လီဗာပူးရဲ႕စူပါဖလားပြဲကိုေထာက္ျပၿပီး VAR ကုိျပင္းျပင္းထန္ထန္ေ၀ဖန္လုိက္တဲ့ဂြါဒီယိုလာ

photo-gettyimages

photo-gettyimages

ၿပီးခဲ့တဲ့စေနည စပါးနဲ႔ပဲြ ေနာက္ဆုံးမိနစ္ေတြမွာ ဂါဘရီရယ္ဂ်ီးဆပ္သြင္းယူခဲ့တဲ့ဂိုး ခြင့္ျပဳ ျခင္းမခံခဲ့ရၿပီးေနာက္ တာ၀န္ရွိသူေတြအေနနဲ႔ VAR ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ပိုတည္ၿငိမ္ဖို႔လိုေနၿပီျဖစ္ေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာက ေတာင္းဆိုလုိက္ပါတယ္။ ဒါ့အျပင္ ဂြါဒီယိုလာဟာ လီဗာပူးရဲ႕စူပါဖလားပြဲစဥ္က ဆုံးျဖတ္ခ်က္ကိုလည္း ေထာက္ျပေျပာဆိုခဲ့ပါတယ္။ စပါးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပရီးမီးယားလိဂ္မွာ မန္စီးတီးဟာ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးရသြားခဲ့ေပမယ့္ ဂ်ီးဆပ္မသြင္းခင္မွာ လာေပၚတီရဲ႕လက္နဲ႔ထိခဲ့တယ္လုိ႔ VAR နဲ႔ဆုံးျဖတ္လုိက္တဲ့အတြက္ အဲဒါဟာ ဂြါဒီယိုလာရဲ႕အသင္းအေပၚမွာ ႀကီးမားတဲ့သက္ေရာက္မႈျဖစ္ခဲ့ပါတယ္။

photo-gettyimages

မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တုန္းကလည္း စပါးနဲ႔ပဲ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ေစမယ့္ ေနာက္ဆံုးမိနစ္အႏိုင္ဂိုးရခဲ့ေပမယ့္ VAR န႔ဲပယ္ဖ်က္ခံခဲ့ရၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။ ဂြါဒီယိုလာအေနနဲ႔ စပါးနဲ႔အခုေနာက္ဆုံးပြဲက VAR ဆုံးျဖတ္ခ်က္ကို လက္သင့္ခံခဲ့ေပမယ့္ ပင္နယ္တီအဆုံးအျဖတ္နဲ႔ ဥေရာပစူပါဖလားမွာ လီဗာပူးဗုိလ္စြဲခဲ့စဥ္က ေနာက္ဆုံးပင္နယ္တီမွာ ဂိုးသမားအက္ဒရီယန္ ဂိုးစည္းေပၚရွိမေနမႈကို VAR မၾကည့္ခဲ့တာနဲ႔ပတ္သက္လုိ႔ ေထာက္ျပခဲ့ပါတယ္။ သူ႔ဘက္ကေတာ့ VAR ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး တစ္ေျပးညီျဖစ္ေစခ်င္ေနတာပါ။

photo-gettyimages

”ၿပီးခဲ့တဲ့အပတ္ ၀ုဗ္နဲ႔ပြဲတုန္းကလည္း အဲဒါျဖစ္ခဲ့ၿပီးပါၿပီ။ ဥေရာပစူပါဖလားပြဲတုန္းကလည္း ကၽြန္ေတာ္ျမင္ခဲ့ရပါတယ္။ အဲဒီက ပင္နယ္တီအဆုံးအျဖတ္မွာ လီဗာပူးဂိုးသမားအက္ဒရီယန္ဟာ ဂိုးစည္းေပၚရွိမေနခဲ့ပါဘူး။ VAR ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လုိ႔ ေျဖရွင္းရေတာ့မွာပါ။ ခ်န္ပီယံလိဂ္တုန္းကလည္း ကၽြန္ေတာ္တို႔ႀကဳံခဲ့ၿပီးပါၿပီ။ တာ၀န္ရွိသူေတြဟာ VAR ၾကည့္ခ်င္တဲ့ဟာက်ေတာ့ၾကည့္ၿပီး တစ္ခါတစ္ေလက်ေတာ့လည္း ၾကည့္ရမယ့္ဟာ မၾကည့္ပါဘူး”လို႔ စပါးနဲ႔ပြဲအၿပီးမွာ ဂြါဒီယိုလာက ေျပာခဲ့တာပါ။

