လီဗာပူးပွဲအတွက် ခန့်မှန်းပွဲထွက်လူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သရဲနီပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ လီဗာပူးပွဲစဉ်ကို ဒီနေ့ည 1 နာရီ 45မိနစ်အချိန်မှာတော့ အိုးထရပ်ဖို့ဒ်ကွင်းမှာ ပြန်လည်ကစားကြမှာဖြစ်ပါတယ်။

အဲဒီပွဲဟာ ယူနိုက်တက် အတွက် ၅ ရက် အတွင်း ၃ ပွဲ မြောက် ကစားရတဲ့ ပွဲစဉ် လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက်စတာ နဲ့ ပွဲမှာ ဒီဂီယာ ပွဲထွက်ထားတာ ဖြစ်တာကြောင့် ဒီနေ့ည လီဗာပူး နဲ့ပွဲ စဉ်မှာတော့ ဟန်ဒါဆန်တစ်ယောက် ပွဲထွက် ရနိုင်ခြေရှိပါတယ်။

အသင်းခေါင်းဆောင် မက်ဂွားယားကတော့ ချိုင်းထောက်ကို ဖက်တွယ်ထားရဆဲဖြစ်တာကြောင့် လီဗာပူးနဲ့ပွဲကို အဝေးကနေ ငေးရပါမယ်။

နောက်ခံအစွန်လူ နှစ်‌ယောက်အတွက်ကတော့ ပြီးခဲ့တဲ့ ပွဲက ပွဲထွက်ကစားခဲ့ကြတဲ့ တဲလက်စ်နဲ့ ဝီလီယံအစား ဝမ်ဘစ်ဆာကာ နဲ့ လုခ်ရှောတို့ ပွဲထွက်ပါဝင်လာနိုင်ပါတယ်။

ကွင်းလယ်မှာလည်း ဖရက်၊ တော်မီနေး၊ ပေါ့ဘာ၊ ဘရူနို ဖာနန်ဒက်စ် တို့ ရှိနေပြီး တိုက်စစ်မှာလည်း ကာဗာနီ တစ်ယောက် ပွဲထွက်ကစားဖွယ်ရှိပါတယ်။

ယူနိုက်တက် ရဲ့ ဒဏ်ရာ ရ လူစာရင်းမှာတော့ မက်ဂွားယားအပြင် ဖီးဂျုံး၊မာရှယ် တို့ ရှိနေပြီး ကျန်လူအားလုံးကတော့ ရွေးချယ်ခွင့် ရှိနေတာလည်းဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားအသုံးပြုနိုင်တဲ့ ခန့်မှန်းကစားကွက်ပုံစံကတော့ (4-2-3-1) ဖြစ်နိုင် ပြီး၊ ရွေးချယ်နိုင်တဲ့ ခန့်မှန်း လူစာရင်းကတော့

ဟန်ဒါဆန်၊ ဝမ်ဘစ်ဆာကာ၊ ဘိုင်လီ၊ လင်ဒီလော့၊ လုခ်ရှော၊ ဖရက်၊ တော်မီနေး၊ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ကာဗာနီ၊ ရက်ရှ်ဖို့ တို့ဖြစ်နိုင်ပါတယ်။

ဒီနေ့ညပွဲမှာ ဆိုးလ်ရှားက ဂုဏ်သိက္ခာပိုင်းအနိုင်ရအောင် ပြိုင်ရမှာဖြစ်ပြီး၊ ကလော့ပ်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက် အသည်းအသန်ကြိုးစားရမှာဖြစ်ပါတယ်။

ပရိသတ်တွေရော ဘယ်အသင်းနိုင်မယ်ထင်ပါသလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi






