လီဗာပူးရှုံးပေးဖို့ တောင်းဆိုတဲ့ မန်ယူပရိသတ်ငယ်ဆီ စာပြန်ရေးပို့ပေးခဲ့တဲ့ ကလော့ပ်

photo-daily mail

photo-daily mail

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ သူ့အသင်းကို စရှုံးပေးဖို့ စာရေးပေးပို့တောင်းဆိုခဲ့တဲ့ ၁၀ နှစ်အရွယ် မန်ယူပရိသတ်ငယ်ဆီ စာနဲ့ပဲ အကြောင်းပြန်မှုပြုလုပ်လိုက်ပါတယ်။ လီဗာပူးဟာ ကြားရက်ချန်ပီယံလိဂ်ပထမအကျော့မှာ အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ နောက်ဆုံး ၁၇ ပွဲစလုံးကို အနိုင်ရထားပါတယ်။ ကြောက်စရာဖြစ်လာတဲ့ လီဗာပူးရဲ့ဒီလိုခြေစွမ်းကြောင့်လည်း ကာလေလို့ အမည်ရတဲ့ ငယ်ရွယ်တဲ့မန်ယူပရိသတ်ဟာ စရှုှုံးပေးဖို့ ကလော့ပ်ဆီ စာရေးသားပေးပို့တောင်းဆိုခဲ့တာပါ။

photo-daily mail

”လီဗာပူးက နိုင်ပွဲတွေ အရမ်းများလွန်းနေပါတယ်။ နောက်ထပ် ၉ ပွဲနိုင်တာနဲ့ ဦးရဲ့အသင်းဟာ အင်္ဂလိပ်ဘောလုံးလောကမှာ အရှည်ကြာဆုံးရှုံးပွဲမရှိစံချိန်တင်နိုင်မှာပါ။  မန်ယူပရိသတ်တစ်ယောက်အနေနဲ့ ဒါဟာ အရမ်းကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် လီဗာပူးကစားရင် ကျေးဇူးပြုပြီး ရှုံးပေးပါဗျာ။ တခြားအသင်းက ဂိုးသွင်းတာကို ခွင့်ပြုပေးသင့်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ တခြားပွဲတွေမှာ လီဗာပူးထပ်မနိုင်တော့အောင် ဦးကို နားချနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ကာလေက ကလော့ပ်ဆီ စာရေးခဲ့တာပါ။

photo-REX

ဒါနဲ့ပတ်သက်လို့ ရှုံးဖို့ သူခွင့်မပြုနိုင်ဘူးဆိုတာကို ကလော့ပ်က ကာလေဆီ စာရေးပြီး ရှင်းပြခဲ့ပါတယ်။ ”အခုလိုအခြေအနေမှာ သားရဲ့တောင်းဆိုမှုကို ဦးလေးခွင့်မပြုနိုင်တာ စိတ်မကောင်းပါဘူး။ ဒါဟာ ဘယ်လိုနည်းနဲ့မှလည်း ရွေးချယ်စရာမဟုတ်ပါဘူး။ သားက လီဗာပူးကို ပိုပြီးရှုံးစေချင်လေ လီဗာပူးနိုင်အောင် အရာအားလုံးလုပ်ပေးဖို့က ဦးအလုပ် ဖြစ်လာလေပါပဲ။ လီဗာပူးကိုနိုင်စေချင်တဲ့သူတွေ ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာ ရှိပါတယ်။ ဒါကြောင့် သူတို့စိတ်ပျက်ရအောင် ဦးမလုပ်ချင်ပါဘူး။ ဦးသေသေချာချာပြောနိုင်တဲ့တစ်ခုကတော့  ဘောလုံးနဲ့ သားရဲ့ကလပ်အတွက် သားအရူအမူးဖြစ်မှုဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာပါ။ မန်ယူဟာ သားလိုပရိသတ်မျိုး ပိုင်ဆိုင်ထားတာ ကံကောင်းပါတယ်။ ဦးတို့နှစ်သင်းဟာ ကြီးကျယ်တဲ့ပြိုင်ဘက်တွေဖြစ်ပေမယ့် တစ်သင်းနဲ့တစ်သင်း ကြီးကျယ်တဲ့လေးစားမှုထားကြပါတယ်။ ဦးအတွက်ကတော့ ဘောလုံးဆိုတာ အဲဒါပါပဲ”လို့ ကလော့ပ်က စာပြန်ရေးခဲ့တာပါ။

[Zawgyi]

