လီဗာပူးလိုအဆင့်မျိုးရောက်ဖို့ သူ့ရဲ့မဟာဗျူဟာတွေအကြောင်း ပြောလာတဲ့ ဆိုးလ်ရှား

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းအနေနဲ့ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးအသင်းဆီကနေ လေ့လာသင်ယူပြီး ပြိုင်ဘက်တွေကို အနိုင်ယူဖို့ နည်းလမ်းပိုများလာအောင် ကြိုးစားရှာဖွေနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

Photo Credit

လီဗာပူးနည်းပြ ကလော့ပ်ဟာ အသင်းကို ၄နှစ်ကြာတည်ဆောက်လာပြီးနောက် လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရရှိနေပြီဖြစ်ကာ နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်ဖို့လည်း နီးစပ်နေပြီး ယမန်နှစ်က ချန်ပီယံလိဂ်ဖလားနဲ့ ယခုနှစ်မှာ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူထားပြီးဖြစ်ပါတယ်။

Photo Credit

ဆိုးလ်ရှားက စနေနေ့မှာ ဝက်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် အသင်းသားတွေကို လီဗာပူးအသင်းရဲ့ခြေရာအတိုင်း လိုက်နင်းနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ယခုထက် ခြေစွမ်းတစ်သမတ်တည်းရှိနေစေဖို့နဲ့ အတိတ်ကအမှားတွေကနေ သင်ခန်းစာပြန်ယူဖို့ မျှော်လင့်နေပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်းအနေနဲ့ ဒီထက်ပုံမှန်ခြေစွမ်းရဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဒီလိုအမှားတွေ၊ ရှုံးပွဲတွေကနေ သင်ခန်းစာယူဖို့ပါ။ ကျွန်တော်တို့ဟာ ပြိုင်ဘက်အသင်းကို လွှမ်းမိုးကစားပြီး အနိုင်ယူနိုင်တဲ့အသင်းတစ်သင်းဖြစ်ချင်တာ အမှန်ပါပဲ”

Photo Credit

”လီဗာပူးက ဒီလိုအဆင့်မျိုးရောက်ဖို့ နှစ်အနည်းကြာ တည်ဆောက်ခဲ့ပြီး ကျွန်တော်တို့လည်း အဲဒီအဆင့်မျိုးရောက်ချင်လို့ ဆက်လက်တည်ဆောက်သွားမှာပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။

Photo Credit

ဆိုးလ်ရှားက ယခုရာသီမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေက နှောင့်နှေးနေရကြောင်း ဝန်ခံပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပွဲစဉ် ၁၈အပြီးမှာ အမှတ်ပေးဇယားရဲ့အဆင့် ၈နေရာအထိ ရောက်နေရပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၇မှတ်ကွာဟနေပါတယ်။ ယူနိုက်တက်ဟာ ယနေ့ညမှာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

လီဗာပူးလုိအဆင့္မ်ိဳးေရာက္ဖို႔ သူ႕ရဲ႕မဟာဗ်ဴဟာေတြအေၾကာင္း ေျပာလာတဲ့ ဆုိးလ္ရွား

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားဟာ အသင္းအေနနဲ႔ အခါးသီးဆုံးၿပိဳင္ဘက္ လီဗာပူးအသင္းဆီကေန ေလ့လာသင္ယူၿပီး ၿပိဳင္ဘက္ေတြကို အႏိုင္ယူဖုိ႔ နည္းလမ္းပိုမ်ားလာေအာင္ ႀကိဳးစားရွာေဖြႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။
လီဗာပူးနည္းျပ ကေလာ့ပ္ဟာ အသင္းကို ၄ႏွစ္ၾကာတည္ေဆာက္လာၿပီးေနာက္ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးပုံစံရရွိေနၿပီျဖစ္ကာ ႏွစ္ေပါင္း ၃၀အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္ဖို႔လည္း နီးစပ္ေနၿပီး ယမန္ႏွစ္က ခ်န္ပီယံလိဂ္ဖလားနဲ႔ ယခုႏွစ္မွာ ဥေရာပစူပါဖလားနဲ႔ ဖီဖာကလပ္ကမၻာ့ဖလားခ်န္ပီယံဆုေတြ ရယူထားၿပီးျဖစ္ပါတယ္။
ဆိုးလ္ရွားက စေနေန႔မွာ ၀က္ဖို႔ဒ္ကို ဂိုးျပတ္အေရးနိမ့္ခဲ့ရၿပီးေနာက္ အသင္းသားေတြကို လီဗာပူးအသင္းရဲ႕ေျခရာအတုိင္း လုိက္နင္းႏိုင္ဖို႔ ဆႏၵရွိေနတာျဖစ္ၿပီး ယခုထက္ ေျခစြမ္းတစ္သမတ္တည္းရွိေနေစဖုိ႔နဲ႔ အတိတ္ကအမွားေတြကေန သင္ခန္းစာျပန္ယူဖို႔ ေမွ်ာ္လင့္ေနပါတယ္။
”ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ ဒီထက္ပုံမွန္ေျခစြမ္းရဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။ အထူးသျဖင့္ ဒီလုိအမွားေတြ၊ ႐ံႈးပြဲေတြကေန သင္ခန္းစာယူဖို႔ပါ။ ကၽြန္ေတာ္တို႔ဟာ ၿပိဳင္ဘက္အသင္းကို လႊမ္းမုိးကစားၿပီး အႏိုင္ယူႏိုင္တဲ့အသင္းတစ္သင္းျဖစ္ခ်င္တာ အမွန္ပါပဲ”
”လီဗာပူးက ဒီလုိအဆင့္မ်ိဳးေရာက္ဖို႔ ႏွစ္အနည္းၾကာ တည္ေဆာက္ခဲ့ၿပီး ကၽြန္ေတာ္တုိ႔လည္း အဲဒီအဆင့္မ်ိဳးေရာက္ခ်င္လုိ႔ ဆက္လက္တည္ေဆာက္သြားမွာပါ”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။
ဆိုးလ္ရွားက ယခုရာသီမွာ ရလဒ္ဆိုးေတြနဲ႔ရင္ဆုိင္ခဲ့ရၿပီးေနာက္ အသင္းကို ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္ေတြက ေႏွာင့္ေႏွးေနရေၾကာင္း ၀န္ခံပါတယ္။
ယူႏိုက္တက္ဟာ ပြဲစဥ္ ၁၈အၿပီးမွာ အမွတ္ေပးဇယားရဲ႕အဆင့္ ၈ေနရာအထိ ေရာက္ေနရၿပီး အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၇မွတ္ကြာဟေနပါတယ္။ ယူႏုိက္တက္ဟာ ယေန႔ညမွာ ေဘာက္ဆင္ေဒးပြဲစဥ္အျဖစ္ နယူးကာဆယ္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။