လီဗာပူးမီးအိမ္ရွင္နဲ႔ ခံစစ္ေက်ာက္ေဆာင္တုိ႔ကို ေခၚယူဖို႔ လာလီဂါဘီလူးႀကီးေတြ ပစ္မွတ္ထားေနဟုဆို

Photo Credit

Photo Credit

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ လာလီဂါအင္အားႀကီးအသင္းေတြျဖစ္တဲ့ ဘာစီလုိနာနဲ႔ရီးရဲလ္တုိ႔ဟာ လီဗာပူးအသင္း ေအာင္ျမင္မႈရရွိေနျခင္းရဲ႕အဓိကက်သူေတြျဖစ္တဲ့ နည္းျပ ကေလာ့ပ္နဲ႔ ေနာက္ခံလူဗန္ဒိုက္တုိ႔ ၂ဦးစလုံးကို ေခၚယူဖုိ႔ ပစ္မွတ္ထားေနတယ္လုိ႔ သိရပါတယ္။

Photo Credit

ဂ်ာမနီႏိုင္ငံသားကေလာ့ပ္ဟာ လီဗာပူးအသင္းကို ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ပဲ ေမွ်ာ္လင့္ေနရတဲ့အဆင့္ကေန ခ်န္ပီယံဆုစိန္ေခၚႏိုင္တဲ့အသင္းအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့ၿပီး ဒီရာသီမွာလည္း ရာႏႈန္းျပည့္အႏိုင္ရရွိကာ အမွတ္ေပးဇယားကို သက္ေသာင့္သက္သာဦးေဆာင္ေနပါတယ္။

Photo Credit

သူဟာ လက္ရွိကမၻာ့ေဘာလုံးေလာကရဲ႕အေကာင္းဆုံးနည္းျပတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရၿပီး စပိန္သတင္းစာ AS ရဲ႕ေရးသားေဖာ္ျပခ်က္အရ မိန္႔ဇ္နဲ႔ ေဒါ့မြန္နည္းျပေဟာင္းကို ေခၚယူဖို႔ ဘာစီလုိနာနဲ႔ ရီးရဲလ္ ၂သင္းစလုံးက ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

Photo Credit

ကေလာ့ပ္ရဲ႕လီဗာပူးအသင္းနည္းျပမွာ အေရးပါတဲ့အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္ေနသူက ေနာက္ခံလူ ဗန္ဒိုက္ျဖစ္ၿပီး သူ႕ကိုလည္း လာလီဂါအင္အားႀကီး ၂သင္းစလုံးက ပစ္မွတ္ထားေနတယ္လုိ႔ အဲဒီသတင္းစာကပဲ တစ္ဆက္တည္းေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit

၂၀၁၉-၂၀ ရာသီက အခုမွစတင္တာျဖစ္ေပမယ့္ ဘာစီလုိနာနဲ႔ ရီးရဲလ္မက္ဒရစ္နည္းျပ ၂ဦးစလုံးအတြက္ ဖိအားေတြခံစားေနရၿပီျဖစ္ၿပီး အဓိကအားျဖင့္ ယမန္ႏွစ္ရာသီအကုန္ရလဒ္ဆုိးေတြက ယခုရာသီအစရလဒ္ဆုိးေတြနဲ႔ ေပါင္းစပ္လုိက္တဲ့အခါ သူတို႔လည္း ဖိအားေတြေအာက္ ေရာက္ေနရတာျဖစ္ပါတယ္။

Photo Credit ; Reuters

ဘာစီလုိနာအသင္းဟာ ၿပီးခဲ့တဲ့ရာသီက နည္းျပဗယ္လ္ဗာဒီရဲ႕ဦးေဆာင္မႈနဲ႔အတူ လာလီဂါ၊ ခ်န္ပီယံလိဂ္နဲ႔ စပိန္ဘုရင့္ဖလားေတြရယူႏိုင္ဖုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အဆုံးသတ္မွာ လာလီဂါဖလားတစ္လုံးတည္းနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး စပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာ ဗလန္စီယာကို အေရးနိမ့္ခဲ့ရသလုိ ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္မွာလည္း ပ-အေက်ာ့ ၃ဂုိးျပတ္အႏိုင္ကို မထိန္းႏုိင္ခဲ့လုိ႔ ဗိုလ္လုပြဲနဲ႔အလွမ္းေ၀းခဲ့ရပါတယ္။

Photo Credit

ဘာစီလုိနာအသင္းဟာ ဒီရာသီမွာလည္း ထင္တုိင္းမေပါက္ေသးဘဲ လာလီဂါပြဲစဥ္ ၄အၿပီးမွာ ၂ပဲြႏိုင္၊ ၁ပြဲသေရ၊ ၁ပြဲ႐ံႈးနိမ့္ထားၿပီး ရီးရဲလ္ကလည္း ယမန္ႏွစ္ရာသီကတည္းက တစ္ရာသီလုံးနီးပါး ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ဇီဒန္း ျပန္ေရာက္လာေပမယ့္ အသင္းရဲ႕ရလဒ္ေတြက အေကာင္းဘက္ေျပာင္းလဲမသြားေသးဘဲ ယမန္ႏွစ္ရာသီ ဇီဒန္းလက္ထက္ ရာသီပိတ္ ၁၀ပြဲမွာ ၄ပဲြအထိ အေရးနိမ့္ခဲ့ရပါတယ္။

