
Photo Credit
Photo Credit
အဲဗာတန်အသင်းရဲ့ နည်းပြသစ် အန်ဆလော့တီက လီဗာပူးအသင်းနဲ့ တွေ့ဆုံခဲ့ရာမှာ ရရှိခဲ့တဲ့ အဲဗာတန်အသင်းရဲ့ မှတ်တမ်းဆိုးတွေကို ရပ်တန့်ပစ်ဖိ့ုဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ်။
Photo Credit
အဲဗာတန်အသင်းဟာ နည်းပြမာကိုဆေးလ်ဗားကိုင်တွယ်ခဲ့စဉ် ဒီဇင်ဘာအစောပိုင်းက အန်ဖီးလ်ကွင်းမှာ ၅-၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး အဆိုပါ ရှုံးပွဲကြောင့် မာကိုဆေးလ်ဗားလည်း နည်းပြထိုင်ခုံကနေ ဖယ်ပေးလိုက်ရပါတယ်။
Photo Credit
လက်ရှိပရီမီးယားလိဂ် အမှတ်ပေးဇယားမှာ ဒုတိယနေရာက လက်စတာကို တစ်ပွဲပို ၁၀ မှတ်ဖြတ်ထားနိုင်တဲ့ လီဗာပူးအသင်းကို အဲဗာတန်အသင်းဟာ ၂၀၁၀ ခုနှစ်ကတည်းက အနိုင်မရခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် အန်ဆလေ့ာတီကတော့ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့စဉ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံျ လီဗာပူးအသင်းကို ၂ -ဝနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
Photo Credit
အဲဗာတန်အသင်းဟာ လာမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာ အက်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့အန်ဖီးလ်ကွင်းမှာပဲ ထပ်မံတွေ့ဆုံရမှာဖြစ်ကာ နည်းပြသစ် အန်ဆလော့တီကတော့ ဥရောပချန်ပီယံအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ မစောင့်နိုင်အောင် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
Photo Credit
အန်ဆလော့တီက “အဲဗာတန်အသင်းသားတွေဟာ လီဗာပူးအသင်းနဲ့တွေ့ဆုံခဲ့စဉ်က ကျွန်တော့်ရဲ့ စံချိန်ကောင်းတွေကို သိထားကြပြီး သူတို့ အဲအတွက် ပျော်ရွှင်နေကြပါတယ် “လို့ ပြောပါတယ်။ ဒီဇင်ဘာပွဲကျပ်ကာလမှာ အဲဗာတန်အသင်းဟာ ဘန်လေအသင်းနဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ဟာ အန်ဆလော့တီကိုင်တွယ်မယ့်ပထမဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။
Photo Credit
ဆက်လက်ပြီး အန်ဆလော့တီက “နာပိုလီအသင်းနဲ့ ဒီရာသီမှာ လီဗာပူးကို အနိုင်ရခဲ့ပါတယ်။ သူတို့လို ကြီးမားတဲ့ပြိုင်ဘက်ကောင်းကို အနိုင်ရလိုက်တာကြောင့် ကျွန်တော်တို့ကို ခွန်အားတွေအများကြီး ရစေပါတယ်။ အရိုးသားဆုံးပြောရရင် အဲဒီအရသာက တကယ်ကိုကောင်းပါတယ်”
Photo Credit
”ကျွန်တော် ဂျာဂန်ကလော့ပ်နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ သူတို့နဲ့ ကစားတိုင်း စိတ်လှုပ်ရှားရပါတယ်။ ဒါကြောင့် ကျွန်တော် သူတို့ကို အနိုင်ရလိုက်ပေမယ့် သူတို့က အရှုံးနဲ့ယဉ်ပါးနေတဲ့အသင်းတော့ မဟုတ်ပါဘူး။ အဲဒီနေ့က ကျွန်တော့်အတွက် ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပြီး အဲဗာတန်အသင်းသားတွေလည်း လီဗာပူးကို ဘယ်လောက်တောင် အနိုင်ရချင်မလဲဆိုတာ ကျွန်တော်သိပါတယ်”
Photo Credit
”ကျွန်တော်တို့ အကြာကြီးစောင့်နေဖို့ မလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဇန်နဝါရီ ၅ ရက်နေ့မှာ လီဗာပူးနဲ့ ရင်ဆိုင်ရမှာမို့လို့ပါ။ မကြာခင် သူတို့နဲ့ တွေ့ရတေ့ာမှာပါ။ ဒါက မဖြစ်နိုင်တဲ့တာဝန်တစ်ခု၊ ပြိုင်ပွဲတစ်ခုတော့ မဟုတ်ပါဘူး။ ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး”လို့ ပြောသွားခဲ့ပါတယ်။
Photo Credit
Zawgyi
လီဗာပူးအသင္းနဲ႔ေတြ႕ဆုံရမွာကို အားရဝမ္းသာ စိတ္အားထက္သန္ေနတဲ့ အဲဗာတန္နည္းျပသစ္ အန္ဆေလာ့တီ
အဲဗာတန္အသင္းရဲ႕ နည္းျပသစ္ အန္ဆေလာ့တီက လီဗာပူးအသင္းနဲ႔ ေတြ႕ဆုံခဲ့ရာမွာ ရရွိခဲ့တဲ့ အဲဗာတန္အသင္းရဲ႕ မွတ္တမ္းဆိုးေတြကို ရပ္တန႔္ပစ္ဖိ့ုဆိုတာ မျဖစ္ႏိုင္တဲ့ အရာတစ္ခု မဟုတ္ဘူးလို႔ ဆိုပါတယ္။
အဲဗာတန္အသင္းဟာ နည္းျပမာကိုေဆးလ္ဗားကိုင္တြယ္ခဲ့စဥ္ ဒီဇင္ဘာအေစာပိုင္းက အန္ဖီးလ္ကြင္းမွာ ၅-၂ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရၿပီး အဆိုပါ ရႈံးပြဲေၾကာင့္ မာကိုေဆးလ္ဗားလည္း နည္းျပထိုင္ခုံကေန ဖယ္ေပးလိုက္ရပါတယ္။
လက္ရွိပရီမီးယားလိဂ္ အမွတ္ေပးဇယားမွာ ဒုတိယေနရာက လက္စတာကို တစ္ပြဲပို ၁၀ မွတ္ျဖတ္ထားႏိုင္တဲ့ လီဗာပူးအသင္းကို အဲဗာတန္အသင္းဟာ ၂၀၁၀ ခုႏွစ္ကတည္းက အႏိုင္မရခဲ့တာ ျဖစ္ပါတယ္။ နည္းျပသစ္ အန္ဆေလ့ာတီကေတာ့ နာပိုလီအသင္းကို ကိုင္တြယ္ခဲ့စဥ္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ လက္ရွိခ်န္ပီယံ် လီဗာပူးအသင္းကို ၂ -ဝနဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။
အဲဗာတန္အသင္းဟာ လာမယ့္ ဇန္နဝါရီ ၅ ရက္ေန႔မွာ အက္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ လီဗာပူးအသင္းနဲ႔အန္ဖီးလ္ကြင္းမွာပဲ ထပ္မံေတြ႕ဆုံရမွာျဖစ္ကာ နည္းျပသစ္ အန္ဆေလာ့တီကေတာ့ ဥေရာပခ်န္ပီယံအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံဖို႔ မေစာင့္ႏိုင္ေအာင္ စိတ္အားထက္သန္ေနတာ ျဖစ္ပါတယ္။
အန္ဆေလာ့တီက “အဲဗာတန္အသင္းသားေတြဟာ လီဗာပူးအသင္းနဲ႔ေတြ႕ဆုံခဲ့စဥ္က ကြၽန္ေတာ့္ရဲ႕ စံခ်ိန္ေကာင္းေတြကို သိထားၾကၿပီး သူတို႔ အဲအတြက္ ေပ်ာ္႐ႊင္ေနၾကပါတယ္ “လို႔ ေျပာပါတယ္။ ဒီဇင္ဘာပြဲက်ပ္ကာလမွာ အဲဗာတန္အသင္းဟာ ဘန္ေလအသင္းနဲ႔ ဂြတ္ဒီဆင္ပါ့ခ္မွာ ကစားရမွာျဖစ္ၿပီး အဆိုပါပြဲစဥ္ဟာ အန္ဆေလာ့တီကိုင္တြယ္မယ့္ပထမဆုံးပြဲစဥ္လည္း ျဖစ္ပါတယ္။
ဆက္လက္ၿပီး အန္ဆေလာ့တီက “နာပိုလီအသင္းနဲ႔ ဒီရာသီမွာ လီဗာပူးကို အႏိုင္ရခဲ့ပါတယ္။ သူတို႔လို ႀကီးမားတဲ့ၿပိဳင္ဘက္ေကာင္းကို အႏိုင္ရလိုက္တာေၾကာင့္ ကြၽန္ေတာ္တို႔ကို ခြန္အားေတြအမ်ားႀကီး ရေစပါတယ္။ အ႐ိုးသားဆုံးေျပာရရင္ အဲဒီအရသာက တကယ္ကိုေကာင္းပါတယ္”
”ကြၽန္ေတာ္ ဂ်ာဂန္ကေလာ့ပ္နဲ႔လည္း ေကာင္းမြန္တဲ့ဆက္ဆံေရး ရွိပါတယ္။ သူတို႔နဲ႔ ကစားတိုင္း စိတ္လႈပ္ရွားရပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ သူတို႔ကို အႏိုင္ရလိုက္ေပမယ့္ သူတို႔က အရႈံးနဲ႔ယဥ္ပါးေနတဲ့အသင္းေတာ့ မဟုတ္ပါဘူး။ အဲဒီေန႔က ကြၽန္ေတာ့္အတြက္ ေကာင္းမြန္တဲ့ေန႔တစ္ေန႔ျဖစ္ခဲ့ၿပီး အဲဗာတန္အသင္းသားေတြလည္း လီဗာပူးကို ဘယ္ေလာက္ေတာင္ အႏိုင္ရခ်င္မလဲဆိုတာ ကြၽန္ေတာ္သိပါတယ္”
”ကြၽန္ေတာ္တို႔ အၾကာႀကီးေစာင့္ေနဖို႔ မလိုေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဇန္နဝါရီ ၅ ရက္ေန႔မွာ လီဗာပူးနဲ႔ ရင္ဆိုင္ရမွာမို႔လို႔ပါ။ မၾကာခင္ သူတို႔နဲ႔ ေတြ႕ရေတ့ာမွာပါ။ ဒါက မျဖစ္ႏိုင္တဲ့တာဝန္တစ္ခု၊ ၿပိဳင္ပြဲတစ္ခုေတာ့ မဟုတ္ပါဘူး။ ေဘာလုံးမွာ မျဖစ္ႏိုင္ဘူးဆိုတာ မရွိပါဘူး”လို႔ ေျပာသြားခဲ့ပါတယ္။