
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းက လီဗာပူးလ်နဲ့မန်စီးတီးပွဲအပြီးမှာ လီဗာပူးလ်ကစားသမားမီလ်နာကတော့ သူ့အိမ်ကို ဆေးရုံကားနဲ့ပြန်ရလောက်တယ်လို့ လှောင်ပြောင်လိုက်ပါတယ်။
အန်ဖီးလ်မှာကစားခဲ့တဲ့ လီဗာပူးလ်နဲ့မန်စီးတီးအသင်းတို့ပွဲက (၂-၂)ဂိုးစီသရေကျခဲ့ပြီး ပထမပိုင်းတစ်လျှောက်လုံး မန်စီးတီးအသင်းရဲ့အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားဖိုဒန်ဟာ မီလ်နာကို အရူးလုပ်ကစားခဲ့တာကို ရည်ရွယ်ပြီးတော့ ရွိုင်ကိန်းက အခုလိုလှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။
ရွိုင်ကိန်းက “ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲတုန်းက ဖိုဒန်ဟာ အင်္ဂလန်အသင်းအတွက်ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။
မီလ်နာဟာ ဖိုဒန်ရဲ့နောက်ကျောကို ကြည့်နေရတာကို ကြိုက်နှစ်သက်တဲ့ပုံပါပဲ။
ဒီပွဲအပြီးမှာတော့ မီလ်နာဟာ အိမ်ကို ဆေးရုံကားနဲ့ပြန်သွားရလောက်တယ်လို့ ကျွန်တော်ထင်ပါတယ်။
ဖိုဒန်ရဲ့အရည်အသွေးကတော့ တကယ်ချီးကျူးဖို့ကောင်းပါတယ်”လို့ ဆိုခဲ့တာပါ။
ဖိုဒန်ဟာ လီဗာပူးလ်နဲ့ပွဲမှာ ဘယ်ခြမ်းကနေခြေစွမ်းပြကစားနိုင်ခဲ့တဲ့အပြင် မန်စီးတီးအသင်းအတွက်အရေးပါတဲ့ ပထမချေပဂိုးကို ဂျေးဆုရဲ့ပေးပို့မှုကနေ သွင်းယူခဲ့ပြီး ဒီဂိုးဟာ ၂၀၂၁-၂၂ ရာသီမှာ မန်စီးတီးအသင်းအတွက် ဖိုဒန်ရဲ့ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။




ဖိုဒန်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ရွိုင်ကိန်းက “ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖိုဒန်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ‘ဒီကောင်လေးဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပ့ါမလား’ဆိုတဲ့ မေးခွန်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဖိုဒန်ဟာ ဘောလုံးသမားဘဝနောက်တစ်ဆင့်ရောက်ဖို့အတွက် ခြေလှမ်းပြင်နေပြီလို့ပြောရမှာပါပဲ။
သူက အရည်အသွေးမြင့်ကစားသမားတွေနဲ့ တွဲဖက်ကစားနေသလို ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်နည်းပြတစ်ဦးနဲ့လက်တွဲခွင့်ရရှိနေတာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ဖိုဒန်က သူ့အရည်အချင်းကို ကောင်းကောင်းပြသနိုင်ခဲ့ပါတယ်။
ဘောလုံးအထိန်းအသိမ်း၊ ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်းတွေမှာ တကယ်ကောင်းမွန်ခဲ့တာပါ။
ဒါက လူငယ်ကစားသမားတစ်ယောက်ဆီကနေ နည်းပြတစ်ဦးလိုချင်နေတဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်”လို့ ချီးကျူးခဲ့ပါတယ်။
လီဗာပူးလ်နဲ့မန်စီးတီးပွဲမှာ မာနေးက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် မိနစ်ပိုင်းအကြာမှာပဲ ဖိုဒန်က ချေပဂိုးပြန်သွင်းခဲ့ပြီး ဆာလာရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ဒုတိယဦးဆောင်ဂိုးပြန်ရခဲ့ပေမယ့်လည်း
(၈၁)မိနစ်မှာ ဒီဘရိုင်းနားက ချေပဂိုးပြန်သွင်းခဲ့တဲ့အတွက် (၂-၂)ဂိုးနဲ့ပွဲပြီးဆုံးခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ပရီးမီးယားလိဂ်နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့တဲ့အပြင် (၃)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ




zawgyi
လီဗာပူးလ္ကစားသမားတစ္ဦးကေတာ့ အိမ္ကို ေဆး႐ုံကားနဲ႔ျပန္ရေလာက္တယ္လို႔ ႐ြိဳင္ကိန္းေလွာင္ေျပာင္




ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းက လီဗာပူးလ္နဲ႔မန္စီးတီးပြဲအၿပီးမွာ လီဗာပူးလ္ကစားသမားမီလ္နာကေတာ့ သူ႔အိမ္ကို ေဆး႐ုံကားနဲ႔ျပန္ရေလာက္တယ္လို႔ ေလွာင္ေျပာင္လိုက္ပါတယ္။ အန္ဖီးလ္မွာကစားခဲ့တဲ့ လီဗာပူးလ္နဲ႔မန္စီးတီးအသင္းတို႔ပြဲက (၂-၂)ဂိုးစီသေရက်ခဲ့ၿပီး ပထမပိုင္းတစ္ေလွ်ာက္လုံး မန္စီးတီးအသင္းရဲ႕အဂၤလန္လူငယ္တိုက္စစ္ကစားသမားဖိုဒန္ဟာ မီလ္နာကို အ႐ူးလုပ္ကစားခဲ့တာကို ရည္႐ြယ္ၿပီးေတာ့ ႐ြိဳင္ကိန္းက အခုလိုေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။ ႐ြိဳင္ကိန္းက “ၿပီးခဲ့တဲ့ယူ႐ိုၿပိဳင္ပြဲတုန္းက ဖိုဒန္ဟာ အဂၤလန္အသင္းအတြက္ေျခစြမ္းမျပႏိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ အေကာင္းဆုံးကစားႏိုင္ခဲ့ပါတယ္။ မီလ္နာဟာ ဖိုဒန္ရဲ႕ေနာက္ေက်ာကို ၾကည့္ေနရတာကို ႀကိဳက္ႏွစ္သက္တဲ့ပုံပါပဲ။ ဒီပြဲအၿပီးမွာေတာ့ မီလ္နာဟာ အိမ္ကို ေဆး႐ုံကားနဲ႔ျပန္သြားရေလာက္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဖိုဒန္ရဲ႕အရည္အေသြးကေတာ့ တကယ္ခ်ီးက်ဴးဖို႔ေကာင္းပါတယ္”လို႔ ဆိုခဲ့တာပါ။ ဖိုဒန္ဟာ လီဗာပူးလ္နဲ႔ပြဲမွာ ဘယ္ျခမ္းကေနေျခစြမ္းျပကစားႏိုင္ခဲ့တဲ့အျပင္ မန္စီးတီးအသင္းအတြက္အေရးပါတဲ့ ပထမေခ်ပဂိုးကို ေဂ်းဆုရဲ႕ေပးပို႔မႈကေန သြင္းယူခဲ့ၿပီး ဒီဂိုးဟာ ၂၀၂၁-၂၂ ရာသီမွာ မန္စီးတီးအသင္းအတြက္ ဖိုဒန္ရဲ႕ပထမဆုံးသြင္းဂိုးလည္းျဖစ္ခဲ့ပါတယ္။
ဖိုဒန္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ ႐ြိဳင္ကိန္းက “ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ဖိုဒန္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီး ‘ဒီေကာင္ေလးဟာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ပ့ါမလား’ဆိုတဲ့ ေမးခြန္းေတြထြက္ေပၚခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဖိုဒန္ဟာ ေဘာလုံးသမားဘဝေနာက္တစ္ဆင့္ေရာက္ဖို႔အတြက္ ေျခလွမ္းျပင္ေနၿပီလို႔ေျပာရမွာပါပဲ။ သူက အရည္အေသြးျမင့္ကစားသမားေတြနဲ႔ တြဲဖက္ကစားေနသလို ကမာၻ႔အေကာင္းဆုံးစာရင္းဝင္နည္းျပတစ္ဦးနဲ႔လက္တြဲခြင့္ရရွိေနတာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ ဖိုဒန္က သူ႔အရည္အခ်င္းကို ေကာင္းေကာင္းျပသႏိုင္ခဲ့ပါတယ္။ ေဘာလုံးအထိန္းအသိမ္း၊ ဆုံးျဖတ္ခ်က္ခ်မွတ္မႈအပိုင္းေတြမွာ တကယ္ေကာင္းမြန္ခဲ့တာပါ။ ဒါက လူငယ္ကစားသမားတစ္ေယာက္ဆီကေန နည္းျပတစ္ဦးလိုခ်င္ေနတဲ့ အရည္အခ်င္းေတြပဲျဖစ္ပါတယ္”လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ လီဗာပူးလ္နဲ႔မန္စီးတီးပြဲမွာ မာေနးက ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ မိနစ္ပိုင္းအၾကာမွာပဲ ဖိုဒန္က ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး ဆာလာရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဒုတိယဦးေဆာင္ဂိုးျပန္ရခဲ့ေပမယ့္လည္း (၈၁)မိနစ္မွာ ဒီဘ႐ိုင္းနားက ေခ်ပဂိုးျပန္သြင္းခဲ့တဲ့အတြက္ (၂-၂)ဂိုးနဲ႔ပြဲၿပီးဆုံးခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းဟာ မန္စီးတီးနဲ႔ပရီးမီးယားလိဂ္ေနာက္ဆုံး(၇)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့တဲ့အျပင္ (၃)ပြဲသေရ၊ (၃)ပြဲရႈံးနိမ့္ခဲ့ပါတယ္။