Photo Credit

ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ကစားသမားသစ္ေတြအမ်ားအျပားေခၚယူကာ အသင္းကို အႀကီးအက်ယ္ျပင္ဆင္ခဲ့ေပမယ့္ လာလီဂါမွာ ထင္သေလာက္မဟုတ္ေသးဘဲ ၂ပြဲႏိုင္၊ ၂ပဲြသေရက်ထားပါတယ္။

Photo Credit

Unicode

လီဗာပူးမီးအိမ်ရှင်နဲ့ ခံစစ်ကျောက်ဆောင်တို့ကို ခေါ်ယူဖို့ လာလီဂါဘီလူးကြီးတွေ ပစ်မှတ်ထားနေဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ လာလီဂါအင်အားကြီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ရီးရဲလ်တို့ဟာ လီဗာပူးအသင်း အောင်မြင်မှုရရှိနေခြင်းရဲ့အဓိကကျသူတွေဖြစ်တဲ့ နည်းပြ ကလော့ပ်နဲ့ နောက်ခံလူဗန်ဒိုက်တို့ ၂ဦးစလုံးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံသားကလော့ပ်ဟာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ပဲ မျှော်လင့်နေရတဲ့အဆင့်ကနေ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ရာနှုန်းပြည့်အနိုင်ရရှိကာ အမှတ်ပေးဇယားကို သက်သောင့်သက်သာဦးဆောင်နေပါတယ်။
သူဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး စပိန်သတင်းစာ AS ရဲ့ရေးသားဖော်ပြချက်အရ မိန့်ဇ်နဲ့ ဒေါ့မွန်နည်းပြဟောင်းကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ရီးရဲလ် ၂သင်းစလုံးက ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ကလော့ပ်ရဲ့လီဗာပူးအသင်းနည်းပြမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေသူက နောက်ခံလူ ဗန်ဒိုက်ဖြစ်ပြီး သူ့ကိုလည်း လာလီဂါအင်အားကြီး ၂သင်းစလုံးက ပစ်မှတ်ထားနေတယ်လို့ အဲဒီသတင်းစာကပဲ တစ်ဆက်တည်းရေးသားဖော်ပြခဲ့ပါတယ်။
၂၀၁၉-၂၀ ရာသီက အခုမှစတင်တာဖြစ်ပေမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ၂ဦးစလုံးအတွက် ဖိအားတွေခံစားနေရပြီဖြစ်ပြီး အဓိကအားဖြင့် ယမန်နှစ်ရာသီအကုန်ရလဒ်ဆိုးတွေက ယခုရာသီအစရလဒ်ဆိုးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူတို့လည်း ဖိအားတွေအောက် ရောက်နေရတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဗယ်လ်ဗာဒီရဲ့ဦးဆောင်မှုနဲ့အတူ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ စပိန်ဘုရင့်ဖလားတွေရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဆုံးသတ်မှာ လာလီဂါဖလားတစ်လုံးတည်းနဲ့ပဲ ကျေနပ်ခဲ့ရပြီး စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဗလန်စီယာကို အရေးနိမ့်ခဲ့ရသလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း ပ-အကျော့ ၃ဂိုးပြတ်အနိုင်ကို မထိန်းနိုင်ခဲ့လို့ ဗိုလ်လုပွဲနဲ့အလှမ်းဝေးခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီမှာလည်း ထင်တိုင်းမပေါက်သေးဘဲ လာလီဂါပွဲစဉ် ၄အပြီးမှာ ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးနိမ့်ထားပြီး ရီးရဲလ်ကလည်း ယမန်နှစ်ရာသီကတည်းက တစ်ရာသီလုံးနီးပါး ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဇီဒန်း ပြန်ရောက်လာပေမယ့် အသင်းရဲ့ရလဒ်တွေက အကောင်းဘက်ပြောင်းလဲမသွားသေးဘဲ ယမန်နှစ်ရာသီ ဇီဒန်းလက်ထက် ရာသီပိတ် ၁၀ပွဲမှာ ၄ပွဲအထိ အရေးနိမ့်ခဲ့ရပါတယ်။
ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ကစားသမားသစ်တွေအများအပြားခေါ်ယူကာ အသင်းကို အကြီးအကျယ်ပြင်ဆင်ခဲ့ပေမယ့် လာလီဂါမှာ ထင်သလောက်မဟုတ်သေးဘဲ ၂ပွဲနိုင်၊ ၂ပွဲသရေကျထားပါတယ်။