လီဗာပူးလ်တစ်လတာအကောင်းဆုံးဆုရရှိခဲ့သူ ဆာလာ နိုင်ပွဲတွေဆက်လက်ရယူသွားမယ်လို့ကတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းအတွက်ခြေစွမ်းပြဂိုးတွေဆက်တိုက်သွင်းယူနေတဲ့ အီဂျစ်နာမည်ကျော်ကစားသမားဆာလာဟာ စက်တင်ဘာလအတွက် လီဗာပူးလ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီး

သူက အသင်းအတွက်နိုင်ပွဲတွေဆက်လက်ရယူနိုင်အောင်ကြိုးစားသွားမယ်လို့ ကတိပေးစကားဆိုခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ်မှာ (၇)ပွဲကစား၊ (၆)ဂိုးအထိသွင်းယူထားပြီး ပြီးခဲ့တဲ့နှစ်ပတ်လောက်က မန်စီးတီးအသင်းနဲ့အန်ဖီးလ်ကွင်းမှာကစားခဲ့တုန်းက အသင်းအတွက် ဒုတိယဂိုးကို ပဥ္စလက်ဆန်တဲ့ခြေစွမ်းနဲ့သွင်းယူခဲ့တာဖြစ်ပါတယ်။

ဆာလာအနေနဲ့ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် စီရော်နယ်လ်ဒိုကို အရှုံးပေးခဲ့ရပေမယ့် လီဗာပူးလ်အသင်းရဲ့တစ်လတာအကောင်းဆုံးဆုကိုတော့ ပြိုင်ဘက်မရှိဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုလောလောဆယ် လီဗာပူးလ်အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ကိစ္စ အဆင်မပြေဖြစ်နေပေမယ့် ဆာလာကတော့ အသင်းအတွက်နိုင်ပွဲတွေ ဆက်လက်ရယူပေးဖို့နဲ့ ဆုဖလားအောင်မြင်မှုတွေရရှိဖို့အတွက် ကြိုးစားပေးသွားမယ်လို့ ကတိပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ဆာလာက “လီဗာပူးလ်အသင်း နိုင်ပွဲတွေဆက်တိုက်ရယူသမျှ ကျွန်တော်ကျေနပ်ဝမ်းသာမိမှာဖြစ်ပါတယ်။

ကျွန်တော်က အသင်းအတွက် ဂိုးတွေသွင်းယူနိုင်အောင်၊ နိုင်ပွဲတွေရရှိအောင် အမြဲတမ်းကူညီပေးနေမှာဖြစ်ပြီး ဒါက အရေးအကြီးဆုံးအချက်ပါပဲ။

ဆုဖလားတွေရယူနိုင်ဖို့ ကျွန်တော်တို့တွေအားလုံး ပွဲတိုင်းမှာ အကောင်းဆုံးပုံစံပြသနိုင်ဖို့လိုအပ်ပြီး အသင်းမှာ အဲဒီလိုအရည်အသွေးပြည့်ဝတဲ့သူတွေ အများကြီးရှိတယ်လို့လည်း ကျွန်တော်ယူဆပါတယ်။

ကျွန်တော်တို့အသင်းက ထိပ်သီးအသင်းတစ်သင်းဖြစ်တာကြောင့် ဆုဖလားအောင်မြင်မှုတွေတစ်ခုမဟုတ်တစ်ခု ရယူနိုင်ဖို့လိုပါတယ်။

အသင်းဖော်တွေကလည်း အဲဒီအတိုင်းပဲ ဆန္ဒရှိနေမယ်လို့ ယုံကြည်ပြီး ဒီရာသီမှာ ဆုဖလားတစ်ခုခုရယူပြီးအဆုံးသတ်နိုင်ဖို့ ကြိုးစားရမှာပါ”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ကစားသမားဘဝတစ်လျှောက် (၂၁၂)ပွဲကစား၊ (၁၃၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှုအကြိမ်(၅၀)ပြုလုပ်ထားတဲ့ ဆာလာဟာ ၂၀၂၃ ခုနှစ်ကျရင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး

လီဗာပူးလ်အသင်းက သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပေမယ့် ဆာလာက တစ်ပတ်ကို ပေါင်(၃၀၀,၀၀၀)အထိလိုချင်နေတာကြောင့် ဒါက အသင်းရဲ့လစာငွေစည်းမျဉ်းနဲ့မကိုက်ညီတဲ့အတွက် စာချုပ်ကိစ္စအဆင်မပြေဖြစ်နေတာပါ။

လာမယ့်နှစ်၊ ဇန်နဝါရီကျရင် ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆင်နွှဲရမှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အတွက်သာမက တစ်ချိန်ကျရင် ဆာလာရဲ့နေရာမှာအစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးလ္တစ္လတာအေကာင္းဆုံးဆုရရွိခဲ့သူ ဆာလာ ႏိုင္ပြဲေတြဆက္လက္ရယူသြားမယ္လို႔ကတိေပး

