လီဗာပူးလ်ကို ကျော်ဖြတ်ခဲ့တဲ့ အကြိမ်အများစုမှာ FA ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်တနင်္ဂနွေနေ့မှာတော့ FA ဖလား စတုတ္ထအဆင့်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ပွဲကြီးပွဲကောင်းအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်မယ့်ပွဲ ပါဝင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ FA ဖလားကို ပြန်လည်ပိုင်ဆိုင်ဖို့အတွက် ဒီအဆင့်မှာ လီဗာပူးလ်အသင်းကို ကျော်ဖြတ်ရမှာဖြစ်သလို လီဗာပူးလ်အသင်းကလည်း ၂၀၀၆ နောက်ပိုင်း ချန်ပီယံမဖြစ်ခဲ့တဲ့ မှတ်တမ်းကို ချိုးဖြတ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ FA ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အခုပွဲမတိုင်ခင် (၁၇)ကြိမ်ဆုံတွေ့ခဲ့ပြီး ယူနိုက်တက်က (၉)ပွဲနိုင်၊ လီဗာပူးလ် (၄)ပွဲနိုင်နဲ့ (၄)ပွဲသရေကျခဲ့တယ်။

ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ ဆုံတွေ့ခဲ့တဲ့ FA ဖလား သမိုင်းကြောင်းကို ပြန်ကြည့်ရင် ထူးခြားချက်တစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒါကတော့ ယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အကြိမ်အများစုမှာ FA ဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါပဲ။ ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်ကို ကျော်ဖြတ်နိုင်ခဲ့သလို FA ဖလားပါရရှိခဲ့တဲ့ ပထမဆုံးအကြိမ်က ၁၉၄၇-၄၈ ရာသီမှာဖြစ်ပါတယ်။

အဲဒီရာသီတုန်းက ယူနိုက်တက်အသင်းဟာ စတုတ္ထအဆင့်မှာ လီဗာပူးလ်ကို (၃)ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲမှာတော့ ဘလက်ပူးလ်ကို (၄-၂)ဂိုးနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့တာပါ။ နောက်တစ်ကြိမ်က ၁၉၇၆-၇၇ ရာသီမှာဖြစ်ပြီး ဒီတစ်ခါတော့ ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တာဖြစ်သလို ယူနိုက်တက်က (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။

၁၉၈၄-၈၅ ရာသီမှာလည်း ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ FA ဖလား ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ခဲ့ပြီး အိမ်ကွင်းမှာ (၂)ဂိုးစီ သရေကျခဲ့တာကြောင့် နောက်တစ်ကျော့ အဝေးကွင်းအဖြစ် ထပ်ကစားခဲ့တာမှာ ယူနိုက်တက်က (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီရာသီမှာ ယူနိုက်တက်အသင်းက ဗိုလ်လုပွဲမှာ အဲဗာတန်ကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။

အဲဒီနောက် ဒီနှစ်သင်းဟာ ၁၉၉၅-၉၆ ရာသီ FA ဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့ပြီး ယူနိုက်တက်ကပဲ (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် FA ဖလား ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ပြန်တယ်။

ယူနိုက်တက်အသင်း သူတို့ရဲ့ သမိုင်းမှာ အကြီးအကျယ်ဆုံးအောင်ပွဲအဖြစ် အဓိကဖလား(၃)လုံးဆွတ်ခူးခဲ့တဲ့ ၁၉၉၈-၉၉ ရာသီ စတုတ္ထအဆင့်မှာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ဆုံတွေ့ခဲ့ပြီး အိုဝင်က အဖွင့်ဂိုးသွင်းခဲ့ပေမယ့် (၈၈)မိနစ်မှာ အန်ဒီကိုးလ်၊ နာကျင်အချိန်ပိုမှာ အခု ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့က အသည်းခွဲဂိုးတွေ သွင်းယူခဲ့ပါတယ်။ အဲဒီရာသီ FA ဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းက နယူးကာဆယ်ကို (၂)ဂိုးပြတ်အနိုင်ယူပြီး (၁၀)ကြိမ်မြောက် FA ဖလား ပိုင်ဆိုင်ခဲ့ပါတယ်။

