လီဗာပူး ချန်ပီယံဝင်ခွင့်အတွက် စိုးရိမ်နေရပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နှစ်ပေါင်း ၃၀ကျော်လောက်ကြာမှ ဖလားပြန်တွေ့ခဲ့တဲ့ လီဗာပူးအသင်းဟာ အခုအချိန်မှာတော့ နိုင်ပွဲတွေ ပျောက်ဆုံးနေပြန်ပါပြီ။ ရာသီဝက်အနေအထားမှာ အမှတ်ပေးဇယားရပ်တည်မှု အနေအထားတွေဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး မမြဲခြင်း သဘောတရားတွေဖြစ်နေပါတယ်။ လီဗာပူးအသင်းဟာ မနေ့ညက ဘန်လေကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက်ရရှိထားတဲ့ မှတ်တမ်းကောင်းလည်း ချိုးဖျက်ခံလိုက်ရပါပြီ။

လီဗာပူးအသင်းရဲ့ အိမ်ကွင်း ၆၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဟာ ဘန်လေအသင်းနဲ့ ပွဲမှာ အဆုံးသတ် သွားခဲ့ပါပြီ။ ဖြတ်တင်ဘော တွေ ဆိုးဝါးလွန်းနေတဲ့အနေအထားတွေလည်း တွေ့ရပြီး၊ တရားခံအစစ်ကတော့ အာနိုးလ်ပါပဲ။ အာနိုးလ်ဟာ ဒီပွဲမှာ ဖြတ်တင်ဘော (၁၈) ကြိမ်ပြုလုပ်ခဲ့ပြီး တစ်ကြိမ်မှ မအောင်မြင်ခဲ့ပါဘူး။

ဒါ့အပြင် လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် ဂိုးပေါက် ပျောက်နေတာပါ။ ဘန်လေနဲ့ ပွဲစဉ်မတိုင်မီ လီဗာပူးဟာ နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရခဲ့ပါတယ်။လီဗာပူးအတွက် ဂိုးမသွင်းနိုင်တဲ့ အနေအထားဟာ ၂၀၀၀ခုနှစ်မေလနောက်ပိုင်းမှာ ရာသီပေါင်း၂၀ကျော်အတွင်း ၄ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ခဲ့တဲ့ ပထမဆုံးရာသီလည်းဖြစ်လာခဲ့ပါတယ်။

ဝက်စ်ဘရွန်းကို ဆာဒီယိုမာနေးရဲ့ ပထမပိုင်း၁၂မိနစ်မှာသွင်းယူတဲ့ ဂိုးရပြီးတဲ့နောက်ပိုင်းမှာ လီဗာပူးတို့၈၇ကြိမ်အထိ ဂိုးပေါက်ကန်သွင်းမှုတွေပြုလုပ်ထားခဲ့ပေမယ့် နောက်ထပ်တစ်ဂိုးမှမရတော့ဘဲဖြစ်နေပါတယ်။အခုပွဲစဉ်မှာ ပွဲကို လွှမ်းမိုးထားနိုင်တဲ့ အနေအထားတွေရှိခဲ့ပေမယ့် အခွင့်အရေးကောင်းကို အိုရီဂီ နဲ့ တကွ ဧရိယာနားက တချို့ ကစားသမားတွေကလည်း ဖြုန်းတီးခဲ့ကြပါတယ်။

တစ်ဖက်မှာတော့ အခုဒီနိုင်ပွဲကြောင့် ဘန်လေနည်းပြ ရှောင်ဒိုက်ချီဟာ ချန်ပီယံ (၂) သင်းကို နောက်နှစ် အဝေးကွင်းမှာ ပြန်အနိုင်ယူတဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။ သူဟာ (၂၀၁၇) ချန်ပီယံ ချယ်ဆီးအသင်းကိုလည်း အခုလို အနိုင်ကန်ခဲ့ပါသေးတယ်။

အခုရှူံးပွဲကြောင့် လီဗာပူးအသင်းဟာ ဇယားမှာဦးဆောင်နေတဲ့ ယူနိုက်တက်နဲ့ ၆ မှတ်အကွာကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအနေနဲ့ ရထားတဲ့ ဖလားကို ကာကွယ်ဖို့ဆိုတာထက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ အဲဗာတန်၊ စပါး အသင်းတွေရဲ့ ဖိအားပေးမှုကိုရင်ဆိုင်ရနိုင်တဲ့ အနေအထား ရှိနေပါတယ်။ အဲဒီအသင်းတွေ အောင်မြင်တာနဲ့ လီဗာပူး အဆင့် ပြောင်းရပါအုံးမယ်။ အစိုးမရတဲ့ တရားသဘောကို လီဗာပူးက ပြသနေသလိုပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူး ခ်န္ပီယံဝင္ခြင့္အတြက္ စိုးရိမ္ေနရၿပီလား

