M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
လီဗာပူးဟာပရီးမီးယားလိဂ်က ပထမဦးဆုံး ပေးခဲ့တဲ့ mid-season break အပြီးဇယားအောက်ခြေ က နော့ဝှစ်နဲ့ စတင် ကစားသွားရမှာ ဖြစ်ပါတယ်။
နော့ဝှစ် ဇယားအောက်ခြေရောက်နေတာကို လီဗာပူးနည်းပြ ကလော့က “ရာသီအဖွင့်ပွဲစဉ်မှာ ကျွန်တော်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ဟာ နော့ဝှစ်ရဲ့ ရာသီတစ်ခုလုံး အတွက် ဥပမာ တစ်ခုပဲလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ဒီရာသီ ကစားခဲ့တဲ့ အသင်းတွေ အားလုံးရဲ့ ၉၅% ကို တကယ့်ကို ပြသနာပေး ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့ဟာ ဒီလိုပွဲ အများစု ကို ရှုံးခဲ့ ပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဒီလို အခြေအနေမှာ ရှိနေတာပါ။ အားလုံးဟာ မနက်ဖြန် အတွက် plan ဆိုတာ လိုအပ်ပါတယ်။ ပြီးတော့ နောက်လ အတွက် ၊ နောက်နှစ် အနည်းငယ် အတွက် plan တွေလည်း လိုအပ်ပါတယ်။ သူတို့မှာ ဒါတွေ ရှိနေတဲ့ ပုံပါပဲ။”ဆိုပြီး ပြောပါတယ်။
လီဗာပူးလ်အသင်းဖလားရရင် တစ်နှစ်တာအကောင်းဆုံးဆုကို ဟန်ဒါဆန်ပဲရသင့်တယ်လို့ ရောဘတ်ဆန် ကပြောပါတယ်။ “ကျွန်တော့်အတွက်ဆိုရင်တော့ ဟန်ဒါဆန်က ဦးဆောင်မှုအပိုင်းမှာ စံထားစရာပါ၊ တစ်နှစ်တာရဲ့အကောင်းဆုံးကစားသမားပေါ့၊ ဒီရာသီမှာ ကျွန်တော်တို့ အခက်အခဲတွေ ကြုံရတိုင်း ရှေ့ကိုဆက်ပြီးချီတက်နိုင်အောင် ဦးဆောင်မှုကောင်းကောင်းပေးနေတာ ဟန်ဒါဆန်ပါ။”ဆိုပြီး ရောဘတ်ဆန်ကပြောပါတယ်။ အာနိုး၊ ရောဘတ်ဆန်စတဲ့ကစားသမားတွေက ဆုပေးဖို့အတွက် ဟန်ဒါဆန်ကိုရွေးချယ်နေကြတာဖြစ်ပါတယ်။
အီဂျစ် ယူ 23 နည်းပြဂါရစ်က မိုဟာမက်ဆာလတ်ဟာ သူတို့ ရွေးချယ်မယ့် အသက် 23 နှစ်နဲ့ အထက် ကစားသမား 3 ယောက်မှာ တစ်ဦး အပါအဝင် ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး နောက်ပိုင်း ၊ လီဗာပူးဟာ သူတို့ရဲ့ ကစားသမားကို ရာသီ အကြို ပြင်ဆင်မှုတွေမှာ ဆုံးရှုံးရမယ့် အရေး တစ်ခုနဲ့ ရင်ဆိုင်လာခဲ့ရတာပါ။တိုကျိုမှာ ကျင်းပမယ့် အိုလံပစ် ပြိုင်ပွဲမှာ ဘောလုံး ကစားနည်းက ဇူလိုင် 23 ရက် နေ့ ကနေ သြဂုတ်လ 8 ရက်နေ့ အထိ ကျင်းပမှာ ဖြစ်လို့ ၊ ဆာလတ်ဟာ ကလော့ပ် ရဲ့ ရာသီအကြို ခြေစမ်းပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေပါတယ်။ အီဂျစ် ဘောလုံး အဖွဲ့ချုပ်ဘက်ကလည်း ဆာလတ် ကို ခေါ်ယူချင်တဲ့ အကြောင်း တရားဝင် ဆက်သွယ်လာခြင်း မရှိသေးသလို ၊ ကစားသမား ရဲ့ သဘောထားက ဘယ်လိုလဲ ဆိုတာကိုလဲ မမေးရသေးဘူးလို့ ကလော့ပ် ကပြောဆိုပါတယ်။
“ကျွန်တော့်ရဲ့ သဘောထားကတော့ ကစားသမား တစ်ယောက်ကို ရာသီအကြို ခြေစမ်းပွဲမျိုးတွေမှာတောင် မဆုံးရှုံးချင်ပါဘူး။ ဒါ အမှန်အတိုင်းပြောတာပါ။ဒါပေမယ့် အခြားသူတွေရဲ့ အမြင်တွေကိုလဲ နားထောင်ကြည့်ရဦးမယ်လေ။ ဒါကြောင့် မျက်နှာချင်းဆိုင်တွေ့ပြီး သေချာ ဆွေးနွေးသွားမှာပါ”ဆိုပြီး ကလော့ပ်ကပြောပါတယ်။
(Zawgyi Version)
လီဗာပူးဖလားရခဲ့ရင်နဲ့အခြားဆက်စပ်သတင်းများ………