
Photo Credit
Photo Credit
ယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးချန်ပီယံဆုမရဘဲ နှစ်ပေါင်း ၃၀ ကြာဖြတ်သန်းရလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်းနဲ့ လီဗာပူးရဲ့ဖလားလက်မဲ့ဖြစ်မှုက သူတို့အသင်းအတွက် သင်ခန်းစာတစ်ရပ်ဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။
Photo Credit
ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် အနားမယူခင် နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီက အမှတ်ပေးချန်ပီယံဆု နောက်ဆုံးရရှိထားပြီး စကော့တလန်နိုင်ငံသား ဖာဂူဆန်အနားယူသွားပြီးချိန်ကတည်းက အသင်းရဲ့အနေအထားက အရှိန်နဲ့ ကျဆင်းနေပါတယ်။
Photo Credit
ဆိုးလ်ရှားလက်ထက်မှာလည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပေမယ့် သူကတော့ အသင်းကို လီဗာပူးလိုမဖြစ်စေရေးအတွက် ရေရှည်စီမီကိန်းပုံစံနဲ့ သွားနေတာဖြစ်ကြောင်း ဆိုခဲ့ပြီး လီဗာပူးဟာ ဒီရာသီမှာတော့ နှစ်ပေါင်း ၃၀ကြာ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေရမှုကို အဆုံးသတ်နိုင်ဖို့ အတော်လေးနီးစပ်နေပါတယ်။
Photo Credit
”လီဗာပူးရဲ့အဖြစ်ကြောင့် ကျွန်တော်တို့လည်း သူတို့လိုမဖြစ်ဖို့ အားကုန်ကြိုးစားနေပါတယ်။ လီဗာပူးရဲ့အဖြစ်က ကျွန်တော်တို့အသင်းအတွက်တော့ သင်ခန်းစာတစ်ခုပါပဲ။ နောက်ထပ် ၂၄နှစ်ကြာ အမှတ်ပေးဆုဖလားလက်မဲ့အဖြစ်ခံလို့မရပါဘူး”လို့ ဆိုးလ်ရှားက ပြောပါတယ်။
Photo Credit
အန်ဖီးလ်မှာ ကစားရမယ့်ပွဲနဲ့ပတ်သက်လို့ ဆိုးလ်ရှားက ”ကျွန်တော်ဟာ အန်ဖီးလ်မှာ ကစားသမားအဖြစ်နဲ့ နိုင်ပွဲရော ရှုံးပွဲတွေပါ ရခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက အသင်းနဲ့ ကစားရတာက ကျွန်တော်တို့အသင်းသားတွေအတွက်တော့ ကြီးကျယ်တဲ့စိန်ခေါ်မှုပါပဲ”လို့ ပြောပါတယ်။
Photo Credit
ယူနိုက်တက်ဟာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဆီကနေ အမှတ်ခွဲယူနိုင်တဲ့တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပေမယ့် လီဗာပူးထက် ၁ပွဲပိုကစားထားတဲ့အပြင် အမှတ်ကွာဟမှုကလည်း ၂၇ မှတ်အထိ ရှိနေပါတယ်။
Photo Credit
Zawgyi
လီဗာပူးလုိ ႏွစ္ေပါင္း ၃၀ၾကာအမွတ္ေပးခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ေနတာမ်ိဳး သူတုိ႔အသင္း ျဖစ္လာမွာမဟုတ္ဘူးလုိ႔ ဆုိးလ္ရွား ဆုိ
ယူႏုိက္တက္အသင္းအေနနဲ႔ အမွတ္ေပးခ်န္ပီယံဆုမရဘဲ ႏွစ္ေပါင္း ၃၀ ၾကာျဖတ္သန္းရလိမ့္မယ္လုိ႔ မေမွ်ာ္လင့္ထားေၾကာင္းနဲ႔ လီဗာပူးရဲ႕ဖလားလက္မဲ့ျဖစ္မႈက သူတုိ႔အသင္းအတြက္ သင္ခန္းစာတစ္ရပ္ျဖစ္ေၾကာင္း နည္းျပဆုိးလ္ရွားက ေျပာၾကားလိုက္ပါတယ္။
ယူႏုိက္တက္အသင္းဟာ ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ အနားမယူခင္ ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃ ရာသီက အမွတ္ေပးခ်န္ပီယံဆု ေနာက္ဆုံးရရွိထားၿပီး စေကာ့တလန္ႏိုင္ငံသား ဖာဂူဆန္အနားယူသြားၿပီးခ်ိန္ကတည္းက အသင္းရဲ႕အေနအထားက အရွိန္နဲ႔ က်ဆင္းေနပါတယ္။
ဆုိးလ္ရွားလက္ထက္မွာလည္း ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရေပမယ့္ သူကေတာ့ အသင္းကို လီဗာပူးလုိမျဖစ္ေစေရးအတြက္ ေရရွည္စီမီကိန္းပုံစံနဲ႔ သြားေနတာျဖစ္ေၾကာင္း ဆုိခဲ့ၿပီး လီဗာပူးဟာ ဒီရာသီမွာေတာ့ ႏွစ္ေပါင္း ၃၀ၾကာ ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုနဲ႔ ေ၀းကြာေနရမႈကို အဆုံးသတ္ႏိုင္ဖို႔ အေတာ္ေလးနီးစပ္ေနပါတယ္။
”လီဗာပူးရဲ႕အျဖစ္ေၾကာင့္ ကၽြန္ေတာ္တုိ႔လည္း သူတုိ႔လုိမျဖစ္ဖို႔ အားကုန္ႀကိဳးစားေနပါတယ္။ လီဗာပူးရဲ႕အျဖစ္က ကၽြန္ေတာ္တုိ႔အသင္းအတြက္ေတာ့ သင္ခန္းစာတစ္ခုပါပဲ။ ေနာက္ထပ္ ၂၄ႏွစ္ၾကာ အမွတ္ေပးဆုဖလားလက္မဲ့အျဖစ္ခံလုိ႔မရပါဘူး”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။
အန္ဖီးလ္မွာ ကစားရမယ့္ပဲြနဲ႔ပတ္သက္လုိ႔ ဆုိးလ္ရွားက ”ကၽြန္ေတာ္ဟာ အန္ဖီးလ္မွာ ကစားသမားအျဖစ္နဲ႔ ႏိုင္ပြဲေရာ ႐ံႈးပြဲေတြပါ ရခဲ့ပါတယ္။ အမွတ္ေပးဇယားထိပ္ဆုံးက အသင္းနဲ႔ ကစားရတာက ကၽြန္ေတာ္တုိ႔အသင္းသားေတြအတြက္ေတာ့ ႀကီးက်ယ္တဲ့စိန္ေခၚမႈပါပဲ”လုိ႔ ေျပာပါတယ္။
ယူႏုိက္တက္ဟာ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ လီဗာပူးအသင္းဆီကေန အမွတ္ခြဲယူႏုိင္တဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနေပမယ့္ လီဗာပူးထက္ ၁ပြဲပိုကစားထားတဲ့အျပင္ အမွတ္ကြာဟမႈကလည္း ၂၇ မွတ္အထိ ရွိေနပါတယ္။