
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အေစီမီလန် နဲ့ တွေ့တဲ့ ပွဲမှာ ပွဲချိန် ၉ မိနစ်မှာ လီဗာပူးတို့ ဂိုးစရခဲ့ပြီး ညာခြမ်းကနေ ဆာလားနဲ့ ဝမ်းတူးရိုက်ထွက်သွားခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က တောက်လျှောက်ဆွဲပြေးပြီး
ကန်သွင်းခဲ့ရာမှာ ချဲလ်ဆီးနောက်ခံလူဟောင်း တိုမိုရီ ပိတ်ဆို့ဖို့ နောက်ကျနေခဲ့ပြီး အလောတကြီးနဲ့ အသည်းအသန် လိုက်လံ ဖျက်ထုတ်မှုက သူနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ Own Goal အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ပွဲချိန် ၄၂ မိနစ်မှာတော့ ဧည့်သည် အေစီမီလန်တို့ ချေပဂိုးပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။
ပွဲချိန် ၄၄ မိနစ်မှာတော့ လီဗာပူးတို့ နောက်တစ်ဂိုး ထပ်မံခွင့်ပြုခဲ့ရပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ လီဗာပူးတို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
သရေကျနေချိန်မှာတော့ လီဗာပူးတို့ လူစားလဲပြီး နိုင်ပွဲရှာဖွေဖို့ လုပ်ပါတယ်။
ပွဲချိန် ၆၉ မိနစ်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က အနိုင်ဂိုး ရယူပေးသွားနိုင်ခဲ့ပါတယ်။
ဆာလားဟာပင်နယ်တီ မှတ်တမ်းကောင်း ရပ်တန့်ခဲ့ပါတယ်။
ဒီပွဲမတိုင်မီ ပင်နယ်တီ ကနေ ၁၇ ကြိမ် ဆက်တိုက် ဂိုးရယူထားနိုင်ခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ဟယ်ဒါဖီးနဲ့ ပွဲစဉ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပင်နယ်တီ မဝင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် အသင်းရဲ့လူစာရင်းကနေ ဖယ်ထုတ်ခြင်း ခံခဲ့ရပေမယ့်လည်း အိုရီဂီဟာ ဒီပွဲမှာ အံ့အားသင့်ဖွယ် ပွဲထွက်ခွင့် ရခဲ့ပါတယ်။
အိုရီဂီဟာ ဆာလားရဲ့ ချေပဂိုး အတွက် လှလှပပ ဖန်တီးပေးနိုင်ခဲ့ပြီး၊ ကံမကောင်းစွာနဲ့ပဲ ဒုတိယပိုင်းမှာ ဒဏ်ရာရခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လီဗာပူး ကပ်နိုင်ခဲ့တဲ့ ပွဲက ပြောစရာများ