လီဗာပူးလ္အသင္းအတြက္ေျခစြမ္းျပဂိုးေတြဆက္တိုက္သြင္းယူေနတဲ့ အီဂ်စ္နာမည္ေက်ာ္ကစားသမားဆာလာဟာ စက္တင္ဘာလအတြက္ လီဗာပူးလ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ၿပီး သူက အသင္းအတြက္ႏိုင္ပြဲေတြဆက္လက္ရယူႏိုင္ေအာင္ႀကိဳးစားသြားမယ္လို႔ ကတိေပးစကားဆိုခဲ့ပါတယ္။ အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ္မွာ (၇)ပြဲကစား၊ (၆)ဂိုးအထိသြင္းယူထားၿပီး ၿပီးခဲ့တဲ့ႏွစ္ပတ္ေလာက္က မန္စီးတီးအသင္းနဲ႔အန္ဖီးလ္ကြင္းမွာကစားခဲ့တုန္းက အသင္းအတြက္ ဒုတိယဂိုးကို ပၪၥလက္ဆန္တဲ့ေျခစြမ္းနဲ႔သြင္းယူခဲ့တာျဖစ္ပါတယ္။

ဆာလာအေနနဲ႔ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ စီေရာ္နယ္လ္ဒိုကို အရႈံးေပးခဲ့ရေပမယ့္ လီဗာပူးလ္အသင္းရဲ႕တစ္လတာအေကာင္းဆုံးဆုကိုေတာ့ ၿပိဳင္ဘက္မရွိဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အခုေလာေလာဆယ္ လီဗာပူးလ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ကိစၥ အဆင္မေျပျဖစ္ေနေပမယ့္ ဆာလာကေတာ့ အသင္းအတြက္ႏိုင္ပြဲေတြ ဆက္လက္ရယူေပးဖို႔နဲ႔ ဆုဖလားေအာင္ျမင္မႈေတြရရွိဖို႔အတြက္ ႀကိဳးစားေပးသြားမယ္လို႔ ကတိျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆာလာက “လီဗာပူးလ္အသင္း ႏိုင္ပြဲေတြဆက္တိုက္ရယူသမွ် ကြၽန္ေတာ္ေက်နပ္ဝမ္းသာမိမွာျဖစ္ပါတယ္။ ကြၽန္ေတာ္က အသင္းအတြက္ ဂိုးေတြသြင္းယူႏိုင္ေအာင္၊ ႏိုင္ပြဲေတြရရွိေအာင္ အၿမဲတမ္းကူညီေပးေနမွာျဖစ္ၿပီး ဒါက အေရးအႀကီးဆုံးအခ်က္ပါပဲ။ ဆုဖလားေတြရယူႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေတြအားလုံး ပြဲတိုင္းမွာ အေကာင္းဆုံးပုံစံျပသႏိုင္ဖို႔လိုအပ္ၿပီး အသင္းမွာ အဲဒီလိုအရည္အေသြးျပည့္ဝတဲ့သူေတြ အမ်ားႀကီးရွိတယ္လို႔လည္း ကြၽန္ေတာ္ယူဆပါတယ္။ ကြၽန္ေတာ္တို႔အသင္းက ထိပ္သီးအသင္းတစ္သင္းျဖစ္တာေၾကာင့္ ဆုဖလားေအာင္ျမင္မႈေတြတစ္ခုမဟုတ္တစ္ခု ရယူႏိုင္ဖို႔လိုပါတယ္။ အသင္းေဖာ္ေတြကလည္း အဲဒီအတိုင္းပဲ ဆႏၵရွိေနမယ္လို႔ ယုံၾကည္ၿပီး ဒီရာသီမွာ ဆုဖလားတစ္ခုခုရယူၿပီးအဆုံးသတ္ႏိုင္ဖို႔ ႀကိဳးစားရမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ကစားသမားဘဝတစ္ေလွ်ာက္ (၂၁၂)ပြဲကစား၊ (၁၃၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈအႀကိမ္(၅၀)ျပဳလုပ္ထားတဲ့ ဆာလာဟာ ၂၀၂၃ ခုႏွစ္က်ရင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး လီဗာပူးလ္အသင္းက သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ျပင္ဆင္ေနေပမယ့္ ဆာလာက တစ္ပတ္ကို ေပါင္(၃၀၀,၀၀၀)အထိလိုခ်င္ေနတာေၾကာင့္ ဒါက အသင္းရဲ႕လစာေငြစည္းမ်ဥ္းနဲ႔မကိုက္ညီတဲ့အတြက္ စာခ်ဳပ္ကိစၥအဆင္မေျပျဖစ္ေနတာပါ။ လာမယ့္ႏွစ္၊ ဇန္နဝါရီက်ရင္ ဆာလာဟာ အီဂ်စ္အသင္းနဲ႔အတူ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲဆင္ႏႊဲရမွာျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ တိုက္စစ္ပိုင္းကိုအားျဖည့္ဖို႔အတြက္သာမက တစ္ခ်ိန္က်ရင္ ဆာလာရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ တိုက္စစ္မႉးတစ္ဦး ေခၚယူသြားဖို႔ရွိေနပါၿပီ။