လီဗာပူးရဲ့ပစ်မှတ်ထဲမှာ အမ်ဘာပီပါပေမယ့် ခေါ်ယူနိုင်ဖို့မလွယ်ဘူးလို့ ကလော့ပ်ဝန်ခံ

PC ; Internet

လီဗာပူးအသင်းရဲ့လက်ရှိအနေအထားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပေမယ့် အမ်ဘာပီကိုခေါ်ယူနိုင်ဖို့တော့ မလွယ်သေးဘူးလို့ နည်းပြဂျာဂင်ကလော့ပ်က ဖွင့်ဟဝန်ခံလိုက်ပါတယ်။လီဗာပူးဟာ အန်ဖီးလ်ကို ဂျာဂင်ကလော့ပ် မရောက်လာခင် အသင်းရဲ့အဓိကကစားသမားအချို့ကိုရောင်းချခဲ့သလို ဂျာမန်သားရောက်လာဖို့ ၄လ အလိုလောက်မှာလည်း စတာလင်းကို ပေါင် သန်း၅၀နဲ့ မန်စီးတီးဆီရောင်းချခဲ့ပါတယ်။

PC ; Internet

ကလော့ပ်ကတော့ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုရရှိဖို့ရည်ရွယ်ထားသလို အနာဂတ်မှာလည်း အမြင့်ဆုံးစွမ်းဆောင်ရည်ရနိုင်ဖို့ ကြိုးစားနေပါတယ်။သူ့အနေနဲ့ ကမ္ဘာ့ချန်ပီယံပြင်သစ်အသင်းသားတစ်ဦးဖြစ်သူ အမ်ဘာပီနဲ့တစ်နေ့နေ့မှာ လက်တွဲဖို့ စိတ်ကူးရှိပေမယ့် လီဗာပူးဆီခေါ်ယူဖို့တော့ အကြောင်းများစွာကြောင့် မလွယ်ကူနိုင်ဘူးလို့ ဝန်ခံလိုက်တာပါ။လက်ရှိအချိန်မှာ ပီအက်စ်ဂျီတိုက်စစ်မှူးကို လာလီဂါထိပ်သီးရီးရဲလ်က စိတ်ဝင်စားနေသလို ကာယကံရှင်ကိုယ်တိုင်ကလည်း လီဗာပူးထက် စပိန်ကိုသာပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

PC ; Internet

“သူ့လိုကစားသမားမျိုးကိုခေါ်ယူဖို့ သိပ်ခက်ပါတယ်။ အခုအချိန်မှာ ဘယ်အသင်းကမှ သူ့ကိုပီအက်စ်ဂျီကနေခေါ်ထုတ်နိုင်မယ့်အနေအထားမရှိပါဘူး။ တကယ်ကိုမမြင်မိတာပါ။ ဒီထဲမှာကျွန်တော်တို့လည်းအပါအဝင်ပါပဲ။ အိုကေ…အားကစားရှု့ထောင့်ကနေကြည့်မယ်ဆိုရင်တော့ သူ့ကိုခေါ်ဖို့မလွယ်တဲ့အကြောင်းပြချက်က အများကြီးပေးစရာအရှိပါဘူး။ အဲ့ဒါကတော့ငွေကြေးပါပဲ။ အခွင့်အရေးမရှိပါဘူး။ အခွင့်အရေးမရှိဘူးလို့ အကြွင်းမဲ့ယုံကြည်ထားပါတယ်” လို့ ဂျာဂင်ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

PC ; Internet

ဒါပေမဲ့ သူတို့အသင်းဟာ အမြင့်ဆုံးတစ်နေရာရောက်လာပြီဖြစ်သလို ပုံရိပ်လည်းကောင်းလာပြီဖြစ်တာကြောင့် လိုချင်တဲ့ကစားသမားကိုခေါ်ယူနိုင်မယ့် အခြေအနေတစ်ရပ်ပိုင်ဆိုင်ထားတယ်လို့ ကလော့ပ်က ယုံကြည်ထားပါတယ်။

(zawgyi)

