လီဗာပူးလ်နဲ့ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း(၅)ပွဲမှာ ရာနီရေးရီ (၄)ပွဲအထိအနိုင်ရခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၈)အဖြစ် ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီနှစ်သင်းရဲ့လက်ရှိစွမ်းဆောင်ရည်မှတ်တမ်းအရ

လီဗာပူးလ်ပဲအနိုင်ရဖို့ရေပန်းစားနေပေမယ့် အစဉ်အလာမှတ်တမ်းတွေအရ ချန်ပီယံဟောင်းအသင်းအတွက် သိပ်တော့မလွယ်ကူနိုင်ပါဘူး။

လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၇)ကစားအပြီးမှာ (၄)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁၅)မှတ်ရရှိထားပြီး ချယ်လ်ဆီးအသင်းနဲ့တစ်မှတ်အကွာ အဆင့်(၂)နေရာကနေ ဖိအားလိုက်ပေးနေသလို ပရီးမီးယားလိဂ်မှာရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေတာပါ။

ဝက်ဖို့ဒ်အသင်းကတော့ (၇)ပွဲကစားအပြီး (၂)ပွဲသာအနိုင်ရခဲ့တဲ့အပြင် အဆင့်(၁၅)နေရာရောက်ရှိနေတဲ့အတွက် မကြာသေးခင်က

နည်းပြဆစ္စကို,ကို ရာထူးကထုတ်ပယ်ခဲ့ပြီးတော့ လက်စတာအသင်းနဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုရယူခဲ့သူ ၀ါရင့်နည်းပြကြီးရာနီရေးရီကို နည်းပြသစ်ခန့်အပ်ခဲ့ပါတယ်။

ဝက်ဖို့ဒ်နဲ့ဆုံတွေ့ခဲ့တဲ့မှတ်တမ်းတွေမှာ လီဗာပူးလ်အသင်းက ပြတ်ပြတ်သားသားအသာရခဲ့ပေမယ့်လည်း သူတို့အတွက် ဘယ်တော့မှမမေ့နိုင်မယ့်ရှုံးပွဲကြုံတွေ့အောင် ဝက်ဖို့ဒ်အသင်း စွမ်းဆောင်ပြခဲ့ဖူးပါတယ်။

၂၀၁၉-၂၀ ရာသီတုန်းက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာပထမဆုံးအကြိမ်၊ အသင်းသမိုင်းတစ်လျှောက်

နှစ်ပေါင်း(၃၀)အကြာမှာ အမှတ်ပေးဖလားကို ပြန်လည်ဆွတ်ခူးခဲ့ပြီး တစ်ချိန်က အာဆင်နယ်အသင်းတင်ရှိခဲ့တဲ့ တစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းနဲ့ချန်ပီယံဖြစ်ဖို့အထိ နီးစပ်ခဲ့ဖူးပါတယ်။

(၂၇)ပွဲကစားပြီးချိန်အထိ လီဗာပူးလ်အသင်းဟာ ရှုံးပွဲမရှိခဲ့ဘဲ (၂၆)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပြီး ပွဲစဉ်(၂၈)အဖြစ် ဝက်ဖို့ဒ်နဲ့အဝေးကွင်းပွဲအဖြစ်ရင်ဆိုင်ခဲ့ရချိန်မှာ (၃-၀)ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တာကြောင့် ရှုံးပွဲမရှိချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရမယ့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက် နောက်ထပ်စိုးရိမ်စရာကောင်းတဲ့မှတ်တမ်းကလည်း အခု ဝက်ဖို့ဒ်အသင်းနည်းပြသစ်ဖြစ်လာတဲ့ ရာနီရေးရီနဲ့ထိပ်တိုက်ဆုံတွေ့မှုမှတ်တမ်းမှာ အသာမရခဲ့တာပါပဲ။

ရာနီရေးရီဟာ ချယ်လ်ဆီးအသင်းကို,ကိုင်တွယ်ခဲ့ချိန်တုန်းက အိမ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့(၄)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ၂၀၀၀၊ အောက်တိုဘာ(၁)ရက်မှာ (၃-၀)ဂိုး၊ ၂၀၀၁၊

ဒီဇင်ဘာ(၁၆)ရက်မှာ (၄-၀)ဂိုး၊ ၂၀၀၃၊ မေလ(၁၁)ရက်မှာ (၂-၁)ဂိုးတွေနဲ့အနိုင်ရခဲ့ပြီးမှ ချယ်လ်ဆီးနည်းပြဘဝနောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီ(၇)ရက်မှာ လီဗာပူးလ်အသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

လက်စတာအသင်းနည်းပြဘဝမှာတော့ ၂၀၁၆၊ ဖေဖော်ဝါရီ(၂)ရက်တုန်းက လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ (၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပြန်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဒီလိုအစဉ်အလာတွေအပြင် အခုပွဲမှာ အားထားရတဲ့ကစားသမားတချို့မပါဝင်နိုင်တာကြောင့် နည်းပြကြီး ယာဂန်ကလော့ပ်တစ်ယောက် မှတ်တမ်းဆိုးတွေကို ကျော်ဖြတ်ပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးလ္နဲ႔ဆုံေတြ႕ခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္း(၅)ပြဲမွာ ရာနီေရးရီ (၄)ပြဲအထိအႏိုင္ရခဲ့

ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္း လီဗာပူးလ္အသင္းဟာ ပြဲစဥ္(၈)အျဖစ္ ဝက္ဖို႔ဒ္အသင္းကို အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒီႏွစ္သင္းရဲ႕လက္ရွိစြမ္းေဆာင္ရည္မွတ္တမ္းအရ လီဗာပူးလ္ပဲအႏိုင္ရဖို႔ေရပန္းစားေနေပမယ့္ အစဥ္အလာမွတ္တမ္းေတြအရ ခ်န္ပီယံေဟာင္းအသင္းအတြက္ သိပ္ေတာ့မလြယ္ကူႏိုင္ပါဘူး။ လီဗာပူးလ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္(၇)ကစားအၿပီးမွာ (၄)ပြဲႏိုင္၊ (၃)ပြဲသေရ၊ (၁၅)မွတ္ရရွိထားၿပီး ခ်ယ္လ္ဆီးအသင္းနဲ႔တစ္မွတ္အကြာ အဆင့္(၂)ေနရာကေန ဖိအားလိုက္ေပးေနသလို ပရီးမီးယားလိဂ္မွာရႈံးပြဲမရွိေသးတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနတာပါ။ ဝက္ဖို႔ဒ္အသင္းကေတာ့ (၇)ပြဲကစားအၿပီး (၂)ပြဲသာအႏိုင္ရခဲ့တဲ့အျပင္ အဆင့္(၁၅)ေနရာေရာက္ရွိေနတဲ့အတြက္ မၾကာေသးခင္က နည္းျပဆစၥကို,ကို ရာထူးကထုတ္ပယ္ခဲ့ၿပီးေတာ့ လက္စတာအသင္းနဲ႔ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူခဲ့သူ ၀ါရင့္နည္းျပႀကီးရာနီေရးရီကို နည္းျပသစ္ခန႔္အပ္ခဲ့ပါတယ္။ ဝက္ဖို႔ဒ္နဲ႔ဆုံေတြ႕ခဲ့တဲ့မွတ္တမ္းေတြမွာ လီဗာပူးလ္အသင္းက ျပတ္ျပတ္သားသားအသာရခဲ့ေပမယ့္လည္း သူတို႔အတြက္ ဘယ္ေတာ့မွမေမ့ႏိုင္မယ့္ရႈံးပြဲႀကဳံေတြ႕ေအာင္ ဝက္ဖို႔ဒ္အသင္း စြမ္းေဆာင္ျပခဲ့ဖူးပါတယ္။

၂၀၁၉-၂၀ ရာသီတုန္းက လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္မွာပထမဆုံးအႀကိမ္၊ အသင္းသမိုင္းတစ္ေလွ်ာက္ ႏွစ္ေပါင္း(၃၀)အၾကာမွာ အမွတ္ေပးဖလားကို ျပန္လည္ဆြတ္ခူးခဲ့ၿပီး တစ္ခ်ိန္က အာဆင္နယ္အသင္းတင္ရွိခဲ့တဲ့ တစ္ရာသီလုံးရႈံးပြဲမရွိမွတ္တမ္းနဲ႔ခ်န္ပီယံျဖစ္ဖို႔အထိ နီးစပ္ခဲ့ဖူးပါတယ္။ (၂၇)ပြဲကစားၿပီးခ်ိန္အထိ လီဗာပူးလ္အသင္းဟာ ရႈံးပြဲမရွိခဲ့ဘဲ (၂၆)ပြဲႏိုင္၊ (၁)ပြဲသေရက်ခဲ့ၿပီး ပြဲစဥ္(၂၈)အျဖစ္ ဝက္ဖို႔ဒ္နဲ႔အေဝးကြင္းပြဲအျဖစ္ရင္ဆိုင္ခဲ့ရခ်ိန္မွာ (၃-၀)ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့တာေၾကာင့္ ရႈံးပြဲမရွိခ်န္ပီယံအျဖစ္ ေအာင္ပြဲခံခြင့္ရမယ့္အခြင့္အေရးကို လက္လႊတ္ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ ေနာက္ထပ္စိုးရိမ္စရာေကာင္းတဲ့မွတ္တမ္းကလည္း အခု ဝက္ဖို႔ဒ္အသင္းနည္းျပသစ္ျဖစ္လာတဲ့ ရာနီေရးရီနဲ႔ထိပ္တိုက္ဆုံေတြ႕မႈမွတ္တမ္းမွာ အသာမရခဲ့တာပါပဲ။ ရာနီေရးရီဟာ ခ်ယ္လ္ဆီးအသင္းကို,ကိုင္တြယ္ခဲ့ခ်ိန္တုန္းက အိမ္ကြင္းမွာ လီဗာပူးလ္အသင္းနဲ႔(၄)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး ၂၀၀၀၊ ေအာက္တိုဘာ(၁)ရက္မွာ (၃-၀)ဂိုး၊ ၂၀၀၁၊ ဒီဇင္ဘာ(၁၆)ရက္မွာ (၄-၀)ဂိုး၊ ၂၀၀၃၊ ေမလ(၁၁)ရက္မွာ (၂-၁)ဂိုးေတြနဲ႔အႏိုင္ရခဲ့ၿပီးမွ ခ်ယ္လ္ဆီးနည္းျပဘဝေနာက္ဆုံးႏွစ္ျဖစ္တဲ့ ၂၀၀၄ ခုႏွစ္၊ ဇန္နဝါရီ(၇)ရက္မွာ လီဗာပူးလ္အသင္းကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ လက္စတာအသင္းနည္းျပဘဝမွာေတာ့ ၂၀၁၆၊ ေဖေဖာ္ဝါရီ(၂)ရက္တုန္းက လီဗာပူးလ္အသင္းကို အိမ္ကြင္းမွာ (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့ျပန္ပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ ဒီလိုအစဥ္အလာေတြအျပင္ အခုပြဲမွာ အားထားရတဲ့ကစားသမားတခ်ိဳ႕မပါဝင္ႏိုင္တာေၾကာင့္ နည္းျပႀကီး ယာဂန္ကေလာ့ပ္တစ္ေယာက္ မွတ္တမ္းဆိုးေတြကို ေက်ာ္ျဖတ္ျပႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ . . .