လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးစင်တာသစ်ကြီးအောက်က နောင်နှစ် ၅၀ ကြာမှ ပြန်လည်တူးဖော်မယ့် ပုံးကြီးထဲမှာ ဘာတွေထည့်သွင်းထားသလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ သူတို့ရဲ့အသင်းသမိုင်းတစ်လျှောက် အောင်မြင်မှုတွေ၊ အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းက နေစွန့်ခွာပြီး ပေါင်သန်း ၅၀ တန် AXA Training Center လေ့ကျင့်ရေးကွင်းသစ် ကြီးကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

ဒီလေ့ကျင့်ရေးစင်တာအသစ်ကြီးဟာ ဘောလုံးလေ့ကျင့်ရေးစင်တာတစ်ခုဆိုတာထက်ပိုမိုပြီး သဲသောင်ပြင်ဘောလုံး၊ သဲသောင်ပြင်ဘောလီဘောနဲ့ တင်းနစ်ကစားလို့ရတဲ့နေရာတွေပါ စီစဉ်ပေးထား ပြီး ဂျာဂင်ကလော့ပ်နဲ့ သူ့ရဲ့လက်ထောက် ဘတ်လင်ဒါတို့ နေ့စဉ်ကစားလေ့ရှိတဲ့ Paddle Tennis ကစားလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။

အန်ဖီးလ်ကွင်း အရွယ်အစား ဘောလုံးလေ့ကျင့်ရေးကွင်း ၃ ကွင်းရှိပြီး အရမ်းကိုပြည့်စုံကောင်း မွန်ခမ်းနားတဲ့ လေ့ကျင့်ရေးစင်တာသစ်လည်း ဖြစ်ပါတယ်။

ထူးခြားတာကတော့ ဒီလေ့ကျင့်ရေးစင်တာသစ်ကြီး ဖွင့်လှစ်တာနဲ့အတူ Time Capsule လို့ခေါ်တဲ့ စတီးပုံးကြီးတစ်ခုကို ကွင်းရဲ့အဝင်အဝမှာမြှုပ်နှံထားပြီး နောင်လာမယ့် အနှစ် ၅၀ နိုဝင်ဘာလမှာ ပြန်လည်တူးဖော်မှာလည်း ဖြစ်ပါတယ်။

Time capsule ပုံးကြီးပေါ်မှာ “ This time capsule celebrates the completion and opening of Liverpool Football Club’s new Training Center. Placed in November 2020. To be opened in 50 years in November 2070. You’ll never walk alone” လို့ရေးသားထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ၂၀၇၀ ကျမှ ဒီပုံးကြီးကို ပြန်လည်တူးဖော်မှာဖြစ်ပြီး လာမယ့်မျိုးဆက်သစ် လီဗာပူးပရိသတ်တွေကို အမှတ်တရဖြစ်အောင် ရည်ရွယ်ထားတာလို့လည်း သိရပါတယ်။ နောင်နှစ် ၅၀ ကျမှ ပြန်လည်ခံစားနိုင်မယ့် ဒီပုံးကြီးထဲမှာထည့်သွင်းထား ခဲ့တဲ့ ပစ္စည်းတွေကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

ပစ္စည်းအမျိုးအစား တွေ အများကြီးထည့်ပြီး မှတ်မှတ်ရရအနေနဲ့ဖော်ပြရမယ်ဆိုရင် နည်းပြဂျာဂင် ကလော့ပ်ရဲ့မျက်မှန်၊ နောက်ခံလူဗန်ဒိုက်ရဲ့ ဘောလုံးကန်ဖိနပ်တစ်စုံ၊ အသင်းဂိုးသမား အယ်လီဆန်အသုံးပြုတဲ့ လက်အိတ်တစ်စုံ၊ ၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲက လီဗာပူးကစားသမားတွေ လက်မှတ်ရေးထိုးထားတဲ့ ဂျာစီအင်္ကျီတစ်ထည်၊

၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ အိမ်ကွင်းနိုက်ကီဂျာစီအင်္ကျီ တစ်ထည်၊ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းဟောင်းကို ဂုဏ်ပြုထားတဲ့ လီဗာပူးဂန္ထဝင် ကစားသမားဟောင်း ဒဲလ်ဂလစ်ရှ် လက်မှတ်ရေးထိုးထားတဲ့ ဓာတ်ပုံတစ်ပုံ၊ အသင်း ၁၂၅ နှစ်ပြည့်အထိမ်းအမှတ်မှတ်တမ်းဗီဒီယိုဖိုင်တစ်ခု၊ မဲလ်ဝုဒ်လေ့ကျင့် ရေးကွင်းအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းဗီဒီယို၊

ဟေးဘရော့ဖြစ်ရပ်မှာ သေဆုံး သွားတဲ့ လီဗာပူးပရိသတ် ၉၆ ဦးကိုရည်ရွယ်ထားတဲ့ အထိမ်းအမှတ်ပို့စ်ကတ်၊ ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး လီဗာပူးကလပ်အသင်းမှာ တာဝန်ထမ်းဆောင် တဲ့ ဝန်ထမ်းများရဲ့အမည်စာရင်းစတဲ့ အမှတ်တရပစ္စည်းတွေကို ထည့်သွင်းထားခဲ့ ပါတယ်။

နောက်လာမယ့် နှစ် ၅၀ အကြာမှ ပြန်လည်တူးဖော်မယ့် ဒီ Time Capsule ပုံးကြီးရဲ့အခြေအနေ ဘယ်လိုဖြစ်လာမလဲ၊ အတိတ်အောင်မြင်မှုတွေကို မျိုးဆက်သစ် လီဗာပူးပရိသတ်တွေခံစားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးစင္တာသစ္ႀကီးေအာက္က ေနာင္ႏွစ္ ၅၀ ၾကာမွ ျပန္လည္တူးေဖာ္မယ့္ ပုံးႀကီးထဲမွာ ဘာေတြထည့္သြင္းထားသလဲ

ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းဟာ သူတို႔ရဲ႕အသင္းသမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈေတြ၊ အမွတ္တရေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းက ေနစြန႔္ခြာၿပီး ေပါင္သန္း ၅၀ တန္ AXA Training Center ေလ့က်င့္ေရးကြင္းသစ္ ႀကီးကို ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ပါတယ္။

ဒီေလ့က်င့္ေရးစင္တာအသစ္ႀကီးဟာ ေဘာလုံးေလ့က်င့္ေရးစင္တာတစ္ခုဆိုတာထက္ပိုမိုၿပီး သဲေသာင္ျပင္ေဘာလုံး၊ သဲေသာင္ျပင္ေဘာလီေဘာနဲ႔ တင္းနစ္ကစားလို႔ရတဲ့ေနရာေတြပါ စီစဥ္ေပးထား ၿပီး ဂ်ာဂင္ကေလာ့ပ္နဲ႔ သူ႔ရဲ႕လက္ေထာက္ ဘတ္လင္ဒါတို႔ ေန႔စဥ္ကစားေလ့ရွိတဲ့ Paddle Tennis ကစားလို႔ရေအာင္လည္း စီစဥ္ေပးထားပါတယ္။

အန္ဖီးလ္ကြင္း အ႐ြယ္အစား ေဘာလုံးေလ့က်င့္ေရးကြင္း ၃ ကြင္းရွိၿပီး အရမ္းကိုျပည့္စုံေကာင္း မြန္ခမ္းနားတဲ့ ေလ့က်င့္ေရးစင္တာသစ္လည္း ျဖစ္ပါတယ္။ ထူးျခားတာကေတာ့ ဒီေလ့က်င့္ေရးစင္တာသစ္ႀကီး ဖြင့္လွစ္တာနဲ႔အတူ Time Capsule လို႔ေခၚတဲ့ စတီးပုံးႀကီးတစ္ခုကို ကြင္းရဲ႕အဝင္အဝမွာျမႇဳပ္ႏွံထားၿပီး ေနာင္လာမယ့္ အႏွစ္ ၅၀ ႏိုဝင္ဘာလမွာ ျပန္လည္တူးေဖာ္မွာလည္း ျဖစ္ပါတယ္။

