လီဗာပူးရဲ့ပျောက်ဆုံးနေသော အပိုင်းအစ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးကစားသမားဖာဘင်ဟိုဟာ RBလိုက်ဇစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဥ်တွင် အောက်တိုဘာလ ကတည်းက ကစားခွင့်မရခဲ့တဲ့ သူ့စိတ်ကြိုက် ကွင်းလယ်နေရာမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါ ကလပ် RB လိုက်ဇစ်အသင်းကို ဖြတ်ကျော်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်က ကစားခဲ့တဲ့ ပထမအကျော့ကလိုပဲ ယခုပွဲစဥ်မှာလည်း မိုဆာလက် နှင့် ဆာဒီယိုမာနေး တို့က သွင်းဂိုးတွေရယူပေးခဲ့ကြပြီး ( ၂ – ၀ ) ရလာဒ်နဲ့ အနိုင်ရရှိကာ နှစ်ကျော့ပေါင်း ( ၄ – ၀ ) နဲ့ လီဗာပူးအသင်းက နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနည်းြပယာဂန်ကေလာ့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်က ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်ထားပြီး မာနေး၊ အာနိုး၊ အိုဇန်ကဘက်၊ သီယေဂို အယ်ကန်တာရာ တို့ ပြန်လည် ပါဝင်လာတာ တွေ့ရပါတယ်။ အထူးခြားဆုံးကတော့ ဖာဘင်ဟိုကို ကွင်းလယ်မှာ ပြန်လည်ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးအသင်းဟာ ပွဲစဥ် စတင်ချိန်ကထည်းက ပြိုင်ဘက်အသင်းကို လွှမ်းမိုးကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မူလနေရာမှာ ကစားခွင့်ရခဲ့တဲ့ ဖာဘင်ဟိုဟာ ဘောလုံးပိုင်ဆိုင်မှု အများဆုံး၊ ဘောလုံးဖြတ်တောက်တာဆီးနိုင်မှု အများဆုံး ကစားသမား ဖြစ်ခဲ့ပြီး အဆိုပါပွဲစဥ်ရဲ့ အကောင်းဆုံးကစား ဆု ရရှိခဲ့ပါတယ်။ယာဂန်ကလော့ ကလည်း လီဗာပူးအသင်းဟာ ဖာဘင်ဟို ကို နံပါတ် ( ၆ ) ‌ေနရာမှာ ကစားစေဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယာဂန်ကလော့က ပွဲပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ “ ကျွန်တော် သူ့ကို လှေကားအဆင်းမှာ ”မင်းက နံပါတ် ( ၆ ) နေရာ ကစားရတာ ပိုသဘောကျတယ်မလား၊” လို့ မေးလိုက်တော့ ဖာဟင်ဟိုက ချက်ချင်းပဲ “ ဟုတ်ကဲ့” လို ့ အဖြေပေးခဲ့ပါတယ်။ကျွန်တော်တို့ အားလုံးက ဖာဘင်ဟို နံပါတ် (၆)နေရာ မှာ ကစားတာ မြင်ချင်တာပါ။ ဒီနေ့ညမှာ သူအဲ့ဒီနေရာ ကစားခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့တာ တွေ့ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးရဲ႕ေပ်ာက္ဆုံးေနေသာ အပိုင္းအစ

ဘရာဇီးကစားသမားဖာဘင္ဟိုဟာ RBလိုက္ဇစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္တြင္ ေအာက္တိုဘာလ ကတည္းက ကစားခြင့္မရခဲ့တဲ့ သူ႔စိတ္ႀကိဳက္ ကြင္းလယ္ေနရာမွာ ပါဝင္ခြင့္ရခဲ့ပါတယ္။ လီဗာပူးအသင္းဟာ ဘြန္ဒက္လီဂါ ကလပ္ RB လိုက္ဇစ္အသင္းကို ျဖတ္ေက်ာ္ၿပီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့ၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သုံးပတ္က ကစားခဲ့တဲ့ ပထမအေက်ာ့ကလိုပဲ ယခုပြဲစဥ္မွာလည္း မိုဆာလက္ ႏွင့္ ဆာဒီယိုမာေနး တို႔က သြင္းဂိုးေတြရယူေပးခဲ့ၾကၿပီး ( ၂ – ၀ ) ရလာဒ္နဲ႔ အႏိုင္ရရွိကာ ႏွစ္ေက်ာ့ေပါင္း ( ၄ – ၀ ) နဲ႔ လီဗာပူးအသင္းက ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးနည္းျပယာဂန္ေကလာ့ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ ဖူလ္ဟမ္အသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္က ပြဲထြက္ကစားသမားစာရင္းကို အေျပာင္းအလဲျပဳလုပ္ထားၿပီး မာေနး၊ အာႏိုး၊ အိုဇန္ကဘက္၊ သီေယဂို အယ္ကန္တာရာ တို႔ ျပန္လည္ ပါဝင္လာတာ ေတြ႕ရပါတယ္။

အထူးျခားဆုံးကေတာ့ ဖာဘင္ဟိုကို ကြင္းလယ္မွာ ျပန္လည္ကစားေစခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးအသင္းဟာ ပြဲစဥ္ စတင္ခ်ိန္ကထည္းက ၿပိဳင္ဘက္အသင္းကို လႊမ္းမိုးကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ မူလေနရာမွာ ကစားခြင့္ရခဲ့တဲ့ ဖာဘင္ဟိုဟာ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားဆုံး၊ ေဘာလုံးျဖတ္ေတာက္တာဆီးႏိုင္မႈ အမ်ားဆုံး ကစားသမား ျဖစ္ခဲ့ၿပီး အဆိုပါပြဲစဥ္ရဲ႕ အေကာင္းဆုံးကစား ဆု ရရွိခဲ့ပါတယ္။

ယာဂန္ကေလာ့ ကလည္း လီဗာပူးအသင္းဟာ ဖာဘင္ဟို ကို နံပါတ္ ( ၆ ) ‌ေနရာမွာ ကစားေစဖို႔ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ယာဂန္ကေလာ့က ပြဲၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရာမွာ “ ကြၽန္ေတာ္ သူ႔ကို ေလွကားအဆင္းမွာ ”မင္းက နံပါတ္ ( ၆ ) ေနရာ ကစားရတာ ပိုသေဘာက်တယ္မလား၊” လို႔ ေမးလိုက္ေတာ့ ဖာဟင္ဟိုက ခ်က္ခ်င္းပဲ “ ဟုတ္ကဲ့” လို ့ အေျဖေပးခဲ့ပါတယ္။ကြၽန္ေတာ္တို႔ အားလုံးက ဖာဘင္ဟို နံပါတ္ (၆)ေနရာ မွာ ကစားတာ ျမင္ခ်င္တာပါ။ ဒီေန႔ညမွာ သူအဲ့ဒီေနရာ ကစားခဲ့ၿပီး အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္ခဲ့တာ ေတြ႕ရပါတယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။