၁၉၉၈-၉၉ နောက်ပိုင်း FA ဖလားမှာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ (၃)ကြိမ်ဆုံတွေ့ခဲ့တာမှာတော့ လီဗာပူးလ်က (၂)ကြိမ်နိုင်၊ ယူနိုက်တက်က (၁)ကြိမ်နိုင်ခဲ့ပြီး ၂၀၁၀-၁၁ ရာသီမှာ ယူနိုက်တက်က လီဗာပူးလ်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ချန်ပီယံတော့ မဖြစ်ခဲ့ပါဘူး။

အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ အခုည ကစားမယ့် လီဗာပူးလ်နဲ့ FA ဖလားပွဲမှာ ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး အစဉ်အလာမှတ်တမ်းကောင်းတွေအတိုင်း ချန်ပီယံဖြစ်တဲ့အထိ ချီတက်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးလ္ကို ေက်ာ္ျဖတ္ခဲ့တဲ့ အႀကိမ္အမ်ားစုမွာ FA ခ်န္ပီယံျဖစ္ခဲ့တဲ့ ယူႏိုက္တက္

ဒီတစ္ပတ္တနဂၤေႏြေန႔မွာေတာ့ FA ဖလား စတုတၳအဆင့္ပြဲေတြကို ဆက္လက္ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ပြဲႀကီးပြဲေကာင္းအျဖစ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ အိုးလ္ထရက္ဖို႔ဒ္မွာ ရင္ဆိုင္မယ့္ပြဲ ပါဝင္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ FA ဖလားကို ျပန္လည္ပိုင္ဆိုင္ဖို႔အတြက္ ဒီအဆင့္မွာ လီဗာပူးလ္အသင္းကို ေက်ာ္ျဖတ္ရမွာျဖစ္သလို လီဗာပူးလ္အသင္းကလည္း ၂၀၀၆ ေနာက္ပိုင္း ခ်န္ပီယံမျဖစ္ခဲ့တဲ့ မွတ္တမ္းကို ခ်ိဳးျဖတ္ဖို႔ ႀကိဳးစားမွာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ဟာ FA ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အခုပြဲမတိုင္ခင္ (၁၇)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး ယူႏိုက္တက္က (၉)ပြဲႏိုင္၊ လီဗာပူးလ္ (၄)ပြဲႏိုင္နဲ႔ (၄)ပြဲသေရက်ခဲ့တယ္။

ယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ ဆုံေတြ႕ခဲ့တဲ့ FA ဖလား သမိုင္းေၾကာင္းကို ျပန္ၾကည့္ရင္ ထူးျခားခ်က္တစ္ခုကို ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒါကေတာ့ ယူႏိုက္တက္အသင္းဟာ လီဗာပူးလ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အႀကိမ္အမ်ားစုမွာ FA ဖလား ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့တာပါပဲ။ ယူႏိုက္တက္အသင္းအေနနဲ႔ လီဗာပူးလ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို FA ဖလားပါရရွိခဲ့တဲ့ ပထမဆုံးအႀကိမ္က ၁၉၄၇-၄၈ ရာသီမွာျဖစ္ပါတယ္။ အဲဒီရာသီတုန္းက ယူႏိုက္တက္အသင္းဟာ စတုတၳအဆင့္မွာ လီဗာပူးလ္ကို (၃)ဂိုးျပတ္အႏိုင္ယူၿပီး ဗိုလ္လုပြဲမွာေတာ့ ဘလက္ပူးလ္ကို (၄-၂)ဂိုးနဲ႔ အႏိုင္ယူ ဗိုလ္စြဲခဲ့တာပါ။

