လီဗာပူးအသင်းကိုရှုံးနိမ့်ခဲ့ပေမယ့် ဝီလ်လော့ခ်နဲ့ ဂွမ်ဒိုဇီရဲ့ ကစားပုံကိုချီးကျူးပြောဆိုလိုက်တဲ့ အမ်မရီ

Photo Credit ; Getty Images

Photo Credit ; Getty Images

အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက ယမန်နေ့ညမှာ လီဗာပူးအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် လူငယ်ကွင်းလယ် ကစားသမားလေး ဝီလ်လော့ခ်ရဲ့ကစားပုံကိုချီးကျူး ပြောဆိုလိုက်ပါတယ်။ အသက် ၂၀ အရွယ် ဝီလ်လော့ခ်ဟာ ဒီနွေရာသီမှာ ခြေစွမ်းပိုင်းတိုးတက်လာခဲ့တာ ဖြစ်ပြီး ယမန်နေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာ သူ့အတွက် အာဆင်နယ်အသင်းကစားသမားအဖြစ် တတိယအကြိမ်မြောက် ပွဲထွက်ခွင့်ရတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။

Photo Credit ; Getty Images

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ မာတစ်၊ ဆာလာတို့ရဲ့သွင်းဂိုးတွေနဲ့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ နည်းပြအမ်မရီကတော့ ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းက တိုးတက်လာခဲ့ပြီး ယမန်နေ့ညပွဲစဉ်မှာ ဝီလ်လော့ခ်က မတူညီတဲ့ အဆင့်တစ်ခုမှာရှိနေတယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

အမ်မရီက “တချို့ကစားသမားတွေ ဝီလ်လော့ခ်လိုပေါ့၊ သူ့ရဲ့ခြေစွမ်းက ဒီပွဲစဉ်မှာမတူညီတဲ့ အဆင့်တစ်ခုမှာရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂွမ်ဒိုဇီလည်း ဒီနေ့ ပွဲစဉ်မှာ တကယ်ကောင်းခဲ့ပါတယ်၊ လူးကပ်စ်တော်ရဲရား၊ လာကာဇက်နဲ့ မီခီတာယန်တို့လည်း ကစားပုံကောင်းပါတယ်”လို့ ပြောပါတယ်။

Photo Credit ; Getty Images / AFP

ဆက်လက်ပြီး အမ်မရီကယမန်နေ့ကပွဲစဉ်မှာပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့သူတစ်ယောက်တော့ရှိပါတယ်။ သူကဆီဘယ်လော့စ်ပါလို့ ပြောပါတယ်။ အဆိုပါ စပိန်သားကွင်းလယ်လူဟာ ပြီးခဲ့တဲ့အပတ်ကဘန်လေအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေ မှတ်မိနေကြတဲ့သူပါ၊ ဒါပေမဲ့ ယမန်နေ့ကအန်ဖီးလ်ကွင်းမှာတော့ သူကရုန်းကန်ခဲ့ရပါတယ်။

Photo Credit ; Sky Sports

ရီးရဲလ်အသင်းကနေ အငှားလာရောက်ကစားနေတဲ့ ဆီဘယ်လော့စ်နဲ့ ပက်သက်ပြီးအမ်မရီက “ပြီးခဲ့တဲ့အပတ်ကပွဲစဉ်ကထက် ဒီနေ့ပွဲစဉ်မှာ ဆီဘယ်လော့စ် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒါက သူ့ကိုအတွေ့အကြုံတစ်ခု ဖြစ်စေမှာပါ၊ ကျွန်တော်တို့ အကောင်းမြင်စိတ်မွေးဖို့ လိုပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit ; Reuters

Unicode