လီဗာပူးရဲ့ပထမဆုံးအရှုံးကို ဂယ်ရီနဗီးလ်ကဦးဆောင်ကာ ပြိုင်ဘက်ပရိသတ်တွေအောင်ပွဲခံ

photo-daily mail

photo-gettyimages

ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဗိုလ်စွဲနိုင်ရေးဆိုတဲ့ လီဗာပူးရဲ့ရည်မှန်းမျှော်လင့်ချက်ဟာ ဝက်ဖို့ဒ်နဲ့အတွေ့ ၃ ဂိုးပြတ်ရှုံးနိမ့်မှုနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။ လီဗာပူးရဲ့အခုရာသီပထမဆုံးပရီးမီးယားလိဂ်အရှုံးအတွက် မန်ယူဂန္ထဝင်ဟောင်းဂယ်ရီနဗီးလ်က ဦးဆောင်ကာ ပြိုင်ဘက်ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာထက်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

photo-gettyimages

ပွဲမပြီးခင်ကတည်းက နဗီးလ်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး အဲဒီမှာ ”လန်ဒန်မှာ သူတို့ နောက်တစ်ကြိမ်လစ်သွားပြီ”လို့ ပြောခဲ့တာပါ။ ပွဲပြီးတော့လည်း နဗီးလ်ဟာ နောက်ထပ်ဗီဒီယိုတစ်ခုထပ်တင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူဟာ အောင်ပွဲခံတဲ့အနေနဲ့ ရှန်ပိန်တစ်လုံးဖောက်ခဲ့တာကို တွေ့ရပါတယ်။ လီဗာပူးရဲ့ဒီရှုံးပွဲအတွက် ပြိုင်ဘက်အသင်းတွေက ပရိသတ်တွေဟာ အတော်လေးကို ကျေနပ်ဝမ်းမြောက်နေကြတာပါ။

https://twitter.com/i/status/1233837949411897344

အဲဒီထဲမှာ အာဆင်နယ်ပရိသတ်တွေလည်းပါဝင်ပြီး ၂၀၀၃-၀၄ ရာသီက သူတို့ရဲ့တစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်း လိုက်မီခံရမှာကို စိုးရိမ်ခဲ့ကြတာပါ။ အဲဒီတုန်းက အာဆင်နယ်ဟာ ၃၈ ပွဲစလုံးရှုံးပွဲမရှိခဲ့ပေမယ့် လီဗာပူးကတော့ ဒီရာသီမှာ ၂၇ ပွဲနဲ့ ရပ်သွားခဲ့တာပါ။ Twitter ပေါ်က အာဆင်နယ်ရဲ့ official account ဆိုရင် လီဗာပူးပွဲပြီးတော့ “ဟူး”ဆိုတဲ့ အခုမှ သက်ပြင်းချနိုင်တဲ့ စကားလုံးမျိုးကို ရေးတင်ခဲ့ပါတယ်။ ပြီးတော့မှ ”ခန့်ညားလောက်တဲ့ ရှုံးပွဲမရှိဖြတ်သန်းမှုအတွက် ကွန်ဂရက်ကျူလေးရှင်းပါ”လို့ လီဗာပူးကို ရည်ညွှန်းရေးတာကို ထပ်တင်ခဲ့ပါတယ်။

[Zawgyi]

လီဗာပူးရဲ႕ပထမဆုံးအရႈံးကို ဂယ္ရီနဗီးလ္ကဦးေဆာင္ကာ ၿပိဳင္ဘက္ပရိသတ္ေတြေအာင္ပြဲခံ

ဒီရာသီပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိဗုိလ္စြဲႏိုင္ေရးဆိုတဲ့ လီဗာပူးရဲ႕ရည္မွန္းေမွ်ာ္လင့္ခ်က္ဟာ ၀က္ဖုိ႔ဒ္နဲ႔အေတြ႕ ၃ ဂိုးျပတ္ရႈံးနိမ့္မႈနဲ႔အတူ အဆုံးသတ္သြားခဲ့ပါတယ္။ လီဗာပူးရဲ႕အခုရာသီပထမဆုံးပရီးမီးယားလိဂ္အရႈံးအတြက္ မန္ယူဂႏၳ၀င္ေဟာင္းဂယ္ရီနဗီးလ္က ဦးေဆာင္ကာ ၿပိဳင္ဘက္ပရိသတ္ေတြဟာ ဆုိရွယ္မီဒီယာထက္မွာ ေအာင္ပြဲခံခဲ့ၾကပါတယ္။

ပြဲမၿပီးခင္ကတည္းက နဗီးလ္ဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ဗီဒီယိုတစ္ခုတင္ခဲ့ၿပီး အဲဒီမွာ ”လန္ဒန္မွာ သူတုိ႔ ေနာက္တစ္ႀကိမ္လစ္သြားၿပီ”လို႔ ေျပာခဲ့တာပါ။ ပြဲၿပီးေတာ့လည္း နဗီးလ္ဟာ ေနာက္ထပ္ဗီဒီယိုတစ္ခုထပ္တင္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ သူဟာ ေအာင္ပြဲခံတဲဲ့အေနနဲ႔ ရွန္ပိန္တစ္လုံးေဖာက္ခဲ့တာကို ေတြ႕ရပါတယ္။ လီဗာပူးရဲ႕ဒီရႈံးပြဲအတြက္ ၿပဳိဳင္ဘက္အသင္းေတြက ပရိသတ္ေတြဟာ အေတာ္ေလးကို ေက်နပ္၀မ္းေျမာက္ေနၾကတာပါ။

အဲဒီထဲမွာ အာဆင္နယ္ပရိသတ္ေတြလည္းပါ၀င္ၿပီး ၂၀၀၃-၀၄ ရာသီက သူတို႔ရဲ႕တစ္ရာသီလုံးရႈံးပြဲမရွိမွတ္တမ္း လိုက္မီခံရမွာကို စိုးရိမ္ခဲ့ၾကတာပါ။ အဲဒီတုန္းက အာဆင္နယ္ဟာ ၃၈ ပြဲစလုံးရႈံးပြဲမရွိခဲ့ေပမယ့္ လီဗာပူးကေတာ့ ဒီရာသီမွာ ၂၇ ပြဲနဲ႔ ရပ္သြားခဲ့တာပါ။ Twitter ေပၚက အာဆင္နယ္ရဲ႕ official account ဆိုရင္ လီဗာပူးပြဲၿပီးေတာ့ “ဟူး”ဆိုတဲ့ အခုမွ သက္ျပင္းခ်ႏိုင္တဲ့ စကားလုံးမ်ိဳးကို ေရးတင္ခဲ့ပါတယ္။ ၿပီးေတာ့မွ ”ခန္႔ညားေလာက္တဲ့ ရႈံးပြဲမရွိျဖတ္သန္းမႈအတြက္ ကြန္ဂရက္က်ဴေလးရွင္းပါ”လို႔ လီဗာပူးကို ရည္ညႊန္းေရးတာကို ထပ္တင္ခဲ့ပါတယ္။