လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ထိုက်တန်တယ်ဆိုတာ ဝန်ခံလိုက်တဲ့ ပေါ့ဂ်ဘာ

photo-gettyimages

photo-gettyimages

လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အားလုံးထက် ခေါင်းတစ်လုံးပိုမြင့်ခဲ့တယ်ဆိုတာကို မန်ယူကွင်းလယ်လူပေါ့ဂ်ဘာတစ်ယောက် လက်သင့်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ခါးသီးပြိုင်ဘက်က ကာလရှည်ကြာစောင့်ခဲ့ရတဲ့ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုဖလား ကိုင်မြှောက်တော့မှာကိုတော့ မလိုလားခဲ့ပါဘူး။ လီဗာပူးဟာ တနင်္လာညဝက်စ်ဟမ်းနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးကို ၂၂ မှတ်ဖြတ်လိုက်ပြီး ချန်ပီယံဆုအတွက် ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။

photo-gettyimages

ဒါ့အပြင် လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ အခုရာသီမှာ သူတို့ဆီကနေ အမှတ်ခွဲယူနိုင်ခဲ့တာဆိုလို့ မန်ယူတစ်သင်းတည်းသာ ရှိပါသေးတယ်။ လီဗာပူးရဲ့လက်ရှိစိုးမိုးထားမှုကို ပေါ့ဂ်ဘာက အသိအမှတ်ပြုခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အင်အားကြီးဖြစ်လာတာကိုတော့ မပျော်ရွှင်နိုင်ဖြစ်နေပါတယ်။

photo-gettyimages

”သူတို့ဟာ အားလုံးကိုချန်ထားပြီး အရမ်းကိုအဝေးကြီးရှေ့ရောက်နေတာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်မှာ ဒီတစ်ရာသီလုံးရှုံးပွဲတစ်ပွဲမှ မရှိသေးဘူး။ ပရီးမီးယားလိဂ်ဆုဖလားပေါ်တောင် လက်တစ်ဖက်တင်ထားနိုင်နေပြီ။ မန်ယူကစားသမားတစ်ယောက်အနေနဲ့ရယ်၊ ကျွန်တော်တို့ကြားက ပြိုင်ဆိုင်မှုရယ်ကြောင့် သူတို့ကိုတော့ ဖလားမရစေချင်ပါဘူး။ ကျွန်တော်တို့ကလွဲရင် ဘယ်သူ့ကိုမှ မရစေချင်တာပါ။ ဒါပေမဲ့ ဘောလုံးချစ်သူတစ်ယောက်အနေနဲ့ရယ်၊ ပြိုင်ဘက်အသင်းကိုလေးစားတဲ့ ကစားသမားတစ်ယောက်အနေနဲ့ရယ် သူတို့အခုရောက်နေတဲ့နေရာနဲ့ ထိုက်တန်တယ်လို့ ပြောရမှာပါ။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့ ပြီးခဲ့တဲ့ရာသီကထက်တောင် သူတို့ပိုကောင်းလာပါတယ်”လို့ ပေါ့ဂ်ဘာက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

[Zawgyi]

လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ထိုက္တန္တယ္ဆိုတာ ၀န္ခံလိုက္တဲ့ ေပါ့ဂ္ဘာ

လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ အားလုံးထက္ ေခါင္းတစ္လုံးပိုျမင့္ခဲ့တယ္ဆိုတာကို မန္ယူကြင္းလယ္လူေပါ့ဂ္ဘာတစ္ေယာက္ လက္သင့္ခံခဲ့ပါတယ္။ ဒါေပမဲ့ သူတုိ႔ရဲ႕ခါးသီးၿပိဳင္ဘက္က ကာလရွည္ၾကာေစာင့္ခဲ့ရတဲ့ ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုဖလား ကိုင္ေျမွာက္ေတာ့မွာကိုေတာ့ မလုိလားခဲ့ပါဘူး။ လီဗာပူးဟာ တနလၤာည၀က္စ္ဟမ္းႏိုင္ပြဲေၾကာင့္ ဒုတိယေနရာက မန္စီးတီးကို ၂၂ မွတ္ျဖတ္လိုက္ၿပီး ခ်န္ပီယံဆုအတြက္ ေရွ႕တစ္လွမ္းတိုးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ လီဗာပူးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးဘဲ အခုရာသီမွာ သူတို႔ဆီကေန အမွတ္ခြဲယူႏိုင္ခဲ့တာဆုိလို႔ မန္ယူတစ္သင္းတည္းသာ ရွိပါေသးတယ္။ လီဗာပူးရဲ႕လက္ရိွစိုးမိုးထားမႈကို ေပါ့ဂ္ဘာက အသိအမွတ္ျပဳခဲ့ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အင္အားႀကီးျဖစ္လာတာကိုေတာ့ မေပ်ာ္ရႊင္ႏုိင္ျဖစ္ေနပါတယ္။

”သူတို႔ဟာ အားလုံးကိုခ်န္ထားၿပီး အရမ္းကိုအေ၀းႀကီးေရွ႕ေရာက္ေနတာပါ။ သူတို႔ဟာ ပရီးမီးယားလိဂ္မွာ ဒီတစ္ရာသီလုံးရႈံးပြဲတစ္ပြဲမွ မရွိေသးဘူး။ ပရီးမီးယားလိဂ္ဆုဖလားေပၚေတာင္ လက္တစ္ဖက္တင္ထားႏိုင္ေနၿပီ။ မန္ယူကစားသမားတစ္ေယာက္အေနနဲ႔ရယ္၊ ကၽြန္ေတာ္တုိ႔ၾကားက ၿပိဳင္ဆိုင္မႈရယ္ေၾကာင့္ သူတုိ႔ကိုေတာ့ ဖလားမရေစခ်င္ပါဘူး။ ကၽြန္ေတာ္တုိ႔ကလြဲရင္ ဘယ္သူ႔ကိုမွ မရေစခ်င္တာပါ။ ဒါေပမဲ့ ေဘာလံုးခ်စ္သူတစ္ေယာက္အေနနဲ႔ရယ္၊ ၿပိဳင္ဘက္အသငး္ကိုေလးစားတဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ရယ္ သူတို႔အခုေရာက္ေနတဲ့ေနရာနဲ႔ ထိုက္တန္တယ္လို႔ ေျပာရမွာပါ။ ခ်န္ပီယံလိဂ္မွာ ဗုိလ္စြဲတဲ့ ၿပီးခဲ့တဲ့ရာသီကထက္ေတာင္ သူတို႔ပိုေကာင္းလာပါတယ္”လို႔ ေပါ့ဂ္ဘာက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။