လီဗာပူးရဲ့ ရှုံးပွဲမရှိမှတ်တမ်း ကျိုးပျက်သွားတဲ့ ပွဲစဉ်မှ ပြောစရာ အချက် ( ၅ ) ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းက အိမ်ကွင်းမှာ ဘန်လေကို ( 1-0) ရှုံးနိမ့်သွားခဲ့တယ်။ လီဗာပူးက ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ကစားနိုင်ခဲ့ပေမယ့် ဘန်လေအသင်းက အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပြီး လီဗာပူးရဲ့ ကာလရှည်မှတ်တမ်းကောင်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ Bee Mee ရဲ့ နောက်ပြန်ပေးပို့မှုကြောင့် အိုရီဂီ အပိုင်အခွင့်အရေးရခဲ့ပေမယ့် အဆုံးမသတ်နိုင်လို့ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ဘန်လေအသင်းက ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ ပင်နယ်တီ ရရှိခဲ့ပြီး ဘားနက်စ်က အဆုံးသတ်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှ အောက်ပါ အချက် ( ၅ ) ချက်က ပြောစရာ ဖြစ်ခဲ့ပါတယ်။

( ၁ ) သွင်းဂိုးပျာက်ဆုံးနေမှုကို ဆက်လက်ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူး

နောက်ဆုံး ( ၃ ) ပွဲဆက် ဂိုးမရရှိခဲ့တဲ့အတွက် အမှတ်တွေ လျော့နည်းခဲ့သလို အမှတ်ပေးဇယား ထိပ်ဆုံးနေရာကပါ ဆင်းပေးခဲ့ရပါတယ်။ ပထမပိုင်းမှာလည်း အိုရီဂီရဲ့ 1 vs 1 အပါအဝင် အခွင့်အရေး အချို့ကို လွဲချော်ခဲ့ပါတယ်။ ဆာလက်နှင့် ဖာမီနိုတို့ကလည်း အခွင့်အရေးကောင်းတွေ လွဲချော်ခဲ့ပြီး အဝေးကန်ချက်တွေကလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ လီဗာပူးအနေနဲ့ လက်ရှိမှာ ဂိုးမသွင်းနိုင်တဲ့ပွဲစဉ် ( ၄ ) ပွဲဆက် ရှိလာပြီ ဖြစ်ပါတယ်။

( ၂ ) သွင်းဂိုးတစ်ဂိုး ထပ်မံရရှိခဲ့တဲ့ ဘန်လေ

ဘန်လေ အသင်းဟာ ဒီပွဲမတိုင်မီ လက်ရှိရာသီ သွင်းဂိုး ( ၉ ) ဂိုးပဲ ရရှိထားပါတယ်။ ပထမပိုင်းအတွင်း ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပေမယ့် ဘားနက်က ပင်နယ်တီကနေ အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘန်လေအသင်းဟာ ဒီရာသီမှာ open play ကနေ သွင်းဂိုး ( ၄ ) ဂိုးသာ ရရှိထားပါတယ်။

( ၃ ) သီယာဂို ဘာလဲ၊ ဘယ်လဲ ?

ယခုအပတ်အတွင်း လီဗာပူး ကစားသမားဟောင်းက သီယာဂိုဟာ အသင်းနဲ့ ကိုက်ညီမှု မရှိကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ဘန်လေ နည်းပြ Sean Dyche က သီယာဂိုကို ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားနိုင်ခြင်း မပြုလုပ်နိုင်စေရန် ပြင်ဆင်ခဲ့တယ်။

ဘန်လေ တိုက်စစ်မှူးတွေအနေနဲ့ လီဗာပူးခံစစ် ကစားသမားတွေကနေ သီယာဂိုထံ ပေးပို့နိုင်တဲ့ ဘောလုံးလမ်းကြောင်းတွေကို တားဆီးခဲ့ပါတယ်။ ယခုပွဲစဉ်မှာ သီယာဂိုက ဘောလုံးထိတွေ့မှုများစွာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဘန်လေရဲ့ နည်းစနစ်ကြောင့် final thirds ထဲရောက်ဖို့ အခက်အခဲတွေ့ခဲ့ပါတယ်။

( ၄ ) ကစားသမားတွေကို အလှည့်ကျ အသုံးပြုမှု

ယာဂန်ကလော့အနေနဲ့ ယခုပွဲစဉ်မှာ အပြောင်းအလဲများစွာ ပြုလုပ်ခဲ့တယ်။ လီဗာပူးအသင်းက ထုံးစံအတိုင်း ပွဲကို အသားစီး ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် အဆိုပါ ကစားသမားတွေရဲ့ အရည်အချင်းက အဓိကကျတဲ့နေရာတွေမှာ အလုပ်မဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဘန်လေကတော့ ပွဲကို အကောင်းဆုံး ပြင်ဆင်လာပြီး မျှော်မှန်းထားသလို ကစားနိုင်ခဲ့တယ်။

( ၅ ) အမှတ်ပေးဇယား

မန်စီးတီး နှင့် လက်စတာက နိုင်ပွဲကိုယ်စီ ရရှိခဲ့တဲ့အတွက် လီဗာပူးအနေနဲ့ အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာထိ ဆင်းပေးခဲ့ရပါတယ်။ ဒါ့အပြင် ( ၄ ) နှစ်နီးပါး ကာလအတွင်းမှာ ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဘန်လေအသင်းကတော့ အနိုင် ( ၃ ) မှတ် ရယူခဲ့ပြီး အဆင့် ( ၁၆ ) နေရာကို ရောက်ရှိလာကာ တန်းဆင်းဇုံနဲ့ ( ၇ ) မှတ် ကွာဟလျက်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးရဲ႕ ရႈံးပြဲမရွိမွတ္တမ္း က်ိဳးပ်က္သြားတဲ့ ပြဲစဥ္မွ ေျပာစရာ အခ်က္ ( ၅ ) ခ်က္

လီဗာပူးအသင္းက အိမ္ကြင္းမွာ ဘန္ေလကို ( 1-0) ရႈံးနိမ့္သြားခဲ့တယ္။ လီဗာပူးက ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈအသာစီး ကစားႏိုင္ခဲ့ေပမယ့္ ဘန္ေလအသင္းက အေကာင္းဆုံး တိုက္ပြဲဝင္ခဲ့ၿပီး လီဗာပူးရဲ႕ ကာလရွည္မွတ္တမ္းေကာင္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ Bee Mee ရဲ႕ ေနာက္ျပန္ေပးပို႔မႈေၾကာင့္ အိုရီဂီ အပိုင္အခြင့္အေရးရခဲ့ေပမယ့္ အဆုံးမသတ္ႏိုင္လို႔ နစ္နာခဲ့ရပါတယ္။ ဒါေပမယ့္ ဘန္ေလအသင္းက ဒုတိယပိုင္း ၿပီးဆုံးခါနီးမွာ ပင္နယ္တီ ရရွိခဲ့ၿပီး ဘားနက္စ္က အဆုံးသတ္ခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္မွ ေအာက္ပါ အခ်က္ ( ၅ ) ခ်က္က ေျပာစရာ ျဖစ္ခဲ့ပါတယ္။

( ၁ ) သြင္းဂိုးပ်ာက္ဆုံးေနမႈကို ဆက္လက္ရင္ဆိုင္ခဲ့ရတဲ့ လီဗာပူး

ေနာက္ဆုံး ( ၃ ) ပြဲဆက္ ဂိုးမရရွိခဲ့တဲ့အတြက္ အမွတ္ေတြ ေလ်ာ့နည္းခဲ့သလို အမွတ္ေပးဇယား ထိပ္ဆုံးေနရာကပါ ဆင္းေပးခဲ့ရပါတယ္။ ပထမပိုင္းမွာလည္း အိုရီဂီရဲ႕ 1 vs 1 အပါအဝင္ အခြင့္အေရး အခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ပါတယ္။ ဆာလက္ႏွင့္ ဖာမီႏိုတို႔ကလည္း အခြင့္အေရးေကာင္းေတြ လြဲေခ်ာ္ခဲ့ၿပီး အေဝးကန္ခ်က္ေတြကလည္း ဂိုးေပါက္နဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ လီဗာပူးအေနနဲ႔ လက္ရွိမွာ ဂိုးမသြင္းႏိုင္တဲ့ပြဲစဥ္ ( ၄ ) ပြဲဆက္ ရွိလာၿပီ ျဖစ္ပါတယ္။

