လီဗာပူး နိုင်တဲ့ အချိန် ယူနိုက်တက်ကိုပါ ဆွဲထည့်ဝေဖန်အပြစ်ပြောတဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်အုပ်စုတွေထဲမှာ အကျပ်ဆုံးလို့ သတ်မှတ်ခံရတဲ့အုပ်စုထဲမှာ ကျရောက်ခဲ့ပေမယ့် လီဗာပူးဟာ ၄ ပွဲကစားပြီးချိန်မှာတော့ ၄ ပွဲစလုံးအနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က နည်းပြကလော့ပ်ရဲ့ လီဗာပူးအသင်းအနေနဲ့ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူဖို့ အကောင်းဆုံးကစားတတ်နေပြီလို့ ချီးကျူးခဲ့ပြီး သူရဲ့အသင်းဟောင်းအနေနဲ့ လီဗာပူးလိုဖြစ်ဖို့ ကြိုးစားရဦးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်က အင်္ဂါနေ့မှာ အတ္တလန္တာနဲ့ ကစားပြီး ခက်ခက်ခဲခဲ ၂-၂ နဲ့ သရေကျခဲ့တာပါ။

လီဗာပူးကတော့ အန်းဖီးမှာ အက်သလက်တီကို ကို စောစောကတည်းက ၂-ဝ နဲ့ ဦးဆောင်ပြီး ပွဲကို ထိန်းသွားနိုင်ခဲ့ပါတယ်။

ဖာဒီနန်က ” လီဗာပူးရဲ့ ကစားဟန်က သက်သောင့်သက်သာနဲ့ ပြိုင်ဘက်ကို အနိုင်ယူစွမ်းရှိနေပါပြီ။

ဒီပွဲက ထက်မြက်မှုမျိုးကို ကြည့်ရင် မနေ့ကပွဲက ကစားပုံကိုလည်း ပြန်တွေးကြည့်ကြပါဦး။ ကျွန်တော် ယူနိုက်တက်ကိုချည်း ထည့် ထည့် မပြောချင်ပါဘူး။

ဒါပေမယ့် ပွဲအပေါ် ဘယ်လို ကိုင်တွယ်ရလဲ ဆိုတာ ယှဉ်ကြည့်ရင် ထင်းထင်းကြီး သိသာနေတယ်။

လီဗာပူးက ၁ဝ ယောက်ကျန် ပြိုင်ဘက်ကို ကစားခဲ့တယ် ဆိုတာ ဟုတ်တယ်။

ဒါပေမယ့် အနီကတ် မပြခင်တည်းက သူတို့က အသင်းလိုက် လုံးဝ အပိုင် ချုပ်ထားနိုင်ခဲ့တာ။

ကွင်းထဲက ကိစ္စရပ်တိုင်းကို သူတို့ ထိန်းချုပ်နိုင်ခဲ့တယ်။

သူတို့က ရှုံးပွဲမရှိ မှတ်တမ်းကောင်းနဲ့ သွားနေတယ် ဆိုတာ ဟုတ်တယ်။

ဒါပေမယ့် ဒါက ပွဲကို ထိန်းချုပ်တာကနေ အခြေခံ သွားနေရတာပဲ။

လက်ရှိ လီဗာပူးရဲ့စုဖွဲ့မှုက အကောင်းဆုံးဖြစ်နေပြီလို့ ဆိုရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ ကစားသမားကောင်းတွေရှိနေပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။” လို့ ပြောခဲ့ပါတယ်။

လီဗာပူးဟာ ဧပြီလကတည်းက အဓိကပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိခဲ့တာ ၂၅ ပွဲအထိ ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူး ႏိုင္တဲ့ အခ်ိန္ ယူႏိုက္တက္ကိုပါ ဆြဲထည့္ေဝဖန္အျပစ္​ေျပာတဲ့ ဖာဒီနန္

ခ်န္ပီယံလိဂ္အုပ္စုေတြထဲမွာ အက်ပ္ဆုံးလို႔ သတ္မွတ္ခံရတဲ့အုပ္စုထဲမွာ က်ေရာက္ခဲ့ေပမယ့္ လီဗာပူးဟာ ၄ ပြဲကစားၿပီးခ်ိန္မွာေတာ့ ၄ ပြဲစလုံးအႏိုင္ရၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္က နည္းျပကေလာ့ပ္ရဲ႕ လီဗာပူးအသင္းအေနနဲ႔ ၿပိဳင္ဘက္အသင္းေတြကို အႏိုင္ယူဖို႔ အေကာင္းဆုံးကစားတတ္ေနၿပီလို႔ ခ်ီးက်ဴးခဲ့ၿပီး သူရဲ႕အသင္းေဟာင္းအေနနဲ႔ လီဗာပူးလိုျဖစ္ဖို႔ ႀကိဳးစားရဦးမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္က အဂၤါေန႔မွာ အတၱလႏၲာနဲ႔ ကစားၿပီး ခက္ခက္ခဲခဲ ၂-၂ နဲ႔ သေရက်ခဲ့တာပါ။ လီဗာပူးကေတာ့ အန္းဖီးမွာ အက္သလက္တီကို ကို ေစာေစာကတည္းက ၂-ဝ နဲ႔ ဦးေဆာင္ၿပီး ပြဲကို ထိန္းသြားႏိုင္ခဲ့ပါတယ္။

ဖာဒီနန္က ” လီဗာပူးရဲ႕ ကစားဟန္က သက္ေသာင့္သက္သာနဲ႔ ၿပိဳင္ဘက္ကို အႏိုင္ယူစြမ္းရွိေနပါၿပီ။ ဒီပြဲက ထက္ျမက္မႈမ်ိဳးကို ၾကည့္ရင္ မေန႔ကပြဲက ကစားပုံကိုလည္း ျပန္ေတြးၾကည့္ၾကပါဦး။ ကြၽန္​ေတာ္ ယူႏိုက္တက္ကိုခ်ည္း ထည့္ ထည့္ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ ပြဲအေပၚ ဘယ္လို ကိုင္တြယ္ရလဲ ဆိုတာ ယွဥ္ၾကည့္ရင္ ထင္းထင္းႀကီး သိသာေနတယ္။လီဗာပူးက ၁ဝ ေယာက္က်န္ ၿပိဳင္ဘက္ကို ကစားခဲ့တယ္ ဆိုတာ ဟုတ္တယ္။

ဒါေပမယ့္ အနီကတ္ မျပခင္တည္းက သူတို႔က အသင္းလိုက္ လုံးဝ အပိုင္ ခ်ဳပ္ထားႏိုင္ခဲ့တာ။ ကြင္းထဲက ကိစၥရပ္တိုင္းကို သူတို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။သူတို႔က ရႈံးပြဲမရွိ မွတ္တမ္းေကာင္းနဲ႔ သြားေနတယ္ ဆိုတာ ဟုတ္တယ္။ ဒါေပမယ့္ ဒါက ပြဲကို ထိန္းခ်ဳပ္တာကေန အေျခခံ သြားေနရတာပဲ။

လက္ရွိ လီဗာပူးရဲ႕စုဖြဲ႕မႈက အေကာင္းဆုံးျဖစ္ေနၿပီလို႔ ဆိုရမွာျဖစ္ၿပီး ယူႏိုက္တက္ကေတာ့ ကစားသမားေကာင္းေတြရွိေနေပမယ့္ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။” လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးဟာ ဧၿပီလကတည္းက အဓိကၿပိဳင္ပြဲေတြမွာ ရႈံးပြဲမရွိခဲ့တာ ၂၅ ပြဲအထိ ရွိခဲ့ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။