လီဗာပူးလ်နဲ့ပွဲက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ်လို့ ဖိုဒန် သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းတိုက်စစ်ကစားသမား ဖိုဒန်က လီဗာပူးလ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲဟာ ဒီရာသီချန်ပီယံဆုအတွက် အဓိကကျတဲ့ပွဲဖြစ်လာမယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ လီဗာပူးလ်တို့ အကြိတ်အနယ်ယှဉ်လုခဲ့ရပြီး ဒီရာသီမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ချန်ပီယံပြေးလမ်းကြောင်းထဲ ရောက်လာပေမယ့် ဖိုဒန်က မန်ချက်စတာယူနိုက်တက်အသင်းထက် လီဗာပူးလ်ကို ပိုသတိထားရမယ်လို့ ပြောကြားခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီနေ့မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်မှာ လီဗာပူးလ်အသင်းကို အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး မနှစ်ကတော့ အန်ဖီးလ်မှာ မန်စီးတီးအသင်း (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဖိုဒန်က “လီဗာပူးလ်နဲ့ကစားမယ့်ပွဲဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ကျွန်တော်တို့အတွက် အခက်ခဲဆုံးပွဲတစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့ အနိုင်ရခဲ့ရင် တကယ့်ကိုကြီးမားတဲ့နိုင်ပွဲအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိဖို့ ပိုနီးစပ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

၂၀၁၈-၁၉ ရာသီတုန်းက အိမ်ကွင်းမှာ လီဗာပူးလ်ကို ကျွန်တော်တို့အနိုင်ယူခဲ့ပြီး အဲဒီအချိန်က အကြိတ်အနယ်ကစားရတဲ့ ခံစားချက်က တကယ့်ကိုပြောမပြတတ်အောင်ပါပဲ။ အဲဒီပွဲကို ကျွန်တော့်စိတ်ထဲ အခုထိစွဲနေတုန်းပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ရင်ဆိုင်ရတိုင်း ကျွန်တော်တို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး သူတို့ကို အဝေးကွင်းနိုင်ပွဲမရတာလည်း ကြာနေပါပြီ။

ဒီတစ်ကြိမ်မှာတော့ အဲဒီအနေအထားကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်မိပြီး ဒီပွဲက တကယ့်ကိုပွဲကြီးပွဲကောင်းဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်(၂၁)ပွဲကစားခဲ့ပြီး (၄၇)မှတ်နဲ့ ထိပ်ဆုံးကဦးဆောင်နေသလို အနီးစပ်ဆုံးပြိုင်ဘက် ယူနိုက်တက်ထက် (၂)ပွဲလျော့၊ (၂)မှတ်ဖြတ်ထားဆဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးနဲ့ (၇)မှတ်အထိကွာဟနေပြီး လက်ရှိချန်ပီယံဘွဲ့ကာကွယ်ဖို့ မသေချာတဲ့အနေအထားဖြစ်နေပါပြီ။

ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ မန်စီးတီးကို ၂၀၀၃ ခုနှစ်တုန်းက အန်ဖီးလ်မှာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိတော့ဘဲ (၁၃)ပွဲနိုင်၊ (၆)ပွဲသရေကစားနိုင်ခဲ့တာကြောင့် အခုပွဲမှာလည်း အဲဒီမှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးလ္နဲ႔ပြဲက ခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ေပးမယ္လို႔ ဖိုဒန္ သုံးသပ္