Time capsule ပုံးႀကီးေပၚမွာ “ This time capsule celebrates the completion and opening of Liverpool Football Club’s new Training Center. Placed in November 2020. To be opened in 50 years in November 2070. You’ll never walk alone” လို႔ေရးသားထားတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။

ပရိသတ္ေတြအတြက္ ၂၀၇၀ က်မွ ဒီပုံးႀကီးကို ျပန္လည္တူးေဖာ္မွာျဖစ္ၿပီး လာမယ့္မ်ိဳးဆက္သစ္ လီဗာပူးပရိသတ္ေတြကို အမွတ္တရျဖစ္ေအာင္ ရည္႐ြယ္ထားတာလို႔လည္း သိရပါတယ္။ ေနာင္ႏွစ္ ၅၀ က်မွ ျပန္လည္ခံစားႏိုင္မယ့္ ဒီပုံးႀကီးထဲမွာထည့္သြင္းထား ခဲ့တဲ့ ပစၥည္းေတြကလည္း စိတ္ဝင္စားစရာေကာင္းေနပါတယ္။

ပစၥည္းအမ်ိဳးအစား ေတြ အမ်ားႀကီးထည့္ၿပီး မွတ္မွတ္ရရအေနနဲ႔ေဖာ္ျပရမယ္ဆိုရင္ နည္းျပဂ်ာဂင္ ကေလာ့ပ္ရဲ႕မ်က္မွန္၊ ေနာက္ခံလူဗန္ဒိုက္ရဲ႕ ေဘာလုံးကန္ဖိနပ္တစ္စုံ၊ အသင္းဂိုးသမား အယ္လီဆန္အသုံးျပဳတဲ့ လက္အိတ္တစ္စုံ၊ ၂၀၁၉ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲက လီဗာပူးကစားသမားေတြ လက္မွတ္ေရးထိုးထားတဲ့ ဂ်ာစီအက်ႌတစ္ထည္၊ ၂၀၂၀-၂၁ ေဘာလုံးရာသီရဲ႕ အိမ္ကြင္းႏိုက္ကီဂ်ာစီအက်ႌ တစ္ထည္၊ မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းေဟာင္းကို ဂုဏ္ျပဳထားတဲ့ လီဗာပူးဂႏၴဝင္ ကစားသမားေဟာင္း ဒဲလ္ဂလစ္ရွ္ လက္မွတ္ေရးထိုးထားတဲ့ ဓာတ္ပုံတစ္ပုံ၊ အသင္း ၁၂၅ ႏွစ္ျပည့္အထိမ္းအမွတ္မွတ္တမ္းဗီဒီယိုဖိုင္တစ္ခု၊ မဲလ္ဝုဒ္ေလ့က်င့္ ေရးကြင္းအေၾကာင္း ႐ိုက္ထားတဲ့ မွတ္တမ္းဗီဒီယို၊ ေဟးဘေရာ့ျဖစ္ရပ္မွာ ေသဆုံး သြားတဲ့ လီဗာပူးပရိသတ္ ၉၆ ဦးကိုရည္႐ြယ္ထားတဲ့ အထိမ္းအမွတ္ပို႔စ္ကတ္၊ ၂၀၂၀ ဇန္နဝါရီ ၁ ရက္ေန႔ကစၿပီး လီဗာပူးကလပ္အသင္းမွာ တာဝန္ထမ္းေဆာင္ တဲ့ ဝန္ထမ္းမ်ားရဲ႕အမည္စာရင္းစတဲ့ အမွတ္တရပစၥည္းေတြကို ထည့္သြင္းထားခဲ့ ပါတယ္။

ေနာက္လာမယ့္ ႏွစ္ ၅၀ အၾကာမွ ျပန္လည္တူးေဖာ္မယ့္ ဒီ Time Capsule ပုံးႀကီးရဲ႕အေျခအေန ဘယ္လိုျဖစ္လာမလဲ၊ အတိတ္ေအာင္ျမင္မႈေတြကို မ်ိဳးဆက္သစ္ လီဗာပူးပရိသတ္ေတြခံစားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။