လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်သေးကြောင်း ဂွာဒီယိုလာ ခုခံပြောကြား

မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက ယာဂန်ကလော့အနေနဲ့ အမှတ်ပေးချန်ပီယံဆုကို လက်လျော့လိုက်ပြီလို့ ဆိုထားပေမယ့် လီဗာပူးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဆုကို ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပါးအသင်းကို ( ၃- ၀ ) အနိုင်ရရှိခဲ့ပြီးနောက် ( ၇ ) မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပြီး လီဗာပူးအသင်းကို ( ၁ ) ပွဲလျော့ အနေအထားနဲ့ ( ၁၃ ) မှတ်ဖြတ်ထားပါတယ်။ လီဗာပူးနည်းပြ ယာဂန်ကလော့ကတော့ လက်စတာကို ( ၃ – ၁ ) ရှုံးနိမ့်ခဲ့ပြီးနောက် ( ၂ ) ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခွင့်အရေး မရှိတော့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဂွာဒီယိုလာက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ “ ကျွန်တော်တို့လည်း ရှုံးပွဲ ကြုံတွေ့အုံးမှာ ဖြစ်တဲ့အတွက် လက်စတာနဲ့ ပွဲစဥ်က ခြေစွမ်းအရ သူတို့ ( လီဗာပူး ) အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်ထိန်းနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်” လို့ ဆိုခဲ့ပါတယ်။ “ ပြီးခဲ့တဲ့ နှစ်တွေက ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ လီဗာပူးနဲ့ ခြေစွမ်းအတူတူပါပဲ။ ဒါပေမယ့် ပင်နယ်တီဧရိယာထဲ အဆုံးသတ်ပိုင်းက ယခင်ကနဲ့ မတူညီတော့ပါဘူး”

“ သူတို့ရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတယ်လို့ မထင်ပါဘူး။ သူတို့က ပြိုင်ဘက်တွေထက် အမြဲတမ်း အခွင့်အရေး ပိုဖန်တီးနိုင်တာ တွေ့ရပါတယ်။ ကျွန်‌ေတာ်က သူတို့နဲ့ ကစားတဲ့ ပွဲစဥ်မှာ ရလာဒ်ကောင်းပိုင်ဆိုင်ချင်ပေမယ့် ဘောလုံးပရိသတ် တစ်ယောက်အနေနဲ့ လီဗာပူးကစားတာကို ကြည့်ရှုရတာ နှစ်သက်မိပါတယ်”

မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ( ၂၃ ) ပွဲဆက် ရှုံးပွဲ မရှိသေးပဲ ( ၂၀ ) ပွဲ နိုင် ၊ ( ၃ ) ပွဲ သရေ ရလာဒ် ပိုင်ဆိုင်ထားပြီး အဆိုပါ ကာလအတွင်း ( ၆ ) ဂိုးသာ ခွင့်ပြုထားရပါတယ်။

Zawgyi

လီဗာပူး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ႏိုင္ေသးေၾကာင္း ဂြာဒီယိုလာ ခုခံေျပာၾကား

မန္ခ်က္စတာ စီးတီးအသင္းနည္းျပ ပက္ဂြာဒီယိုလာက ယာဂန္ကေလာ့အေနနဲ႔ အမွတ္ေပးခ်န္ပီယံဆုကို လက္ေလ်ာ့လိုက္ၿပီလို႔ ဆိုထားေပမယ့္ လီဗာပူးအသင္းဟာ ပရီးမီယားလိဂ္ခ်န္ပီယံဆုကို ဆက္ထိန္းထားႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စပါးအသင္းကို ( ၃- ၀ ) အႏိုင္ရရွိခဲ့ၿပီးေနာက္ ( ၇ ) မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္မွာ ရပ္တည္ေနၿပီး လီဗာပူးအသင္းကို ( ၁ ) ပြဲေလ်ာ့ အေနအထားနဲ႔ ( ၁၃ ) မွတ္ျဖတ္ထားပါတယ္။

လီဗာပူးနည္းျပ ယာဂန္ကေလာ့ကေတာ့ လက္စတာကို ( ၃ – ၁ ) ရႈံးနိမ့္ခဲ့ၿပီးေနာက္ ( ၂ ) ရာသီဆက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရး မရွိေတာ့ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဂြာဒီယိုလာက သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံရာမွာ “ ကြၽန္ေတာ္တို႔လည္း ရႈံးပြဲ ႀကဳံေတြ႕အုံးမွာ ျဖစ္တဲ့အတြက္ လက္စတာနဲ႔ ပြဲစဥ္က ေျခစြမ္းအရ သူတို႔ ( လီဗာပူး ) အေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆက္ထိန္းႏိုင္မယ့္ အခြင့္အေရး ရွိေနပါတယ္” လို႔ ဆိုခဲ့ပါတယ္။ “ ၿပီးခဲ့တဲ့ ႏွစ္ေတြက ကြၽန္ေတာ္တို႔ ေတြ႕ဆုံခဲ့တဲ့ လီဗာပူးနဲ႔ ေျခစြမ္းအတူတူပါပဲ။ ဒါေပမယ့္ ပင္နယ္တီဧရိယာထဲ အဆုံးသတ္ပိုင္းက ယခင္ကနဲ႔ မတူညီေတာ့ပါဘူး” “ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ က်ဆင္းသြားတယ္လို႔ မထင္ပါဘူး။ သူတို႔က ၿပိဳင္ဘက္ေတြထက္ အၿမဲတမ္း အခြင့္အေရး ပိုဖန္တီးႏိုင္တာ ေတြ႕ရပါတယ္။ ကြၽန္‌ေတာ္က သူတို႔နဲ႔ ကစားတဲ့ ပြဲစဥ္မွာ ရလာဒ္ေကာင္းပိုင္ဆိုင္ခ်င္ေပမယ့္ ေဘာလုံးပရိသတ္ တစ္ေယာက္အေနနဲ႔ လီဗာပူးကစားတာကို ၾကည့္ရႈရတာ ႏွစ္သက္မိပါတယ္”

မန္စီးတီးအသင္းဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ( ၂၃ ) ပြဲဆက္ ရႈံးပြဲ မရွိေသးပဲ ( ၂၀ ) ပြဲ ႏိုင္ ၊ ( ၃ ) ပြဲ သေရ ရလာဒ္ ပိုင္ဆိုင္ထားၿပီး အဆိုပါ ကာလအတြင္း ( ၆ ) ဂိုးသာ ခြင့္ျပဳထားရပါတယ္။