လီဗာပူးဟာ အင်္ဂလန်နဲ့ဥရောပမှာ အကောင်းဆုံးအသင်းဆိုတာ ဝန်ခံလိုက်တဲ့ မန်စီတီးကြယ်ပွင့်

photo-gettyimages

photo-gettyimages

မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးမဟုတ်တော့ဘဲ လက်ရှိမှာ အဲဒီဂုဏ်ပုဒ်ကို ပိုင်ဆိုင်နေတာက လီဗာပူးလို့ မန်စီးတီးကွင်းလယ်လူရိုဒရီက ယုံကြည်နေပါတယ်။ ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ မန်စီးတီးထက် ၁ မှတ်သာနည်းပြီး ချန်ပီယံဆုနဲ့ကပ်လွဲခဲ့ရပေမယ့် ဒီနှစ်မှာတော့ သူတို့ရဲ့အနီးစပ်ဆုံးပြိုင်ဘက်ကို ၈ မှတ်ဖြတ်ဦးဆောင်နေပါတယ်။ လီဗာပူးဟာ ဒီနှစ်ထဲ အင်္ဂလန်မှာ ပြိုင်ပွဲအားလုံးကို အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းကတော့ ချန်ပီယံကာကွယ်ရမယ့်ရာသီမှာ တာထွက်မတည်ငြိမ်ခဲ့ဘဲ မထင်မှတ်ထားတဲ့ရှုံးပွဲ ၂ ပွဲ ကြုံတွေ့ထားပါတယ်။

photo-gettyimages

မန်စီးတီးရဲ့အဓိကပြိုုင်ဘက်အဖြစ် ပရိသတ်တွေမြင်တာက မြို့ခံပြိုင်ဘက်မန်ယူလား ဒါမှမဟုတ် လီဗာပူးလားလို့ မေးမြန်းတော့ ရိုဒရီက”ကျွန်တော် မသိပါဘူး။အရင်က မန်ချက်စတာကို ကျွန်တော်တစ်ခါမှ မရောက်ဖူးဘူး။ ဒီမြို့က လူတွေ ဘယ်လိုခံစားတယ်ဆိုတာ ကျွန်တော် မသိတာပါ။ ဒါပေမဲ့ လောလောဆယ် အနိုင်ယူဖို့ခက်တဲ့အသင်းက လီဗာပူးပါပဲ။ သူတို့ဟာ ဥရောပချန်ပီယံဖြစ်လို့ ကျွန်တော်တို့တင်မဟုတ်ဘဲ အားလုံးကလည်း သူတို့ကို အနိုင်ယူချင်နေကြတာပါ။ သူတို့ဟာ အများကြီးတိုးတက်လာပြီး အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ လီဗာပူးဟာ အင်္ဂလန်နဲ့ဥရောပမှာ အကောင်းဆုံးအသင်းပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

photo-gettyimages

ရိုဒရီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ကလပ်စံချိန်တင်ကြေး ပေါင် ၆၂.၈ သန်းနဲ့ ရောက်လာခဲ့တာပါ။ သူဟာ မန်စီးတီးရဲ့ဝါရင့်ကွင်းလယ်လူဖာနန်ဒင်ဟိုနေရာ ရေရှည်အစားဝင်မယ့်သူအဖြစ်လည်း ရှုမြင်ခံထားရပါတယ်။ လက်ရှိမှာလည်း ရိုဒရီဟာ မန်စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပါတယ်။

[Zawgyi]

လီဗာပူးဟာ အဂၤလန္နဲ႔ဥေရာပမွာ အေကာင္းဆုံးအသငး္ဆုိတာ ၀န္ခံလိုက္တဲ့ မန္စီတီးၾကယ္ပြင့္

မန္စီးတီးဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးမဟုတ္ေတာ့ဘဲ လက္ရွိမွာ အဲဒီဂုဏ္ပုဒ္ကို ပိုင္ဆိုင္ေနတာက လီဗာပူးလုိ႔ မန္စီးတီးကြငး္လယ္လူရိုဒရီက ယုံၾကည္ေနပါတယ္။ ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာ မန္စီးတီးထက္ ၁ မွတ္သာနည္းၿပီး ခ်န္ပီယံဆုနဲ႔ကပ္လြဲခဲ့ရေပမယ့္ ဒီႏွစ္မွာေတာ့ သူတုိ႔ရဲ႕အနီးစပ္ဆုံးၿပိဳင္ဘက္ကို ၈ မွတ္ျဖတ္ဦးေဆာင္ေနပါတယ္။ လီဗာပူးဟာ ဒီႏွစ္ထဲ အဂၤလန္မွာ ၿပိဳင္ပြဲအားလုံးကို အႏိုင္ရထားတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းကေတာ့ ခ်န္ပီယံကာကြယ္ရမယ့္ရာသီမွာ တာထြက္မတည္ၿငိမ္ခဲ့ဘဲ မထင္မွတ္ထားတဲ့ရႈံးပြဲ ၂ ပြဲ ႀကဳံေတြ႕ထားပါတယ္။

မန္စီးတီးရဲ႕အဓိကၿပိဳဳင္ဘက္အျဖစ္ ပရိသတ္ေတြျမင္တာက ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူလား ဒါမွမဟုတ္ လီဗာပူးလားလုိ႔ ေမးျမန္းေတာ့ ရိုဒရီက”ကၽြန္ေတာ္ မသိပါဘူး။အရင္က မန္ခ်က္စတာကို ကၽြန္ေတာ္တစ္ခါမွ မေရာက္ဖူးဘူး။ ဒီၿမိဳ႕က လူေတြ ဘယ္လိုခံစားတယ္ဆိုတာ ကၽြန္ေတာ္ မသိတာပါ။ ဒါေပမဲ့ ေလာေလာဆယ္ အႏိုင္ယူဖုိ႔ခက္တဲ့အသင္းက လီဗာပူးပါပဲ။ သူတို႔ဟာ ဥေရာပခ်န္ပီယံျဖစ္လို႔ ကၽြန္ေတာ္တို႔တင္မဟုတ္ဘဲ အားလုံးကလည္း သူတုိ႔ကို အႏိုင္ယူခ်င္ေနၾကတာပါ။ သူတုိ႔ဟာ အမ်ားႀကီးတိုးတက္လာၿပီး အရမ္းေကာင္းတဲ့အသင္းတစ္သင္းပါ။ လီဗာပူးဟာ အဂၤလန္နဲ႔ဥေရာပမွာ အေကာင္းဆုံးအသင္းပါပဲ”လို႔ ေျဖၾကားခဲ့ပါတယ္။

ရုိဒရီဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကမွ ကလပ္စံခ်ိန္တင္ေၾကး ေပါင္ ၆၂.၈ သန္းနဲ႔ ေရာက္လာခဲ့တာပါ။ သူဟာ မန္စီးတီးရဲ႕၀ါရင့္ကြငး္လယ္လူဖာနန္ဒင္ဟိုေနရာ ေရရွည္အစား၀င္မယ့္သူအျဖစ္လည္း ရႈျမင္ခံထားရပါတယ္။ လက္ရွိမွာလည္း ရိုဒရီဟာ မန္စီးတီးမွာ ပုံမွန္ပြဲထြက္ခြင့္ရေနပါတယ္။