ႏွစ္ေပါင္း ၃၀ေက်ာ္ေလာက္ၾကာမွ ဖလားျပန္ေတြ႕ခဲ့တဲ့ လီဗာပူးအသင္းဟာ အခုအခ်ိန္မွာေတာ့ ႏိုင္ပြဲေတြ ေပ်ာက္ဆုံးေနျပန္ပါၿပီ။ ရာသီဝက္အေနအထားမွာ အမွတ္ေပးဇယားရပ္တည္မႈ အေနအထားေတြဟာ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး မၿမဲျခင္း သေဘာတရားေတြျဖစ္ေနပါတယ္။ လီဗာပူးအသင္းဟာ မေန႔ညက ဘန္ေလကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ အတြက္ရရွိထားတဲ့ မွတ္တမ္းေကာင္းလည္း ခ်ိဳးဖ်က္ခံလိုက္ရပါၿပီ။ လီဗာပူးအသင္းရဲ႕ အိမ္ကြင္း ၆၈ ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ဟာ ဘန္ေလအသင္းနဲ႔ ပြဲမွာ အဆုံးသတ္ သြားခဲ့ပါၿပီ။ ျဖတ္တင္ေဘာ ေတြ ဆိုးဝါးလြန္းေနတဲ့အေနအထားေတြလည္း ေတြ႕ရၿပီး၊ တရားခံအစစ္ကေတာ့ အာႏိုးလ္ပါပဲ။ အာႏိုးလ္ဟာ ဒီပြဲမွာ ျဖတ္တင္ေဘာ (၁၈) ႀကိမ္ျပဳလုပ္ခဲ့ၿပီး တစ္ႀကိမ္မွ မေအာင္ျမင္ခဲ့ပါဘူး။

ဒါ့အျပင္ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ ၄ ပြဲဆက္ ဂိုးေပါက္ ေပ်ာက္ေနတာပါ။ ဘန္ေလနဲ႔ ပြဲစဥ္မတိုင္မီ လီဗာပူးဟာ ေနာက္ဆုံး ၄ ပြဲမွာ သြင္းဂိုး ၁ ဂိုးသာ ရခဲ့ပါတယ္။လီဗာပူးအတြက္ ဂိုးမသြင္းႏိုင္တဲ့ အ​ေနအထားဟာ ၂၀၀၀ခုႏွစ္ေမလေနာက္ပိုင္းမွာ ရာသီေပါင္း၂၀ေက်ာ္အတြင္း ၄ပြဲဆက္တိုက္ဂိုးမသြင္းႏိုင္ခဲ့တဲ့ ပထမဆုံးရာသီလည္းျဖစ္လာခဲ့ပါတယ္။ ဝက္စ္ဘ႐ြန္းကို ဆာဒီယိုမာေနးရဲ႕ ပထမပိုင္း၁၂မိနစ္မွာသြင္းယူတဲ့ ဂိုးရၿပီးတဲ့ေနာက္ပိုင္းမွာ လီဗာပူးတို႔၈၇ႀကိမ္အထိ ဂိုးေပါက္ကန္သြင္းမႈေတြျပဳလုပ္ထားခဲ့​​ေပမယ့္ ေနာက္ထပ္တစ္ဂိုးမွမရ​ေတာ့ဘဲျဖစ္​ေနပါတယ္။အခုပြဲစဥ္မွာ ပြဲကို လႊမ္းမိုးထားႏိုင္တဲ့ အေနအထားေတြရွိခဲ့ေပမယ့္ အခြင့္အေရးေကာင္းကို အိုရီဂီ နဲ႔ တကြ ဧရိယာနားက တခ်ိဳ႕ ကစားသမားေတြကလည္း ျဖဳန္းတီးခဲ့ၾကပါတယ္။

တစ္ဖက္မွာ​ေတာ့ အခုဒီႏိုင္ပြဲေၾကာင့္ ဘန္ေလနည္းျပ ေရွာင္ဒိုက္ခ်ီဟာ ခ်န္ပီယံ (၂) သင္းကို ေနာက္ႏွစ္ အေဝးကြင္းမွာ ျပန္အႏိုင္ယူတဲ့ ပထမဆုံးနည္းျပျဖစ္လာပါတယ္။ သူဟာ (၂၀၁၇) ခ်န္ပီယံ ခ်ယ္ဆီးအသင္းကိုလည္း အခုလို အႏိုင္ကန္ခဲ့ပါေသးတယ္။

အခုရႉံးပြဲေၾကာင့္ လီဗာပူးအသင္းဟာ ဇယားမွာဦးေဆာင္ေနတဲ့ ယူႏိုက္တက္နဲ႔ ၆ မွတ္အကြာကို ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။ လီဗာပူးအ​ေနနဲ႔ ရထားတဲ့ ဖလားကို ကာကြယ္ဖို႔ဆိုတာထက္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပါ အဲဗာတန္၊ စပါး အသင္းေတြရဲ႕ ဖိအားေပးမႈကိုရင္ဆိုင္ရႏိုင္တဲ့ အ​ေနအထား ရွိေနပါတယ္။ အဲဒီအသင္း​ေတြ ​ေအာင္ျမင္တာနဲ႔ လီဗာပူး အဆင့္ ​ေျပာင္းရပါအုံးမယ္။ အစိုးမရတဲ့ တရားသ​ေဘာကို လီဗာပူးက ျပသ​ေနသလိုပါပဲ။