်တွေ့သမားလီဗာပူး
ဂျာဂင်ကလော့ပ်ရဲ့အသင်းကတော့ မန်စီးတီးနဲ့ဆန့်ကျင်ဘက်ပါ။သူတို့ဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၅ကြိမ်သာလုပ်နိုင်ခဲ့ပြီး ၃ဂိုးရအောင်ယူနိုင်ခဲ့ပါတယ်။သူတို့ရဲ့ထိရောက်တဲ့လက်နက်က တန်ပြန်တိုက်စစ်ပါ။ဒါပေမဲ့ အနည်းငယ်သောဖန်တီးမှုတွေကနေ စစ်မှန်တဲ့အခွင့်အရေးတွေရခဲ့ပါတယ်။သူတို့ရခဲ့တဲ့ ပထမဂိုးဟာ ဖန်တီးမှုကနေစစ်မှန်တဲ့အခွင့်အရေးမျိုးမဟုတ်ခဲ့ပေမယ့် ဖာဘင်ညိုရဲ့စူပါကန်ချက်ကို အသိအမှတ်ပြုရပါလိမ့်မယ်။ဒုတိယဂိုးကလည်း ရောဘတ်ဆန်ရဲ့လှပတဲ့ပေးပို့မှုကနေ ဆာလက်က အမှားအယွင်းမရှိ ခေါင်းတိုက်သွင်းပေးနိုင်ခဲ့တာပါ။ပရိသတ်တွေအတွက် ခြားနားတဲ့ကစားဟန်နဲ့ ထူးထူးခြားခြားပွဲမျိုးကို ခံစားခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

PC ; Internet

ဝှစ်နယ်ဒန်ဆွဲတဲ့ကြိုးများ
ဒီနေ့ပွဲမှာ နယ်သာလန်သားဟာ လီဗာပူးအင်ဂျင်ခန်းထဲက အကောင်းဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။သူဟာ မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့တစ်ကွင်းလုံးအနှံ့မှာ ရောက်နေခဲ့တာပါ။မှန်ကန်တဲ့နေရာကို အချိန်ကိုက်ရောက်လာပြီး ပြိုင်ဘက်ရဲ့တိုက်စစ်ကိုသတ်ပေးနိုင်ခြင်းအားဖြင့် သူ့အသင်းရဲ့ခံစစ်အပေါ်ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့တယ်။ဝှစ်နယ်ဒန်ရဲ့ အထူးချွန်ဆုံးအရည်အချင်းကတော့ ဘောလုံးကိုင်ကစားနိုင်တာပဲဖြစ်ပါတယ်။ဂန်ဒိုဂန်၊ရိုဒရီဂိုတို့နဲ့ရင်ဆိုင်ရာမှာ ဒါကိုသက်သေပြနိုင်ခဲ့သလို ဖာမီနို၊ဒါမှမဟုတ် မာနေးဆီ ဘောလုံးရောက်အောင်ပေးပို့နိုင်ခဲ့တယ်။လီဗာပူးရဲ့ကွင်းလယ်အဖျက်မှာ ဖာဘင်ညိုကချီးကျူးမှုအခံရဆုံးဖြစ်ခဲ့ပေမယ့် ဒီပွဲမှာတော့ ဝှစ်နယ်ဒန်ရဲ့အကူအညီတွေအများကြီးရခဲ့ပါတယ်။

PC ; Internet

အီဒါဆင်မပါတဲ့မန်စီးတီး