( ၂ ) သြင္းဂိုးတစ္ဂိုး ထပ္မံရရွိခဲ့တဲ့ ဘန္ေလ

ဘန္ေလ အသင္းဟာ ဒီပြဲမတိုင္မီ လက္ရွိရာသီ သြင္းဂိုး ( ၉ ) ဂိုးပဲ ရရွိထားပါတယ္။ ပထမပိုင္းအတြင္း ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဘားနက္က ပင္နယ္တီကေန အႏိုင္ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဘန္ေလအသင္းဟာ ဒီရာသီမွာ open play ကေန သြင္းဂိုး ( ၄ ) ဂိုးသာ ရရွိထားပါတယ္။

( ၃ ) သီယာဂို ဘာလဲ၊ ဘယ္လဲ ?

ယခုအပတ္အတြင္း လီဗာပူး ကစားသမားေဟာင္းက သီယာဂိုဟာ အသင္းနဲ႔ ကိုက္ညီမႈ မရွိေၾကာင္း ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ဘန္ေလ နည္းျပ Sean Dyche က သီယာဂိုကို ေဘာလုံးပိုင္ဆိုင္မႈ အသားေပး ကစားႏိုင္ျခင္း မျပဳလုပ္ႏိုင္ေစရန္ ျပင္ဆင္ခဲ့တယ္။ ဘန္ေလ တိုက္စစ္မႉးေတြအေနနဲ႔ လီဗာပူးခံစစ္ ကစားသမားေတြကေန သီယာဂိုထံ ေပးပို႔ႏိုင္တဲ့ ေဘာလုံးလမ္းေၾကာင္းေတြကို တားဆီးခဲ့ပါတယ္။ ယခုပြဲစဥ္မွာ သီယာဂိုက ေဘာလုံးထိေတြ႕မႈမ်ားစြာ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဘန္ေလရဲ႕ နည္းစနစ္ေၾကာင့္ final thirds ထဲေရာက္ဖို႔ အခက္အခဲေတြ႕ခဲ့ပါတယ္။

( ၄ ) ကစားသမားေတြကို အလွည့္က် အသုံးျပဳမႈ

ယာဂန္ကေလာ့အေနနဲ႔ ယခုပြဲစဥ္မွာ အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ခဲ့တယ္။ လီဗာပူးအသင္းက ထုံးစံအတိုင္း ပြဲကို အသားစီး ကစားႏိုင္ခဲ့တယ္။ ဒါေပမယ့္ အဆိုပါ ကစားသမားေတြရဲ႕ အရည္အခ်င္းက အဓိကက်တဲ့ေနရာေတြမွာ အလုပ္မျဖစ္ခဲ့တာ ေတြ႕ရပါတယ္။ ဘန္ေလကေတာ့ ပြဲကို အေကာင္းဆုံး ျပင္ဆင္လာၿပီး ေမွ်ာ္မွန္းထားသလို ကစားႏိုင္ခဲ့တယ္။ ( ၅ ) အမွတ္ေပးဇယား ။ မန္စီးတီး ႏွင့္ လက္စတာက ႏိုင္ပြဲကိုယ္စီ ရရွိခဲ့တဲ့အတြက္ လီဗာပူးအေနနဲ႔ အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာထိ ဆင္းေပးခဲ့ရပါတယ္။ ဒါ့အျပင္ ( ၄ ) ႏွစ္နီးပါး ကာလအတြင္းမွာ ပထမဆုံးအႀကိမ္ အိမ္ကြင္းရႈံးပြဲ ႀကဳံေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ဘန္ေလအသင္းကေတာ့ အႏိုင္ ( ၃ ) မွတ္ ရယူခဲ့ၿပီး အဆင့္ ( ၁၆ ) ေနရာကို ေရာက္ရွိလာကာ တန္းဆင္းဇုံနဲ႔ ( ၇ ) မွတ္ ကြာဟလ်က္ရွိပါတယ္။