ေနာက္တစ္ႀကိမ္က ၁၉၇၆-၇၇ ရာသီမွာျဖစ္ၿပီး ဒီတစ္ခါေတာ့ ဗိုလ္လုပြဲမွာ ဆုံေတြ႕ခဲ့တာျဖစ္သလို ယူႏိုက္တက္က (၂-၁)ဂိုးနဲ႔ အႏိုင္ယူခဲ့တယ္။ ၁၉၈၄-၈၅ ရာသီမွာလည္း ယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ FA ဖလား ဆီမီးဖိုင္နယ္မွာ ဆုံေတြ႕ခဲ့ၿပီး အိမ္ကြင္းမွာ (၂)ဂိုးစီ သေရက်ခဲ့တာေၾကာင့္ ေနာက္တစ္ေက်ာ့ အေဝးကြင္းအျဖစ္ ထပ္ကစားခဲ့တာမွာ ယူႏိုက္တက္က (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ အဲဒီရာသီမွာ ယူႏိုက္တက္အသင္းက ဗိုလ္လုပြဲမွာ အဲဗာတန္ကို (၁-ဝ)ဂိုးနဲ႔ အႏိုင္ယူဗိုလ္စြဲခဲ့ပါတယ္။

အဲဒီေနာက္ ဒီႏွစ္သင္းဟာ ၁၉၉၅-၉၆ ရာသီ FA ဖလား ဗိုလ္လုပြဲမွာ ထိပ္တိုက္ေတြ႕ခဲ့ၿပီး ယူႏိုက္တက္ကပဲ (၁-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ FA ဖလား ခ်န္ပီယံအျဖစ္ေအာင္ပြဲခံႏိုင္ခဲ့ျပန္တယ္။ ယူႏိုက္တက္အသင္း သူတို႔ရဲ႕ သမိုင္းမွာ အႀကီးအက်ယ္ဆုံးေအာင္ပြဲအျဖစ္ အဓိကဖလား(၃)လုံးဆြတ္ခူးခဲ့တဲ့ ၁၉၉၈-၉၉ ရာသီ စတုတၳအဆင့္မွာ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ ဆုံေတြ႕ခဲ့ၿပီး အိုဝင္က အဖြင့္ဂိုးသြင္းခဲ့ေပမယ့္ (၈၈)မိနစ္မွာ အန္ဒီကိုးလ္၊ နာက်င္အခ်ိန္ပိုမွာ အခု ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားတို႔က အသည္းခြဲဂိုးေတြ သြင္းယူခဲ့ပါတယ္။ အဲဒီရာသီ FA ဖလားဗိုလ္လုပြဲမွာ ယူႏိုက္တက္အသင္းက နယူးကာဆယ္ကို (၂)ဂိုးျပတ္အႏိုင္ယူၿပီး (၁၀)ႀကိမ္ေျမာက္ FA ဖလား ပိုင္ဆိုင္ခဲ့ပါတယ္။

၁၉၉၈-၉၉ ေနာက္ပိုင္း FA ဖလားမွာ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ (၃)ႀကိမ္ဆုံေတြ႕ခဲ့တာမွာေတာ့ လီဗာပူးလ္က (၂)ႀကိမ္ႏိုင္၊ ယူႏိုက္တက္က (၁)ႀကိမ္ႏိုင္ခဲ့ၿပီး ၂၀၁၀-၁၁ ရာသီမွာ ယူႏိုက္တက္က လီဗာပူးလ္ကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ခ်န္ပီယံေတာ့ မျဖစ္ခဲ့ပါဘူး။ အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ အခုည ကစားမယ့္ လီဗာပူးလ္နဲ႔ FA ဖလားပြဲမွာ ၿပိဳင္ဘက္ကို ေက်ာ္ျဖတ္ၿပီး အစဥ္အလာမွတ္တမ္းေကာင္းေတြအတိုင္း ခ်န္ပီယံျဖစ္တဲ့အထိ ခ်ီတက္ႏိုင္မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္။