
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မြန်မာပြည်ဖွား တိုင်းရင်းသားလူငယ် ဘောလုံးသမားတစ်ဦးဟာ ရေခြားမြေခြားမှာ နေထိုင်ရင်း သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံက ချင်းပြည်နယ် မတူပီမြို့မှာ မွေးဖွားခဲ့တဲ့ ချင်းတိုင်းရင်းသားလူငယ်လေးရဲ့ နာမည်ကတော့ Phun Za Mang လို့ခေါ်ပါတယ်။
တစ်နေ့ကျရင် သူအားပေးတဲ့ လီဗာပူးအသင်းမှာ ကစားဖို့အထိ ရည်မှန်းထားတဲ့ ချင်းလူငယ်ကစားသမားတစ်ဦးဟာ အခုဆိုရင် သူ့ရဲ့ ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ဒိန်းမတ် ယူ-၁၆ အသင်းမှာ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ချင်းတောင်တန်းက မတူပီကနေ ဒိန်းမတ်ကို ပြောင်းရွှေ့နေထိုင်နေတဲ့ Phun Za Mang ဟာ အခုအခါမှာတော့ အသက် ၁၆ နှစ်အောက်
လူငယ်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ဒိန်းမတ် ယူ-၁၆အသင်းနဲ့ ပေါ်တူဂီ ယူ-၁၆ လူငယ်အသင်းတို့ ကစားမယ့် ခြေစမ်းပွဲအတွက် ပြင်ဆင်နေပြီလို့ ချင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Phun Za Mang ဟာ ဒိန်းမတ် ကလပ်တစ်ခုဖြစ်တဲ့ Esbjerg FB လူငယ်အသင်းမှာ ကစားနေသူဖြစ်ပြီး သူဟာ ဒိန်းမတ် ယူ-၁၆အသင်းမှာ အရွေးမခံရခင်ကတည်းက ဒိန်းမတ် ယူ-၁၂ အတွက်လည်း ကစားပေးခဲ့ပြီးပြီလို့သိရပါတယ်။
Denmark’s Got Talent ပြိုင်ပွဲမှာလည်း ဘောလုံးစွမ်းရည်ပြသခဲ့ဖူးပြီး သူ့ရဲ့အရည်အချင်းကြောင့် လူငယ်အဆင့် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးအသင်းအတွက် ကြိုက်နှစ်သက်ပြီး တစ်ချိန်မှာ အခွင့်အရေး ရလာခဲ့ရင် ကစားပေးဖို့အတွက် အိပ်မက်ရှိတယ်လို့ ပြောကြားခဲ့ဖူးတဲ့ Phun Za Mang ဟာ ဘောလုံး skill ကောင်းပြီး တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတွေမှာ ကစားနိုင်တဲ့ ဘောလုံးသမားတစ်ဦးပါ။
ဒိန်းမတ် ယူ-၁၆ အသင်းရဲ့ ပေါ်တူဂီနဲ့ ခြေစမ်းပွဲကိုဇွန်လ ၃ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ၂ပွဲကစားသွားမှာဖြစ်ပြီး ပေါ်တူဂီမှာ သွားရောက်ယှဉ်ပြိုင်ရမှာလိုသိရပါတယ်။
Phun Za Mang တစ်ယောက် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရတာကို သူ့ရဲ့ ကလပ်အသင်းကလည်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သူ့အနေနဲ့ နိုင်ငံသား ပြောင်းလဲခံယူခဲ့မယ်ဆိုပါက တစ်ချိန်မှာ ဒိန်းမတ်လက်ရွေးစင်အသင်းကြီးအတွက် ပါဝင်ကစားခွင့်ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
တကယ်လို့ နိုင်ငံသားအဖြစ် ပြောင်းလဲထားခြင်းမရှိရင် လူငယ်အဆင့်တွေမှာ ပါဝင်ကစားပေးခဲ့ပေမယ့် မြန်မာလက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားခွင့်ရှိနေဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒါက ကစားသမားရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့အတွက် Phun Za Mang အပေါ်ပဲ မူတည်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လီဗာပူးမွာ ကစားဖို႔ အိပ္မက္ရွိၿပီး ဒိန္းမတ္ယူ-၁၆အသင္း အတြက္ေ႐ြးခ်ယ္ခံရတဲ့ ခ်င္းေတာင္တန္းသား Phun Za Mang
