
photo-goal
photo-gettyimages
သူ့အသင်းရဲ့ချန်ပီယံလိဂ်မျှော်လင့်ချက်ကို အဆုံးသတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ဟာ အက်သလက်တီကိုဂိုးသမားအိုဘလက်ကို ချီးကျူးလိုက်ပါတယ်။ အဲဒီပွဲမှာ အိုဘလက်ဟာ သူရဲကောင်းဖြစ်ခဲ့ပြီး သူ့ရဲ့အက်သလက်တီကိုဟာ ပိုပြီးရေပန်းစားတဲ့ လက်ရှိချန်ပီယံအသင်းကို အံ့အားသင့်ဖွယ်နောက်ကောက်ချနိုင်ခဲ့တာပါ။
photo-gettyimages
အိုဘလက်ဟာ လီဗာပူးရဲ့ချန်ပီယံကာကွယ်ရေးကို တားဆီးရာမှာ ၉ ကြိမ်တိုင်ဂိုးပေါက်ကာကွယ်မှု ပြုလုပ်ခဲ့ပါတယ်။ အိုဘလက်ကြောင့် လီဗာပူးဟာ ဂိုးကန်သွင်းချက် ၃၀ ကျော်ရှိပေမယ့် သာမန်ပွဲချိန်မိနစ် ၉၀ အတွင်း နောက်တစ်ဆင့်တက်နိုင်မယ့်ဒုတိယဂိုးမသွင်းနိုင်ခဲ့ဘဲ အချိန်ပိုမိနစ် ၃၀ ရောက်တော့ ဂိုးသမားအက်ဒရီယန်ရဲ့အမှားကနေ အက်သလက်တီကိုက အခွင့်အရေးအပြည့်အဝယူသွားခဲ့ပါတယ်။ အဲဒီအတွက် လီဗာပူးတစ်သင်းလုံးစိတ်ပျက်နေကြပေမယ့် ဗန်ဒစ်ဂျ်ကတော့ သူရဲကောင်းဖြစ်ခဲ့တဲ့ ပြိုင်ဘက်ဂိုးသမားကို ချီးကျူးခဲ့ပါတယ်။
photo-gettyimages
”အနည်းဆုံး ၉၅ မိနစ်အထိ အရာအားလုံးမှန်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တာပါ။ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး သူတို့ရင်ဆိုင်ရခက်တဲ့ အရှိန်အဟုန်လည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မှာ ထူးချွန်တဲ့ဂိုးသမားတစ်ယောက်ရှိနေပြီး သူ့ကြောင့် သူတို့ဆက်ရှင်သန်ခဲ့တာပါ။ သူဟာ အကြိမ်ပေါင်းများစွာကို ကာကွယ်ခဲ့တာပါ။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ကြီးကြီးမားမားကာကွယ်မှု ၃၊၄ ကြိမ်လောက် ရှိခဲ့တာပါ။ ကျွန်တော်တို့ အရာအားလုံးကြိုးစားခဲ့တယ်။ အဲဒါကသာ အဓိကအကြောင်းအရာပါပဲ”လို့ ဗန်ဒစ်ဂျ်က ပြောခဲ့တာပါ။
[Zawgyi]
လီဗာပူးရဲ႕ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္အဆုံးသတ္ေပးလိုက္တဲ့အုိဘလက္ကို ဗန္ဒစ္ဂ်္ခ်ီးက်ဴး
သူ႔အသင္းရဲ႕ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေပးလိုက္တာနဲ႔ပတ္သက္ၿပီး လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ဟာ အက္သလက္တီကိုဂိုးသမားအုိဘလက္ကို ခ်ီးက်ဴးလိုက္ပါတယ္။ အဲဒီပြဲမွာ အိုဘလက္ဟာ သူရဲေကာင္းျဖစ္ခဲ့ၿပီး သူ႔ရဲ႕အက္သလက္တီကိုဟာ ပုိၿပီးေရပန္းစားတဲ့ လက္ရွိခ်န္ပီယံအသင္းကို အံ့အားသင့္ဖြယ္ေနာက္ေကာက္ခ်ႏိုင္ခဲ့တာပါ။
အိုဘလက္ဟာ လီဗာပူးရဲ႕ခ်န္ပီယံကာကြယ္ေရးကို တားဆီးရာမွာ ၉ ႀကိမ္တိုင္ဂိုးေပါက္ကာကြယ္မႈ ျပဳလုပ္ခဲ့ပါတယ္။ အိုဘလက္ေၾကာင့္ လီဗာပူးဟာ ဂိုးကန္သြင္းခ်က္ ၃၀ ေက်ာ္ရွိေပမယ့္ သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္း ေနာက္တစ္ဆင့္တက္ႏိုင္မယ့္ဒုတိယဂိုးမသြင္းႏိုင္ခဲ့ဘဲ အခ်ိန္ပိုမိနစ္ ၃၀ ေရာက္ေတာ့ ဂိုးသမားအက္ဒရီယန္ရဲ႕အမွားကေန အက္သလက္တီကိုက အခြင့္အေရးအျပည့္အ၀ယူသြားခဲ့ပါတယ္။ အဲဒီအတြက္ လီဗာပူးတစ္သင္းလုံးစိတ္ပ်က္ေနၾကေပမယ့္ ဗန္ဒစ္ဂ်္ကေတာ့ သူရဲေကာင္းျဖစ္ခဲ့တဲ့ ၿပိဳင္ဘက္ဂိုးသမားကို ခ်ီးက်ဴးခဲ့ပါတယ္။
”အနည္းဆုံး ၉၅ မိနစ္အထိ အရာအားလုံးမွန္ခဲ့တယ္လုိ႔ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာပါ။ ပြဲကို စိုးမိုးႏိုင္ခဲ့ၿပီး သူတုိ႔ရင္ဆိုင္ရခက္တဲ့ အရွိန္အဟုန္လည္း ရွိခဲ့ပါတယ္။ ဒါေပမဲ့ သူတုိ႔မွာ ထူးခၽြန္တဲ့ဂိုးသမားတစ္ေယာက္ရွိေနၿပီး သူ႔ေၾကာင့္ သူတို႔ဆက္ရွင္သန္ခဲ့တာပါ။ သူဟာ အႀကိမ္ေပါင္းမ်ားစြာကို ကာကြယ္္ခဲ့တာပါ။ ကၽြန္ေတာ္မွတ္မိသေလာက္ဆုိရင္ ႀကီးႀကီးမားမားကာကြယ္မႈ ၃၊၄ ႀကိမ္ေလာက္ ရွိခဲ့တာပါ။ ကၽြန္ေတာ္တုိ႔ အရာအားလုံးႀကိဳးစားခဲ့တယ္။ အဲဒါကသာ အဓိကအေၾကာင္းအရာပါပဲ”လို႔ ဗန္ဒစ္ဂ်္က ေျပာခဲ့တာပါ။