လီဗာပူးလ်အသင်းအတွက် ဂိုး(၁၀၀)ပြည့်ခဲ့တဲ့ မာနေး အပတ်တိုင်း ပဲလေ့စ်နဲ့ပဲကစားလိုတယ်လို့ နောက်ပြောင်

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်-ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းက မာနေး၊ ဆာလာ၊ ကီတာတို့ရဲ့ဂိုးတွေနဲ့ (၃-၀)ဂိုးပြတ်အနိုင်ရခဲ့ပြီး အဖွင့်ဂိုးသွင်းယူခဲ့တဲ့ မာနေးဟာ လီဗာပူးလ်အသင်းအတွက် ဂိုး(၁၀၀)ပြည့်မြောက်သွားပြီဖြစ်ပါတယ်။

မာနေးဟာ ပထမပိုင်း(၄၃)မိနစ်မှာ ပဲလေ့စ်ဂိုးသမားဂွိုင်တာပုတ်ထုတ်လိုက်တာကနေ ပြန်ထွက်လာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းယူခဲ့တာဖြစ်ပြီး

မကြာသေးခင်က ဆာလာ ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ရာပြည့်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် မာနေးကလည်း လီဗာပူးလ်ကစားသမားဘဝသွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

မာနေးဟာ ပွဲပေါင်း(၂၂၄)ပွဲကစားအပြီးမှာ ရာပြည့်ဂိုးမှတ်တမ်းပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုး(၁၀၀)ပြည့်သွင်းယူခဲ့တဲ့ (၁၈)ယောက်မြောက်ကစားသမားအဖြစ်ရပ်တည်နိုင်ပြီဖြစ်သလို

လီဗာပူးလ်ဂန္ထဝင်ကြီးတွေဖြစ်တဲ့ ဂျွန်ဘမ်းစ်(၁၀၈ဂိုး)၊ အီယန်စိန့်ဂျွန်(၁၁၈ဂိုး)တို့ကိုလည်း မကြာခင် အမီလိုက်နိုင်ဖို့ရှိနေပါပြီ။

ဒါ့အပြင် မာနေးဟာ အခုပွဲအပါအဝင် ပဲလေ့စ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၉)ပွဲဆက် ဂိုးသွင်းခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသင်းတစ်သင်းတည်းကို ပွဲဆက်အများဆုံးဂိုးသွင်းသူအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

ပဲလေ့စ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၁၄)ပွဲမှာ မာနေး သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၁၃)ဂိုးအထိရှိတာကြောင့် မာနေးက အပတ်တိုင်းမှာ ပဲလေ့စ်နဲ့ပဲကစားချင်တယ်လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။

မာနေးက “ပဲလေ့စ်နဲ့ပဲအမြဲတမ်းကစားချင်ပါတယ်။

သူတို့နဲ့ကစားတဲ့ပွဲဆိုရင် ကျွန်တော် ကံကောင်းလေ့ရှိလို့ပါ။ ဖြစ်နိုင်လို့ရှိရင် လာမယ့်အပတ်တိုင်းမှာ ပဲလေ့စ်နဲ့ပဲကစားခွင့်ရမယ်ဆို တော်တော်ကောင်းမှာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

မာနေးဟာ အရင်ကတည်းက ပရီးမီးယားလိဂ်မှာ စံချိန်ကောင်းတချို့ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တုန်းက ဆောက်သမ်တန်အသင်းဟာ ဆာလ်ဘာ့ဂ်အသင်းဆီကနေ မာနေးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၁၁.၈)သန်းနဲ့ခေါ်ယူခဲ့သလို

ဗီလာအသင်းကို (၆-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲတုန်းက (၁၇၆)စက္ကန့်အတွင်း ဟက်ထရစ်သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးဟက်ထရစ်သွင်းဂိုးပိုင်ရှင်အဖြစ် ရပ်တည်နေတာပါ။

အဲဒီနောက် ၂၀၁၆ ခုနှစ်မှာ လီဗာပူးလ်အသင်းက မာနေးကို ပေါင်(၃၄)သန်းနဲ့ခေါ်ယူခဲ့တာကြောင့် အဲဒီအချိန်က မာနေးဟာ အာဖရိက,ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးအဖြစ်စံချိန်တင်နိုင်ခဲ့ပြီး

လီဗာပူးလ်ကို စတင်ရောက်ရှိခဲ့ချိန်ကတည်းက အသင်းအတွက်ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့တဲ့အပြင် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ဆုဖလားတွေရယူပေးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မာနေးကို တစ်ပတ်ပေါင်(၂)သိန်းအထိတိုးမြှင့်ပေးပြီးတော့ ၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီး အဲဒီစာချုပ်သစ်အရ မာနေးဟာ လီဗာပူးလ်အသင်းမှာ အသက်(၃၄)နှစ်အရွယ်အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

လီဗာပူးလ္အသင္းအတြက္ ဂိုး(၁၀၀)ျပည့္ခဲ့တဲ့ မာေနး အပတ္တိုင္း ပဲေလ့စ္နဲ႔ပဲကစားလိုတယ္လို႔ ေနာက္ေျပာင္

