လီဗာပူးအသင်းပိုင်ရှင်တွေကို စိတ်ဆိုးဒေါသဖြစ်နေတဲ့ နည်းပြကလော့ပ်

လီဗာပူးအသင်းနည်းပြကလော့ပ်ဟာလီဗာပူးအသင်းပိုင်ရှင်တွေရဲ့အပြောင်း အရွှေ့မူဝါဒတွေအပေါ်စိတ်ဆိုးဒေါသဖြစ်နေတယ်ကြားသိရပါတယ်။ လီဗာပူးအသင်းနည်းပြ ကလောပ့် ဟာ ပြီးခဲ့တဲ့ အပြောင်း အရွှေ့မပိတ်ခင် နောက်တန်းကို အားဖြည့်ဖို့ စိတ်အားထက်သန်ခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ယခုနှစ်အတွင်း အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ဗန်ဒိုက်နှင့် ဂိုမက်စ်တို့အသီးသီး ကာလရှည် ဒဏ်ရာရမှုတွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ကာကွယ်နိုင်ဖို့ ခဲယဉ်းလျက် ရှိနေပါတယ်။ နောက်ခံလူ မာတစ်ကလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် တစ်ရာသီလုံး နားရမှာ ဖြစ်တာကြောင့် ကလော့အနေနဲ့ ခံစစ်ပိုင်းအတွက် ခေါင်းခဲစရာတွေ ရင်ဆိုင်နေရပါတယ်။

လီဗာပူး အနေနဲ့ကွင်းလယ်ကစားသမားတွေ ဖြစ်တဲ့ ဖာဘင်ဟိုနှင့် ဟန်ဒါဆန်တို့ကို ခံစစ်မှာထားကစားနေရပြီး မန်စီးတီးကို တနင်္ဂနွေနေ့ကအန်ဖီးလ်မှာ ၄-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် ၁၀ မှတ်အထိ ကွာဟခဲ့ကာ ဆုဖလားပြန်လည်သိမ်းပိုက်ဖို့ ပိုခက်ခဲလာခဲ့ပါတယ်။

နာပိုလီနောက်ခံလူကူလီဘာလေကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေးတောင်းဆိုရာမှာပယ်ချခံရပြီးနောက်နည်းပြကလီဗာပူးအသင်းတာဝန်ရှိသူတွေကိုမကျေမနပ်ဖြစ်နေတာပါ။နာပိုလီအသင်းဟာနောက်ခံလူကူလီဘာလေအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ရလိုနေတာဖြစ်ပါတယ်။ အသက်၂၉နှစ်အရွယ်ကူလီဘာလေကိုခေါ်ယူဖို့အသင်းနဲ့အဆင်မပြေဖြစ်ခဲ့တဲ့အတွက်နည်းပြကလော့ဟာဇန်နဝါရီအပြောင်းအရွှေ့ကာလမှာဒေးဗီးစ်နဲ့ရှော်ကေးနောက်ခံလူကာဘတ်တို့ကိုခေါ်ယူခဲ့ရပါတယ်။

ကူလီဘာလေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက လီဗာပူးလ် အသင်းက ခေါ်ယူဖို့ အမြဲတမ်းချိတ်ဆက်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။လီဗာပူး အသင်းထံ ပေါင် ၁.၆ သန်းဖြင့် ပြောင်းလာတဲ့ ဒေးဗီးစ်ဟာ ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး နောက်ခံလူတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းပိုင္ရွင္ေတြကို စိတ္ဆိုးေဒါသျဖစ္ေန တဲ့ နည္းျပကေလာ့ပ္

လီဗာပူးအသင္းနည္းျပကေလာ့ပ္ဟာလီဗာပူးအသင္းပိုင္ရွင္ေတြရဲ႕အေျပာင္း အေ႐ႊ႕မူဝါဒေတြအေပၚစိတ္ဆိုးေဒါသျဖစ္ေနတယ္ၾကားသိရပါတယ္။ လီဗာပူးအသင္းနည္းျပ ကေလာပ့္ ဟာ ၿပီးခဲ့တဲ့ အေျပာင္း အေ႐ႊ႕မပိတ္ခင္ ေနာက္တန္းကို အားျဖည့္ဖို႔ စိတ္အားထက္သန္ခဲ့တာျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ ယခုႏွစ္အတြင္း အဓိက ေနာက္ခံလူေတြ ျဖစ္တဲ့ ဗန္ဒိုက္ႏွင့္ ဂိုမက္စ္တို႔အသီးသီး ကာလရွည္ ဒဏ္ရာရမႈေတြေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ကာကြယ္ႏိုင္ဖို႔ ခဲယဥ္းလ်က္ ရွိေနပါတယ္။ ေနာက္ခံလူ မာတစ္ကလည္း ေျခက်င္းဝတ္ ဒဏ္ရာေၾကာင့္ တစ္ရာသီလုံး နားရမွာ ျဖစ္တာေၾကာင့္ ကေလာ့အေနနဲ႔ ခံစစ္ပိုင္းအတြက္ ေခါင္းခဲစရာေတြ ရင္ဆိုင္ေနရပါတယ္။

လီဗာပူး အေနနဲ႔ကြင္းလယ္ကစားသမားေတြ ျဖစ္တဲ့ ဖာဘင္ဟိုႏွင့္ ဟန္ဒါဆန္တို႔ကို ခံစစ္မွာထားကစားေနရၿပီး မန္စီးတီးကို တနဂၤေႏြေန႔ကအန္ဖီးလ္မွာ ၄-၁ဂိုးျဖင့္ ရႈံးနိမ့္ခဲ့တာေၾကာင့္ ရမွတ္ ၁၀ မွတ္အထိ ကြာဟခဲ့ကာ ဆုဖလားျပန္လည္သိမ္းပိုက္ဖို႔ ပိုခက္ခဲလာခဲ့ပါတယ္။

နာပိုလီေနာက္ခံလူကူလီဘာေလကိုေခၚယူဖို႔ ေျပာင္းေ႐ႊ႕ေၾကးေတာင္းဆိုရာမွာပယ္ခ်ခံရၿပီးေနာက္နည္းျပကလီဗာပူးအသင္းတာဝန္ရွိသူေတြကိုမေက်မနပ္ျဖစ္ေနတာပါ။နာပိုလီအသင္းဟာေနာက္ခံလူကူလီဘာေလအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ရလိုေနတာျဖစ္ပါတယ္။ အသက္၂၉ႏွစ္အ႐ြယ္ကူလီဘာေလကိုေခၚယူဖို႔အသင္းနဲ႔အဆင္မေျပျဖစ္ခဲ့တဲ့အတြက္နည္းျပကေလာ့ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ​ေဒးဗီးစ္နဲ႔ေရွာ္ေကးေနာက္ခံလူကာဘတ္တို႔ကိုေခၚယူခဲ့ရပါတယ္။

ကူလီဘာ​ေလဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းက လီဗာပူးလ္ အသင္းက ေခၚယူဖို႔ အၿမဲတမ္းခ်ိတ္ဆက္မႈေတြခံခဲ့ရတာျဖစ္ပါတယ္။လီဗာပူး အသင္းထံ ေပါင္ ၁.၆ သန္းျဖင့္ ေျပာင္းလာတဲ့ ေဒးဗီးစ္ဟာ ခ်န္ပီယံရွစ္ရဲ႕ အေကာင္းဆုံး ေနာက္ခံလူတစ္ဦး အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ပါတယ္။