လီဗာပူးအသင္းရဲ႕လက္ရွိအေနအထားဟာ ကမာၻ႔အေကာင္းဆံုးကစားသမားေတြကို ဆြဲေဆာင္ႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေပမယ့္ အမ္ဘာပီကိုေခၚယူႏိုင္ဖို႔ေတာ့ မလြယ္ေသးဘူးလို႔ နည္းျပဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟ၀န္ခံလိုက္ပါတယ္။လီဗာပူးဟာ အန္ဖီးလ္ကို ဂ်ာဂင္ကေလာ့ပ္ မေရာက္လာခင္ အသင္းရဲ႕အဓိကကစားသမားအခ်ိဳ႔ကိုေရာင္းခ်ခဲ့သလို ဂ်ာမန္သားေရာက္လာဖို႔ ၄လ အလိုေလာက္မွာလည္း စတာလင္းကို ေပါင္ သန္း၅၀နဲ႔ မန္စီးတီးဆီေရာင္းခ်ခဲ့ပါတယ္။ကေလာ့ပ္ကေတာ့ ဒီရာသီမွာ အမွတ္ေပးခ်န္ပီယံဆုရရွိဖို႔ရည္ရြယ္ထားသလို အနာဂတ္မွာလည္း အျမင့္ဆံုးစြမ္းေဆာင္ရည္ရႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။သူ႔အေနနဲ႔ ကမာၻ႔ခ်န္ပီယံျပင္သစ္အသင္းသားတစ္ဦးျဖစ္သူ အမ္ဘာပီနဲ႔တစ္ေန႔ေန႔မွာ လက္တြဲဖို႔ စိတ္ကူးရွိေပမယ့္ လီဗာပူးဆီေခၚယူဖို႔ေတာ့ အေၾကာင္းမ်ားစြာေၾကာင့္ မလြယ္ကူႏိုင္ဘူးလို႔ ၀န္ခံလိုက္တာပါ။လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီတိုက္စစ္မွဴးကို လာလီဂါထိပ္သီးရီးရဲလ္က စိတ္၀င္စားေနသလို ကာယကံရွင္ကိုယ္တိုင္ကလည္း လီဗာပူးထက္ စပိန္ကိုသာေျပာင္းေရႊ႔ခ်င္ေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။“သူ႔လိုကစားသမားမ်ိဳးကိုေခၚယူဖို႔ သိပ္္ခက္ပါတယ္။ အခုအခ်ိန္မွာ ဘယ္အသင္းကမွ သူ႔ကိုပီအက္စ္ဂ်ီကေနေခၚထုတ္ႏိုင္မယ့္အေနအထားမရွိပါဘူး။ တကယ္ကိုမျမင္မိတာပါ။ ဒီထဲမွာကၽြန္ေတာ္တို႔လည္းအပါအ၀င္ပါပဲ။ အိုေက…အားကစားရႈ႔ေထာင့္ကေနၾကည့္မယ္ဆိုရင္ေတာ့ သူ႔ကိုေခၚဖို႔မလြယ္တဲ့အေၾကာင္းျပခ်က္က အမ်ားၾကီးေပးစရာအရွိပါဘူး။ အဲ့ဒါကေတာ့ေငြေၾကးပါပဲ။ အခြင့္အေရးမရွိပါဘူး။ အခြင့္အေရးမရွိဘူးလို႔ အၾကြင္းမဲ့ယံုၾကည္ထားပါတယ္” လို႔ ဂ်ာဂင္ကေလာ့ပ္က ေျပာဆိုသြားခဲ့ပါတယ္။ဒါေပမဲ့ သူတို႔အသင္းဟာ အျမင့္ဆံုးတစ္ေနရာေရာက္လာၿပီျဖစ္သလို ပံုရိပ္လည္းေကာင္းလာၿပီျဖစ္တာေၾကာင့္ လိုခ်င္တဲ့ကစားသမားကိုေခၚယူႏိုင္မယ့္ အေျခအေနတစ္ရပ္ပိုင္ဆိုင္ထားတယ္လို႔ ကေလာ့ပ္က ယံုၾကည္ထားပါတယ္။