လီဗာပူးရႈံးေပးဖို႔ ေတာင္းဆိုတဲ့ မန္ယူပရိသတ္ငယ္ဆီ စာျပန္ေရးပို႔ေပးခဲ့တဲ့ ကေလာ့ပ္

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ သူ႔အသင္းကို စရႈံးေပးဖို႔ စာေရးေပးပို႔ေတာငး္ဆုိခဲ့တဲ့ ၁၀ ႏွစ္အရြယ္ မန္ယူပရိသတ္ငယ္ဆီ စာနဲ႔ပဲ အေၾကာင္းျပန္မႈျပဳလုပ္လိုက္ပါတယ္။ လီဗာပူးဟာ ၾကားရက္ခ်န္ပီယံလိဂ္ပထမအေက်ာ့မွာ အက္သလက္တီကိုကို ရႈံးနိမ့္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ေနာက္ဆုံး ၁၇ ပြဲစလုံးကို အႏိုင္ရထားပါတယ္။ ေၾကာက္စရာျဖစ္လာတဲ့ လီဗာပူးရဲ႕ဒီလိုေျခစြမး္ေၾကာင့္လည္း ကာေလလို႔ အမည္ရတဲ့ ငယ္ရြယ္တဲ့မန္ယူပရိသတ္ဟာ စရႈႈံးေပးဖို႔ ကေလာ့ပ္ဆီ စာေရးသားေပးပုိ႔ေတာင္းဆုိခဲ့တာပါ။

”လီဗာပူးက ႏိုင္ပြဲေတြ အရမ္းမ်ားလြန္းေနပါတယ္။ ေနာက္ထပ္ ၉ ပြဲႏိုင္တာနဲ႔ ဦးရဲ႕အသင္းဟာ အဂၤလိပ္ေဘာလုံးေလာကမွာ အရွည္ၾကာဆုံးရႈံးပြဲမရွိစံခ်ိန္တင္ႏိုင္မွာပါ။  မန္ယူပရိသတ္တစ္ေယာက္အေနနဲ႔ ဒါဟာ အရမ္းကို ၀မ္းနည္းစရာေကာင္းပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ႀကိမ္ လီဗာပူးကစားရင္ ေက်းဇူးျပဳၿပီး ရႈံးေပးပါဗ်ာ။ တျခားအသင္းက ဂိုးသြင္းတာကို ခြင့္ျပဳေပးသင့္ပါတယ္။ ပရီးမီးယားလိဂ္နဲ႔ တျခားပြဲေတြမွာ လီဗာပူးထပ္မႏိုင္ေတာ့ေအာင္ ဦးကို နားခ်ႏိုင္မယ္လုိ႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္”လို႔ ကာေလက ကေလာ့ပ္ဆီ စာေရးခဲ့တာပါ။

ဒါနဲ႔ပတ္သက္လုိ႔ ရႈံးဖုိ႔ သူခြင့္မျပဳႏိုင္ဘူးဆုိတာကို ကေလာ့ပ္က ကာေလဆီ စာေရးၿပီး ရွင္းျပခဲ့ပါတယ္။ ”အခုလုိအေျခအေနမွာ သားရဲ႕ေတာင္းဆုိမႈကို ဦးေလးခြင့္မျပဳႏိုင္တာ စိတ္မေကာင္းပါဘူး။ ဒါဟာ ဘယ္လိုနည္းနဲ႔မွလည္း ေရြးခ်ယ္စရာမဟုတ္ပါဘူး။ သားက လီဗာပူးကို ပိုၿပီးရႈံးေစခ်င္ေလ လီဗာပူးႏိုင္ေအာင္ အရာအားလုံးလုပ္ေပးဖုိ႔က ဦးအလုပ္ ျဖစ္လာေလပါပဲ။ လီဗာပူးကိုႏိုင္ေစခ်င္တဲ့သူေတြ ကမာၻေပၚမွာ သန္းေပါင္းမ်ားစြာ ရွိပါတယ္။ ဒါေၾကာင့္ သူတုိ႔စိတ္ပ်က္ရေအာင္ ဦးမလုပ္ခ်င္ပါဘူး။ ဦးေသေသခ်ာခ်ာေျပာႏိုင္တဲ့တစ္ခုကေတာ့  ေဘာလုံးနဲ႔ သားရဲ႕ကလပ္အတြက္ သားအရူအမူးျဖစ္မႈဟာ ေျပာင္းလဲသြားမွာ မဟုတ္ဘူးဆုိတာပါ။ မန္ယူဟာ သားလိုပရိသတ္မ်ိဳး ပိုင္ဆိုင္ထားတာ ကံေကာင္းပါတယ္။ ဦးတို႔ႏွစ္သင္းဟာ ႀကီးက်ယ္တဲ့ၿပိဳင္ဘက္ေတြျဖစ္ေပမယ့္ တစ္သင္းနဲ႔တစ္သင္း ႀကီးက်ယ္တဲ့ေလးစားမႈထားၾကပါတယ္။ ဦးအတြက္ကေတာ့ ေဘာလုံးဆုိတာ အဲဒါပါပဲ”လို႔ ကေလာ့ပ္က စာျပန္ေရးခဲ့တာပါ။