မန်စီးတီးဟာ ဂွါဒီယိုလာကို နည်းပြအဖြစ်စတင်ခန့်အပ်တဲ့ရာသီမှာ ချန်ပီယံမဖြစ်ခဲ့ပါဘူး။အရေးပါတဲ့ အကြောင်းပြချက်တစ်ခုကတော့ အီဒါဆင်လိုဂိုးသမားမျိုးရှိမနေလို့ပါပဲ။ဘရာဇီးဂိုးသမားရောက်လာတဲ့နောက်ပိုင်း မန်စီးတီးရဲ့ခံစစ်ပိုင်းဟာ အဆင့်တစ်ခုရောက်လာခဲ့တယ်။အီဒါဆင်ဟာလည်း ပြိုင်ဘက်ရဲ့အခွင့်အရေးတွေကို တားဆီးရာမှာ ဆရာတစ်ဆူဖြစ်လာခဲ့တယ်။ဘရာဗိုက သိပ်တော်တဲ့ဂိုးသမားတစ်ယောက်မဟုတ်ဘူးဆိုတာထက် အီဒါဆင်လို ပါရမီမျိုးရှိမနေတာဆိုရင်ပိုပြီးမျှတပါလိမ့်မယ်။ဒီနှစ်ယောက်ကြားခြားနားချက်တစ်ခုကို လီဗာပူးရသွားတဲ့ တတိယဂိုးကိုကြည့်ရင်မြင်နိုင်ပါတယ်။မာနေးရဲ့ခေါင်းတိုက်ချက်ကို သူ မသေမသပ်ပုတ်ထုတ်မှု၊အသေအချာမရှင်းနိုင်မှုကြောင့် လီဗာပူးဂိုးရသွားခဲ့တာပါ။

(zawgyi)

အန္ဖီးလ္မွာ လက္ရွိခ်န္ပီယံမန္စီးတီးကို ၃-၁ဂိုးနဲ႔အႏိုင္ယူၿပီး လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အေရးပါတဲ့ေျခလွမ္းတစ္ရပ္၊တစ္နည္းအားျဖင့္ အဆံုးအျဖတ္ေျခလွမ္းတစ္ရပ္ကို လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။တစ္ပြဲလံုးအေနအထားအရ ဧည့္သည္အသင္းက ေဘာလံုးပိုင္ဆိုင္မႈအသာရေပမယ့္ သူတို႔အခြင့္အေရးေတြကို အဆံုးသတ္ဖို႔ငွာမစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။အထူးသျဖင့္ ႀကိဳးၾကာနီေတြဟာ တန္ျပန္တိုက္စစ္နဲ႔အတူ အေကာင္းဆံုးအခြင့္အေရးေတြကို ဖန္တီးႏိုင္ခဲ့ပါတယ္။ကြင္းေဘးစည္းမွာ ပက္ဂြါဒီယိုလာရဲ႕အလိုမက်မႈေတြ၊ေစာဒကတက္မႈေတြ၊အျငင္းပြားစရာအေျခအေနေတြအားလံုးကေတာ့ ၿပီးဆံုးသြားခဲ့ပါၿပီ။လီဗာပူးဟာ ၂၆ပြဲကစားဖို႔က်န္ေနတဲ့အေနအထားမွာ ၿပိဳင္ဘက္ေတြကို ၉မွတ္ျဖတ္ၿပီး အမွတ္ေပးဇယားထိပ္ကေန ဦးေဆာင္ႏိုင္ခဲ့ပါၿပီ။မိုးျပာေရာင္ေတြဟာ ဒီပြဲရလဒ္ေၾကာင့္ လက္စတာ၊ခ်ဲလ္ဆီးတို႔ေနာက္ အဆင့္-၄ေနရာေရာက္သြားခဲ့ရတယ္။ဒီလို ႀကီးမားတဲ့အေျပာင္းအလဲေတြျဖစ္ေစခဲ့တဲ့ လီဗာပူး-မန္စီးတီးတိုက္ပြဲက အေရးပါတဲ့အေၾကာင္းအရာ ၅ခ်က္ကို ဆြဲထုတ္တင္ျပရရင္ေတာ့…..