[Unicode]

ပြီးခဲ့တဲ့စနေည စပါးနဲ့ပွဲ နောက်ဆုံးမိနစ်တွေမှာ ဂါဘရီရယ်ဂျီးဆပ်သွင်းယူခဲ့တဲ့ဂိုး ခွင့်ပြု ခြင်းမခံခဲ့ရပြီးနောက် တာဝန်ရှိသူတွေအနေနဲ့ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပိုတည်ငြိမ်ဖို့လိုနေပြီဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ လီဗာပူးရဲ့စူပါဖလားပွဲစဉ်က ဆုံးဖြတ်ချက်ကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ စပါးနဲ့ ၂-၂ သရေကျခဲ့တဲ့ပရီးမီးယားလိဂ်မှာ မန်စီးတီးဟာ နောက်ဆုံးမိနစ်အနိုင်ဂိုးရသွားခဲ့ပေမယ့် ဂျီးဆပ်မသွင်းခင်မှာ လာပေါ်တီရဲ့လက်နဲ့ထိခဲ့တယ်လို့ VAR နဲ့ဆုံးဖြတ်လိုက်တဲ့အတွက် အဲဒါဟာ ဂွါဒီယိုလာရဲ့အသင်းအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုဖြစ်ခဲ့ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်တုန်းကလည်း စပါးနဲ့ပဲ နောက်တစ်ဆင့်တက်ရောက်နိုင်စေမယ့် နောက်ဆုံးမိနစ်အနိုင်ဂိုးရခဲ့ပေမယ့် VAR နဲ့ပယ်ဖျက်ခံခဲ့ရပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဂွါဒီယိုလာအနေနဲ့ စပါးနဲ့အခုနောက်ဆုံးပွဲက VAR ဆုံးဖြတ်ချက်ကို လက်သင့်ခံခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်နဲ့ ဥရောပစူပါဖလားမှာ လီဗာပူးဗိုလ်စွဲခဲ့စဉ်က နောက်ဆုံးပင်နယ်တီမှာ ဂိုးသမားအက်ဒရီယန် ဂိုးစည်းပေါ်ရှိမနေမှုကို VAR မကြည့်ခဲ့တာနဲ့ပတ်သက်လို့ ထောက်ပြခဲ့ပါတယ်။ သူ့ဘက်ကတော့ VAR ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး တစ်ပြေးညီဖြစ်စေချင်နေတာပါ။

”ပြီးခဲ့တဲ့အပတ် ဝုဗ်နဲ့ပွဲတုန်းကလည်း အဲဒါဖြစ်ခဲ့ပြီးပါပြီ။ ဥရောပစူပါဖလားပွဲတုန်းကလည်း ကျွန်တော်မြင်ခဲ့ရပါတယ်။ အဲဒီက ပင်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးဂိုးသမားအက်ဒရီယန်ဟာ ဂိုးစည်းပေါ်ရှိမနေခဲ့ပါဘူး။ VAR ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ဖြေရှင်းရတော့မှာပါ။ ချန်ပီယံလိဂ်တုန်းကလည်း ကျွန်တော်တို့ကြုံခဲ့ပြီးပါပြီ။ တာဝန်ရှိသူတွေဟာ VAR ကြည့်ချင်တဲ့ဟာကျတော့ကြည့်ပြီး တစ်ခါတစ်လေကျတော့လည်း ကြည့်ရမယ့်ဟာ မကြည့်ပါဘူး”လို့ စပါးနဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက ပြောခဲ့တာပါ။