ျမန္မာျပည္ဖြား တိုင္းရင္းသားလူငယ္ ေဘာလုံးသမားတစ္ဦးဟာ ေရျခားေျမျခားမွာ ေနထိုင္ရင္း သူ႔ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနပါတယ္။ ျမန္မာႏိုင္ငံက ခ်င္းျပည္နယ္ မတူပီၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ခ်င္းတိုင္းရင္းသားလူငယ္ေလးရဲ႕ နာမည္ကေတာ့ Phun Za Mang လို႔ေခၚပါတယ္။
တစ္ေန႔က်ရင္ သူအားေပးတဲ့ လီဗာပူးအသင္းမွာ ကစားဖို႔အထိ ရည္မွန္းထားတဲ့ ခ်င္းလူငယ္ကစားသမားတစ္ဦးဟာ အခုဆိုရင္ သူ႔ရဲ႕ ထူးခြၽန္တဲ့ ေျခစြမ္းေတြေၾကာင့္ ဒိန္းမတ္ ယူ-၁၆ အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံ ခ်င္းေတာင္တန္းက မတူပီကေန ဒိန္းမတ္ကို ေျပာင္းေ႐ႊ႕ေနထိုင္ေနတဲ့ Phun Za Mang ဟာ အခုအခါမွာေတာ့ အသက္ ၁၆ ႏွစ္ေအာက္ လူငယ္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ဒိန္းမတ္ ယူ-၁၆အသင္းနဲ႔ ေပၚတူဂီ ယူ-၁၆ လူငယ္အသင္းတို႔ ကစားမယ့္ ေျခစမ္းပြဲအတြက္ ျပင္ဆင္ေနၿပီလို႔ ခ်င္းမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
Phun Za Mang ဟာ ဒိန္းမတ္ ကလပ္တစ္ခုျဖစ္တဲ့ Esbjerg FB လူငယ္အသင္းမွာ ကစားေနသူျဖစ္ၿပီး သူဟာ ဒိန္းမတ္ ယူ-၁၆အသင္းမွာ အေ႐ြးမခံရခင္ကတည္းက ဒိန္းမတ္ ယူ-၁၂ အတြက္လည္း ကစားေပးခဲ့ၿပီးၿပီလို႔သိရပါတယ္။ Denmark’s Got Talent ၿပိဳင္ပြဲမွာလည္း ေဘာလုံးစြမ္းရည္ျပသခဲ့ဖူးၿပီး သူ႔ရဲ႕အရည္အခ်င္းေၾကာင့္ လူငယ္အဆင့္ လက္ေ႐ြးစင္အသင္းမွာ ပါဝင္ခြင့္ရရွိလာခဲ့တာလည္းျဖစ္ပါတယ္။
လီဗာပူးအသင္းအတြက္ ႀကိဳက္ႏွစ္သက္ၿပီး တစ္ခ်ိန္မွာ အခြင့္အေရး ရလာခဲ့ရင္ ကစားေပးဖို႔အတြက္ အိပ္မက္ရွိတယ္လို႔ ေျပာၾကားခဲ့ဖူးတဲ့ Phun Za Mang ဟာ ေဘာလုံး skill ေကာင္းၿပီး တိုက္စစ္နဲ႔ ဘယ္ေတာင္ပံေနရာေတြမွာ ကစားႏိုင္တဲ့ ေဘာလုံးသမားတစ္ဦးပါ။ ဒိန္းမတ္ ယူ-၁၆ အသင္းရဲ႕ ေပၚတူဂီနဲ႔ ေျခစမ္းပြဲကိုဇြန္လ ၃ ရက္ေန႔နဲ႔ ၅ ရက္ေန႔ေတြမွာ ၂ပြဲကစားသြားမွာျဖစ္ၿပီး ေပၚတူဂီမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာလိုသိရပါတယ္။
Phun Za Mang တစ္ေယာက္ သက္တမ္းအလိုက္ လူငယ္လက္ေ႐ြးစင္အျဖစ္ ေ႐ြးခ်ယ္ခံရတာကို သူ႔ရဲ႕ ကလပ္အသင္းကလည္း အတည္ျပဳ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ သူ႔အေနနဲ႔ ႏိုင္ငံသား ေျပာင္းလဲခံယူခဲ့မယ္ဆိုပါက တစ္ခ်ိန္မွာ ဒိန္းမတ္လက္ေ႐ြးစင္အသင္းႀကီးအတြက္ ပါဝင္ကစားခြင့္ရရွိႏိုင္မွာလည္းျဖစ္ပါတယ္။
တကယ္လို႔ ႏိုင္ငံသားအျဖစ္ ေျပာင္းလဲထားျခင္းမရွိရင္ လူငယ္အဆင့္ေတြမွာ ပါဝင္ကစားေပးခဲ့ေပမယ့္ ျမန္မာလက္ေ႐ြးစင္အသင္းကို ကိုယ္စားျပဳကစားခြင့္ရွိေနဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက ကစားသမားရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ျဖစ္တဲ့အတြက္ Phun Za Mang အေပၚပဲ မူတည္ေနပါတယ္။