မန္စီးတီးအသင္းတိုက္စစ္ကစားသမား ဖိုဒန္က လီဗာပူးလ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲဟာ ဒီရာသီခ်န္ပီယံဆုအတြက္ အဓိကက်တဲ့ပြဲျဖစ္လာမယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ အႀကိတ္အနယ္ယွဥ္လုခဲ့ရၿပီး ဒီရာသီမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းက ခ်န္ပီယံေျပးလမ္းေၾကာင္းထဲ ေရာက္လာေပမယ့္ ဖိုဒန္က မန္ခ်က္စတာယူႏိုက္တက္အသင္းထက္ လီဗာပူးလ္ကို ပိုသတိထားရမယ္လို႔ ေျပာၾကားခဲ့တာပါ။ မန္စီးတီးအသင္းဟာ ဒီေန႔ျမန္မာစံေတာ္ခ်ိန္ (၁၁:၀၀)နာရီအခ်ိန္မွာ လီဗာပူးလ္အသင္းကို အေဝးကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး မႏွစ္ကေတာ့ အန္ဖီးလ္မွာ မန္စီးတီးအသင္း (၃-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။

ဖိုဒန္က “လီဗာပူးလ္နဲ႔ကစားမယ့္ပြဲဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ကြၽန္ေတာ္တို႔အတြက္ အခက္ခဲဆုံးပြဲတစ္ပြဲျဖစ္လာမွာပါ။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့ရင္ တကယ့္ကိုႀကီးမားတဲ့ႏိုင္ပြဲအျဖစ္ သတ္မွတ္ရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရရွိဖို႔ ပိုနီးစပ္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ၂၀၁၈-၁၉ ရာသီတုန္းက အိမ္ကြင္းမွာ လီဗာပူးလ္ကို ကြၽန္ေတာ္တို႔အႏိုင္ယူခဲ့ၿပီး အဲဒီအခ်ိန္က အႀကိတ္အနယ္ကစားရတဲ့ ခံစားခ်က္က တကယ့္ကိုေျပာမျပတတ္ေအာင္ပါပဲ။ အဲဒီပြဲကို ကြၽန္ေတာ့္စိတ္ထဲ အခုထိစြဲေနတုန္းပဲျဖစ္ပါတယ္။ ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ အန္ဖီးလ္မွာ လီဗာပူးလ္နဲ႔ရင္ဆိုင္ရတိုင္း ကြၽန္ေတာ္တို႔ ခက္ခက္ခဲခဲကစားခဲ့ရၿပီး သူတို႔ကို အေဝးကြင္းႏိုင္ပြဲမရတာလည္း ၾကာေနပါၿပီ။ ဒီတစ္ႀကိမ္မွာေတာ့ အဲဒီအေနအထားကို ေျပာင္းလဲႏိုင္မယ္လို႔ ေမွ်ာ္လင့္မိၿပီး ဒီပြဲက တကယ့္ကိုပြဲႀကီးပြဲေကာင္းျဖစ္လာမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္(၂၁)ပြဲကစားခဲ့ၿပီး (၄၇)မွတ္နဲ႔ ထိပ္ဆုံးကဦးေဆာင္ေနသလို အနီးစပ္ဆုံးၿပိဳင္ဘက္ ယူႏိုက္တက္ထက္ (၂)ပြဲေလ်ာ့၊ (၂)မွတ္ျဖတ္ထားဆဲျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာရႈံးနိမ့္ခဲ့တာေၾကာင့္ မန္စီးတီးနဲ႔ (၇)မွတ္အထိကြာဟေနၿပီး လက္ရွိခ်န္ပီယံဘြဲ႕ကာကြယ္ဖို႔ မေသခ်ာတဲ့အေနအထားျဖစ္ေနပါၿပီ။ ဒါေပမဲ့ လီဗာပူးလ္အသင္းဟာ မန္စီးတီးကို ၂၀၀၃ ခုႏွစ္တုန္းက အန္ဖီးလ္မွာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးကတည္းက ပရီးမီးယားလိဂ္အပါအဝင္ ၿပိဳင္ပြဲစုံမွာ ရႈံးပြဲလုံးဝမရွိေတာ့ဘဲ (၁၃)ပြဲႏိုင္၊ (၆)ပြဲသေရကစားႏိုင္ခဲ့တာေၾကာင့္ အခုပြဲမွာလည္း အဲဒီမွတ္တမ္းေကာင္းကို ဆက္ထိန္းႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။