ပထမဂိုး
ဒီဂိုးဟာ မန္စီးတီးနည္းျပဂြါဒီယိုလာကို ေဒါသမီးေတြဟုန္းဟုန္းေတာက္ေလာင္ေစခဲ့ပါတယ္။ဒီပြဲရဲ႕ အႀကီးမားဆံုးေျပာစရာ အေၾကာင္းအရာလို႔လည္းဆိုႏိုင္ပါတယ္။ဖာဘင္ညိဳရဲ႕အံ့အားသင့္စရာကန္ခ်က္နဲ႔ လီဗာပူး ဂိုးရမသြားခင္ သူတို႔ရဲ႕ဂိုးဧရိယာထဲမွာ ဘာနာဒိုေဆးလ္ဗားေရာ၊အာႏိုးပါ လက္ကို ေဘာလံုးထိမွန္ခဲ့ၾကပါတယ္။အျငင္းပြားစရာေကာင္းတဲ့ဒီဂိုးေၾကာင့္ အိမ္ရွင္အသင္းဟာ ပြဲကို ေစာစီးစြာ ဦးေဆာင္ခြင့္ရသြားခဲ့တယ္။ဒါေပမဲ့ အာႏိုးလက္ထိေဘာျဖစ္တာ မန္စီးတီးပင္နယ္တီမရဘူးလားဆိုတဲ့ ေမးခြန္းထြက္ေပၚလာသလို ဒီျဖစ္ရပ္နဲ႔တစ္ဆက္တည္းအခ်ိန္မွာရသြားတဲ့လီဗာပူးရဲ႕ဂိုးကို ခြင့္ျပဳသင့္သလားဆိုတာ စဥ္းစားစရာျဖစ္လာခဲ့ပါတယ္။တကယ္လို႔ VAR သာ လီဗာပူးရဲ႕ဂိုးကို ခြင့္မျပဳဘူးဆိုရင္ မန္စီးတီးကို ပင္နယ္တီေပးရပါလိမ့္မယ္။ဒါေပမဲ့ VAR လူႀကီးမင္းေတြက လီဗာပူးကို ဂိုးေပးသြားခဲ့ပါတယ္။
မန္စီးတီးရဲ႕ျဖဳန္းတီးမႈ
ပံုမွန္အားျဖင့္ေတာ့ မန္စီးတီးရံႈးရင္ ဒါမွမဟုတ္ သေရက်ရင္ ၿပိဳင္ဘက္ေတြဟာ သူတို႔ရဲ႕ညက္ညက္လွပတဲ့ကစားဟန္ကို ထိန္းသိမ္းႏိုင္တာ၊အခြင့္အေရးေပါင္းမ်ားစြာကို တားဆီးႏိုင္ခဲ့တာလို႔ အဓါပၸယ္ရပါလိမ့္မယ္။ဒီေန႔ပြဲမွာလည္း သူတို႔ဟာ လီဗာပူးဂိုးေပါက္ကို ၁၈ႀကိမ္ၿခိမ္းေျခာက္ႏိုင္ခဲ့တာပါ။ဒါေပမဲ့ ဂိုးေပါက္တည့္တာကေတာ့ ၃ႀကိမ္သာရွိပါတယ္။ကစားဟန္ေကာင္းေနဆဲျဖစ္ေပမယ့္ အန္ဖီးလ္မွာ ဂိုးမရတဲ့ က်ိန္စာကေန အဂူရိုမလြတ္ေျမာက္ႏိုင္ေသးသလို စတာလင္းလည္း ဂိုးေရွ႔ေရာက္ရင္ အခ်ည္းႏွီးျဖစ္ေနခဲ့ပါတယ္။လက္ရွိခ်န္ပီယံဟာ သူတို႔လုပ္ေနက် အေကာင္းဆံုးဖန္တီးမႈမ်ိဳးေတြကို မလုပ္ႏိုင္ခဲ့ပါဘူး။အထူးသျဖင့္ ဒီဘရူနီအတြက္ စိတ္ပ်က္စရာည ျဖစ္ခဲ့ပါတယ္။သူ႔ရဲ႕ မေမာႏိုင္မပန္းႏိုင္ ႀကိဳးစားဖန္တီးမႈေတြဟာ အရာမေရာက္ခဲ့လို႔ပါပဲ။
လက္ေတြ႔သမားလီဗာပူး
ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းကေတာ့ မန္စီးတီးနဲ႔ဆန္႔က်င္ဘက္ပါ။သူတို႔ဟာ ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၅ႀကိမ္သာလုပ္ႏိုင္ခဲ့ၿပီး ၃ဂိုးရေအာင္ယူႏိုင္ခဲ့ပါတယ္။သူတို႔ရဲ႕ထိေရာက္တဲ့လက္နက္က တန္ျပန္တိုက္စစ္ပါ။ဒါေပမဲ့ အနည္းငယ္ေသာဖန္တီးမႈေတြကေန