အက်သလက်တီကိုအသင်းကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲစဉ်မှာ လီဗာပူးပေးလိုက်ရတဲ့ ဂိုးနဲ့ပတ်သက်ပြီး ဒတ်ချ်ဂန္ထဝင် ရုဒ်ဂူလစ်နဲ့ ပြင်သစ်နောက်ခံလူဟောင်း မာဆယ်ဒက်ဆယ်လီတို့က ဗန်ဒစ်ချ်ကိုဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ ဒီပွဲမှာ beIN SPORTS ရဲ့ဝေဖန်သုံးသပ်သူတွေအဖြစ်ဆောင်ရွက်ခဲ့ကြတာပါ။ အက်သလက်တီကိုဟာပွဲချိန် ၄ မိနစ်မှာတင်ဘဲ ထောင့်ကန်ဘောကနေတစ်ဆင့် နီဂွက်ဇ်က တစ်လုံးတည်းသောအနိုင်ဂိုးကို အနီးကပ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂူလစ်နဲ့ ဒက်ဆယ်လီတို့က ဒီဂိုးပေးလိုက်ရမှုမှာ ဗန်ဒစ်ချ်ရဲ့အားနည်းချက်တွေရှိခဲ့တယ်လို့ သုံးသပ်သွားကြတာဖြစ်ပါတယ်။
ဗန်ဒစ်ချ်ဟာ အက်သလက်တီကို ကထောင့်ကန်ဘောတင်လိုက်ချိန်မှာ ဒီဘောလုံးကိုခေါင်းတိုက်ဖျက်ထုတ်လို့ရတဲ့အခြေအနေရှိခဲ့တဲ့အပြင် ဘောလုံးပြန်ကျလာပြီး နီဂွက်ဇ်ရှေ့ကိုရောက်သွားတဲ့အချိန်မှာလည်း ဖျက်ထုတ်ဖို့ လေးလံနေခဲ့တယ်လို့ ဆိုကြပါတယ်။
ဂူလစ်က”ဗန်ဒစ်ချ်အတွက် ထိတ်လန့်စရာပါဘဲ။ ထောာင့်ကန်ဘောကိုဖျက်ထုတ်နိုင်ခဲ့သင့်ပေမယ့် သူချွတ်ချော်ခဲ့တယ်။ ဒါမျိုးမဖြစ်သင့်ပါဘူး။ ကံတရားကလည်းကိုယ့်ဘက်မှာမရှိတော့ ဘောလုံးကသူ့ရှေ့ကနေဖြတ်သွားပြီး ဂိုးပေးလိုက်ရပါတာပါ” လို့ပြောကြားသွားပါတယ်။
ဒက်ဆယ်လီကလည်း ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ ဒီလိုအမှားတစ်ခုက အရာရာပြောင်းလဲသွားစေလို့ ဗန်ဒစ်ချ်ရဲ့အားနည်းချက်ဟာမဖြစ်သင့်ကြောင်း၊ လီဗာပူးအနေနဲ့အိမ်ကွင်းကစားရဖို့ရှိနေသေးပေမယ့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ထားလို့မရသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။
Zawgyi
လီဗာပူးပေးလိုက်ရတဲ့ ဂိုးအတွက် ဗန်ဒစ်ခ်ျကို ဂူလစ်နဲ့ ဒက်ဆယ်လီဝေဖန်
အက်သလက်တီကိုအသင်းကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲစဉ်မှာ လီဗာပူးပေးလိုက်ရတဲ့ ဂိုးနဲ့ပတ်သက်ပြီး ဒတ်ခ်ျဂန္ထ၀င် ရုဒ်ဂူလစ်နဲ့ ပြင်သစ်နောက်ခံလူဟောင်း မာဆယ်ဒက်ဆယ်လီတို့က ဗန်ဒစ်ခ်ျကိုဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။
ဗန်ဒစ်ခ်ျဟာ အက်သလက်တီကို ကထောင့်ကန်ဘောတင်လိုက်ချိန်မှာ ဒီဘောလုံးကိုခေါင်းတိုက်ဖျက်ထုတ်လို့ရတဲ့အခြေအနေရှိခဲ့တဲ့အပြင် ဘောလုံးပြန်ကျလာပြီး နီဂွက်ဇ်ရှေ့ကိုရောက်သွားတဲ့အချိန်မှာလည်း ဖျက်ထုတ်ဖို့ လေးလံနေခဲ့တယ်လို့ ဆိုကြပါတယ်။
ဒက်ဆယ်လီကလည်း ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ ဒီလိုအမှားတစ်ခုက အရာရာပြောင်းလဲသွားစေလို့ ဗန်ဒစ်ခ်ျရဲ့အားနည်းချက်ဟာမဖြစ်သင့်ကြောင်း၊ လီဗာပူးအနေနဲ့အိမ်ကွင်းကစားရဖို့ရှိနေသေးပေမယ့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ထားလို့မရသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။