လီဗာပူးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အမာခံပရိသတ္ ဂရစ္ဇ္မန္း ဆႏၵျပင္းျပေန

Photo Credit

Photo Credit ; PA

ဘာစီလုိနာအသင္းတုိက္စစ္မွဴးသစ္ ဂရစ္ဇ္မန္းက မိမိမွာ လီဗာပူးအသင္းရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီး မာေဆးဆုိက္ဒ္အေျခစိုက္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔လည္း ဆႏၵျပင္းျပေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။ လီဗာပူးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက အေကာင္းဆုံးပုံစံရရွိခဲ့ေပမယ့္ စီးတီးကို ၁မွတ္အသာနဲ႔ အေရးနိမ့္ကာ ပရီးမီးယားလိဂ္မွာ ဒုတိယပဲရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္မွာေတာ့ ၆ႀကိမ္ေျမာက္ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

 

Photo Credit ; PA

ျပင္သစ္လက္ေရြးစင္ ဂရစ္ဇ္မန္းက ”လီဗာပူးကို အားေပးတာက သူတုိ႔ရဲ႕ပရိသတ္ေတြေၾကာင့္ျဖစ္ၿပီး တစ္ေန႔ေန႔မွာ သူတုိ႔ေတြ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဂရစ္ဇ္မန္းဟာ ယခုေႏြရာသီအတြင္း အက္သလက္တီကိုအသင္းကေန ေပါင္ ၁၀၇သန္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ ခ်ဲလ္ဆီး ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပထမဆုံးပြဲထြက္အျဖစ္ ပါ၀င္ကစားသြားခဲ့ပါတယ္။

Photo Credit ; Getty Images

လီဗာပူးအသင္းဟာ ျပည္တြင္းမွာ အသည္းကြဲရတာကို ခ်န္ပီယံလိဂ္ေအာင္ပြဲနဲ႔ကုစားႏိုင္ခဲ့ၿပီးေနာက္ အသင္းပရိသတ္ေတြကလည္း လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလားနဲ႔လွည့္လည္ေအာင္ပြဲခံရာမွာ တစ္လမ္းလုံးရဲရဲနီသြားတဲ့အထိ တစ္ခဲနက္အားေပးခဲ့ၾကပါတယ္။ အသက္ ၂၈ႏွစ္အရြယ္ရွိ ဂရစ္ဇ္မန္းဟာ ဘာစီလုိနာအသင္းနဲ႔စာခ်ဳပ္မခ်ဳပ္ဆုိခင္ လီဗာပူးရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ ယူႏုိက္တက္အသင္းနဲ႔သတင္းေတြထြက္ေပၚခဲ့ပါတယ္။

Photo Credit

အဲဒီသတင္းေတြနဲ႔ပတ္သက္လုိ႔ ဂရစ္ဇ္မန္းက ”လာလီဂါၿပိဳင္ပြဲကို ကၽြန္ေတာ္အမ်ားႀကီးသေဘာက်ပါတယ္။ ပရီးမီးယားလိဂ္မွာရွိၿပီးသားအရာ လာလီဂါမွာမရွိတာက The Sun သတင္းစာပဲရွိပါတယ္”လုိ႔ ေျပာပါတယ္။ ဒါ့အျပင္ ဂရစ္ဇ္မန္းက အသင္းသစ္ဘာစီလုိနာမွာ ျပင္သစ္လက္ေရြးစင္အသင္းေဖာ္ျဖစ္တ့ဲ အာဆင္နယ္တုိက္စစ္မွဴး လာကာဇက္နဲ႔လည္း အတူတြဲကစားလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Photo Credit ; PA

Unicode

လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အမာခံပရိသတ် ဂရစ်ဇ်မန်း ဆန္ဒပြင်းပြနေ

ဘာစီလိုနာအသင်းတိုက်စစ်မှူးသစ် ဂရစ်ဇ်မန်းက မိမိမှာ လီဗာပူးအသင်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး မာဆေးဆိုက်ဒ်အခြေစိုက်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့လည်း ဆန္ဒပြင်းပြနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးပုံစံရရှိခဲ့ပေမယ့် စီးတီးကို ၁မှတ်အသာနဲ့ အရေးနိမ့်ကာ ပရီးမီးယားလိဂ်မှာ ဒုတိယပဲရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ၆ကြိမ်မြောက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းက ”လီဗာပူးကို အားပေးတာက သူတို့ရဲ့ပရိသတ်တွေကြောင့်ဖြစ်ပြီး တစ်နေ့နေ့မှာ သူတို့တွေ အမှတ်ပေးချန်ပီယံဖြစ်ဖို့လည်း မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ ယခုနွေရာသီအတွင်း အက်သလက်တီကိုအသင်းကနေ ပေါင် ၁ဝရသန်းနဲ့ ရောက်ရှိလာပြီးနောက် ချဲလ်ဆီး ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပြည်တွင်းမှာ အသည်းကွဲရတာကို ချန်ပီယံလိဂ်အောင်ပွဲနဲ့ကုစားနိုင်ခဲ့ပြီးနောက် အသင်းပရိသတ်တွေကလည်း လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားနဲ့လှည့်လည်အောင်ပွဲခံရာမှာ တစ်လမ်းလုံးရဲရဲနီသွားတဲ့အထိ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ အသက် ၂၈နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းနဲ့စာချုပ်မချုပ်ဆိုခင် လီဗာပူးရဲ့အခါးသီးဆုံးပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အဲဒီသတင်းတွေနဲ့ပတ်သက်လို့ ဂရစ်ဇ်မန်းက ”လာလီဂါပြိုင်ပွဲကို ကျွန်တော်အများကြီးသဘောကျပါတယ်။ ပရီးမီးယားလိဂ်မှာရှိပြီးသားအရာ လာလီဂါမှာမရှိတာက The Sun သတင်းစာပဲရှိပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဂရစ်ဇ်မန်းက အသင်းသစ်ဘာစီလိုနာမှာ ပြင်သစ်လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်နဲ့လည်း အတူတွဲကစားလိုကြောင်း ပြောကြားခဲ့ပါတယ်။