စစ္မွန္တဲ့အခြင့္အေရးေတြရခဲ့ပါတယ္။သူတို႔ရခဲ့တဲ့ ပထမဂိုးဟာ ဖန္တီးမႈကေနစစ္မွန္တဲ့အခြင့္အေရးမ်ိဳးမဟုတ္ခဲ့ေပမယ့္ ဖာဘင္ညိဳရဲ႕စူပါကန္ခ်က္ကို အသိအမွတ္ျပဳရပါလိမ့္မယ္။ဒုတိယဂိုးကလည္း ေရာဘတ္ဆန္ရဲ႕လွပတဲ့ေပးပို႔မႈကေန ဆာလက္က အမွားအယြင္းမရွိ ေခါင္းတိုက္သြင္းေပးႏိုင္ခဲ့တာပါ။ပရိသတ္ေတြအတြက္ ျခားနားတဲ့ကစားဟန္နဲ႔ ထူးထူးျခားျခားပြဲမ်ိဳးကို ခံစားခြင့္ရခဲ့ၾကတာျဖစ္ပါတယ္။
၀ွစ္နယ္ဒန္ဆြဲတဲ့ႀကိဳးမ်ား
ဒီေန႔ပြဲမွာ နယ္သာလန္သားဟာ လီဗာပူးအင္ဂ်င္ခန္းထဲက အေကာင္းဆံုးအစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ပါတယ္။သူဟာ မန္စီးတီးနဲ႔ရင္ဆိုင္ရတဲ့တစ္ကြင္းလံုးအႏွံ႔မွာ ေရာက္ေနခဲ့တာပါ။မွန္ကန္တဲ့ေနရာကို အခ်ိန္ကိုက္ေရာက္လာၿပီး ၿပိဳင္ဘက္ရဲ႕တိုက္စစ္ကိုသတ္ေပးႏိုင္ျခင္းအားျဖင့္ သူ႔အသင္းရဲ႕ခံစစ္အေပၚဖိအားေတြကို ေလွ်ာ့ခ်ေပးႏိုင္ခဲ့တယ္။၀ွစ္နယ္ဒန္ရဲ႕ အထူးခၽြန္ဆံုးအရည္အခ်င္းကေတာ့ ေဘာလံုးကိုင္ကစားႏိုင္တာပဲျဖစ္ပါတယ္။ဂန္ဒိုဂန္၊ရိုဒရီဂိုတို႔နဲ႔ရင္ဆိုင္ရာမွာ ဒါကိုသက္ေသျပႏိုင္ခဲ့သလို ဖာမီႏို၊ဒါမွမဟုတ္ မာေနးဆီ ေဘာလံုးေရာက္ေအာင္ေပးပို႔ႏိုင္ခဲ့တယ္။လီဗာပူးရဲ႕ကြင္းလယ္အဖ်က္မွာ ဖာဘင္ညိဳကခ်ီးက်ဴးမႈအခံရဆံုးျဖစ္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ၀ွစ္နယ္ဒန္ရဲ႕အကူအညီေတြအမ်ားႀကီးရခဲ့ပါတယ္။
အီဒါဆင္မပါတဲ့မန္စီးတီး
မန္စီးတီးဟာ ဂြါဒီယိုလာကို နည္းျပအျဖစ္စတင္ခန္႔အပ္တဲ့ရာသီမွာ ခ်န္ပီယံမျဖစ္ခဲ့ပါဘူး။အေရးပါတဲ့ အေၾကာင္းျပခ်က္တစ္ခုကေတာ့ အီဒါဆင္လိုဂိုးသမားမ်ိဳးရွိမေနလို႔ပါပဲ။ဘရာဇီးဂိုးသမားေရာက္လာတဲ့ေနာက္ပိုင္း မန္စီးတီးရဲ႕ခံစစ္ပိုင္းဟာ အဆင့္တစ္ခုေရာက္လာခဲ့တယ္။အီဒါဆင္ဟာလည္း ၿပိဳင္ဘက္ရဲ႕အခြင့္အေရးေတြကို တားဆီးရာမွာ ဆရာတစ္ဆူျဖစ္လာခဲ့တယ္။ဘရာဗိုက သိပ္ေတာ္တဲ့ဂိုးသမားတစ္ေယာက္မဟုတ္ဘူးဆိုတာထက္ အီဒါဆင္လို ပါရမီမ်ိဳးရွိမေနတာဆိုရင္ပိုၿပီးမွ်တပါလိမ့္မယ္။ဒီႏွစ္ေယာက္ၾကားျခားနားခ်က္တစ္ခုကို လီဗာပူးရသြားတဲ့ တတိယဂိုးကိုၾကည့္ရင္ျမင္ႏိုင္ပါတယ္။မာေနးရဲ႕ေခါင္းတိုက္ခ်က္ကို သူ မေသမသပ္ပုတ္ထုတ္မႈ၊အေသအခ်ာမရွင္းႏိုင္မႈေၾကာင့္ လီဗာပူးဂိုးရသြားခဲ့တာပါ။