ပရီးမီးယားလိဂ္ပြဲစဥ္(၅)ပြဲစဥ္တစ္ပြဲျဖစ္တဲ့ လီဗာပူးလ္-ပဲေလ့စ္နဲ႔ပြဲမွာ လီဗာပူးလ္အသင္းက မာေနး၊ ဆာလာ၊ ကီတာတို႔ရဲ႕ဂိုးေတြနဲ႔ (၃-၀)ဂိုးျပတ္အႏိုင္ရခဲ့ၿပီး အဖြင့္ဂိုးသြင္းယူခဲ့တဲ့ မာေနးဟာ လီဗာပူးလ္အသင္းအတြက္ ဂိုး(၁၀၀)ျပည့္ေျမာက္သြားၿပီျဖစ္ပါတယ္။ မာေနးဟာ ပထမပိုင္း(၄၃)မိနစ္မွာ ပဲေလ့စ္ဂိုးသမားဂြိဳင္တာပုတ္ထုတ္လိုက္တာကေန ျပန္ထြက္လာတဲ့ေဘာလုံးကို အပိုင္ပိတ္သြင္းယူခဲ့တာျဖစ္ၿပီး မၾကာေသးခင္က ဆာလာ ကစားသမားဘဝတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ရာျပည့္ဂိုးသြင္းယူခဲ့ၿပီးတဲ့ေနာက္ မာေနးကလည္း လီဗာပူးလ္ကစားသမားဘဝသြင္းဂိုး(၁၀၀)ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။

မာေနးဟာ ပြဲေပါင္း(၂၂၄)ပြဲကစားအၿပီးမွာ ရာျပည့္ဂိုးမွတ္တမ္းပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ၿပီး အသင္းအတြက္ ဂိုး(၁၀၀)ျပည့္သြင္းယူခဲ့တဲ့ (၁၈)ေယာက္ေျမာက္ကစားသမားအျဖစ္ရပ္တည္ႏိုင္ၿပီျဖစ္သလို လီဗာပူးလ္ဂႏၴဝင္ႀကီးေတြျဖစ္တဲ့ ဂြၽန္ဘမ္းစ္(၁၀၈ဂိုး)၊ အီယန္စိန႔္ဂြၽန္(၁၁၈ဂိုး)တို႔ကိုလည္း မၾကာခင္ အမီလိုက္ႏိုင္ဖို႔ရွိေနပါၿပီ။ ဒါ့အျပင္ မာေနးဟာ အခုပြဲအပါအဝင္ ပဲေလ့စ္အသင္းနဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၉)ပြဲဆက္ ဂိုးသြင္းခဲ့တာေၾကာင့္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အသင္းတစ္သင္းတည္းကို ပြဲဆက္အမ်ားဆုံးဂိုးသြင္းသူအျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။ ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၁၄)ပြဲမွာ မာေနး သြင္းယူခဲ့တဲ့ဂိုးအေရအတြက္က (၁၃)ဂိုးအထိရွိတာေၾကာင့္ မာေနးက အပတ္တိုင္းမွာ ပဲေလ့စ္နဲ႔ပဲကစားခ်င္တယ္လို႔ ေနာက္ေျပာင္ေျပာဆိုခဲ့ပါတယ္။

မာေနးက “ပဲေလ့စ္နဲ႔ပဲအၿမဲတမ္းကစားခ်င္ပါတယ္။ သူတို႔နဲ႔ကစားတဲ့ပြဲဆိုရင္ ကြၽန္ေတာ္ ကံေကာင္းေလ့ရွိလို႔ပါ။ ျဖစ္ႏိုင္လို႔ရွိရင္ လာမယ့္အပတ္တိုင္းမွာ ပဲေလ့စ္နဲ႔ပဲကစားခြင့္ရမယ္ဆို ေတာ္ေတာ္ေကာင္းမွာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ မာေနးဟာ အရင္ကတည္းက ပရီးမီးယားလိဂ္မွာ စံခ်ိန္ေကာင္းတခ်ိဳ႕ပိုင္ဆိုင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္တုန္းက ေဆာက္သမ္တန္အသင္းဟာ ဆာလ္ဘာ့ဂ္အသင္းဆီကေန မာေနးကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္(၁၁.၈)သန္းနဲ႔ေခၚယူခဲ့သလို ဗီလာအသင္းကို (၆-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲတုန္းက (၁၇၆)စကၠန႔္အတြင္း ဟက္ထရစ္သြင္းယူခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အျမန္ဆုံးဟက္ထရစ္သြင္းဂိုးပိုင္ရွင္အျဖစ္ ရပ္တည္ေနတာပါ။

အဲဒီေနာက္ ၂၀၁၆ ခုႏွစ္မွာ လီဗာပူးလ္အသင္းက မာေနးကို ေပါင္(၃၄)သန္းနဲ႔ေခၚယူခဲ့တာေၾကာင့္ အဲဒီအခ်ိန္က မာေနးဟာ အာဖရိက,ကစားသမားေတြထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့ၿပီး လီဗာပူးလ္ကို စတင္ေရာက္ရွိခဲ့ခ်ိန္ကတည္းက အသင္းအတြက္ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ဆုဖလားေတြရယူေပးႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ အသင္းရဲ႕အဓိကတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ မာေနးကို တစ္ပတ္ေပါင္(၂)သိန္းအထိတိုးျမႇင့္ေပးၿပီးေတာ့ ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးဖို႔ စီစဥ္ေနၿပီး အဲဒီစာခ်ဳပ္သစ္အရ မာေနးဟာ လီဗာပူးလ္အသင္းမွာ အသက္(၃၄)ႏွစ္အ႐ြယ္အထိ ဆက္ရွိေနမွာျဖစ္ပါတယ္။