လီဗာပူးပရိသတ်တွေ ကလော့ပ်ကို အသင်းကနေ ထွက်စေချင်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ ယမန်နေ့ညမှာ ယူနိုက်တက် အသင်းနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်ကစားခဲ့ပြီး ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပါတယ်။အခုတစ်ကြိမ် ပြိုင်ပွဲကနေ ထွက်ခွာရတာဟာ လီဗာပူးအသင်း အနေနဲ့ နည်းပြကလော့ပ်ရဲ့ လက်အောက်မှာ အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ် အဆင့်ကို မရောက်ရှိဘဲ ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ ၅ကြိမ်ဆက်လည်း ဖြစ်ပါတယ်။

ကလော့ပ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ အိုးထရက်ဖို့ဒ် ကွင်းဆီကို ပြိုင်ဘက်အဖြစ် ၆ကြိမ်တိုင် လာရောက် ကစားခဲ့ပေမယ့် တစ်ကြိမ်မှကို အနိုင်မရခဲ့ပါဘူး။ ၂ပွဲ သရေ ၄ပွဲရှုံး ရလဒ်သာ ရရှိခဲ့ပါတယ်။အခုအချိန်မှာ ကလော့ပ်ရဲ့ အန်ဖီးလ်ပဲ့ကိုင်ရှင်ဘဝဟာ ကံဆိုးမှုတွေပြည့်နေပါတယ်။ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ပြီးခဲ့တဲ့ ၂ရာသီမှာ ရယူပေးခဲ့တဲ့ နည်းပြကြီးဟာ လက်တလောမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေကာအခုဆို နည်းပြကလော့ပ်ဟာ ဖိအားတွေအောက် ရောက်နေပါပြီ။ မနေ့က ရှူံးပွဲကြုံပြီးနောက်လီဗာပူးလ် ပရိသတ်အချို့က ကလော့ပ်ကို အသင်းကထွက်စေချင်ကြပါတယ်။ သူ့နေရာမှာအသင်းရဲ့ဂန္ဓဝင်ကစားသမား ဂျရတ်ကို အစားထိုးဖို့ တောင်းဆိုမှုတွေလည်း ရှိပါတယ်။

လူမှုကွန်ရက်ပေါ်မှာ “တကယ်လို့ စပါးကိုသာ ထပ်ပြီးရှုံးနိမ့်ခဲ့မယ်ဆိုရင် ကလော့ပ်နေရာကို စတီဗင်ဂျရတ်နဲ့ အစားထိုးရလိမ့်မယ်” ၊ “ဂျရတ် ဟာ ကလောပ့်ရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး လီဗာပူး အသင်းရဲ့အမြဲတမ်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေတယ်”၊”ကလော့ပ်ကို နောက်ထပ် 2ပွဲ3ပွဲပဲ စောင့်ကြည့်ပြီး၊ ရလဒ်သာမကောင်းခဲ့ဘူးဆိုရင်ထုတ်သင့်တယ်” ဆိုတဲ့ ပို့စ်တွေ ရေးသားထားကြပါတယ်။

လက်ရှိအချိန်မှာ ဂျရတ်က စကော့တလန်ကလပ် ရိန်းဂျားစ် အသင်းကို အမှတ်ပေးပြိုင်ပွဲမှာဇယားထိပ်ဆုံးနေရာမှာ အမှတ်ကောင်းကောင်းနဲ့ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ရိန်းဂျားနည်းပြဘဝ ပွဲပေါင်း ၁၅၀ မှာ ဂျရတ်က နိုင်ပွဲ ၉၈ ပွဲအထိ ရရှိထားပြီး ၃၂ပွဲသရေကျကာ ၂ဝပွဲအရေးနိမ့်ခဲ့ပါတယ်။

နည်းပြကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ယူနိုက်တက် အသင်းနဲ့ (၆)မှတ်ကွာဟနေပြီး အဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ အခုလာမယ့်ရက်ပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်ကို စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးပရိသတ္ေတြ ကေလာ့ပ္ကို အသင္းကေန ထြက္ေစခ်င္ၿပီ

ပရီးမီးယားလိဂ္ရဲ႕ နာမည္ႀကီး အသင္းတစ္သင္း ျဖစ္တဲ့ လီဗာပူးအသင္းဟာ ယမန္ေန႔ညမွာ ယူႏိုက္တက္ အသင္းနဲ႔ အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္ကစားခဲ့ၿပီး ၃-၂ ဆိုတဲ့ ရလဒ္နဲ႔ အရႈံးေပးခဲ့ရကာ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ ရပါတယ္။အခုတစ္ႀကိမ္ ၿပိဳင္ပြဲကေန ထြက္ခြာရတာဟာ လီဗာပူးအသင္း အေနနဲ႔ နည္းျပကေလာ့ပ္ရဲ႕ လက္ေအာက္မွာ အက္ဖ္ေအဖလားရဲ႕ ကြာတားဖိုင္နယ္ အဆင့္ကို မေရာက္ရွိဘဲ ၿပိဳင္ပြဲကေန ထြက္ခြာရတဲ့ ၅ႀကိမ္ဆက္လည္း ျဖစ္ပါတယ္။

ကေလာ့ပ္ဟာ သူ႔ရဲ႕ နည္းျပဘဝမွာ အိုးထရက္ဖို႔ဒ္ ကြင္းဆီကို ၿပိဳင္ဘက္အျဖစ္ ၆ႀကိမ္တိုင္ လာေရာက္ ကစားခဲ့ေပမယ့္ တစ္ႀကိမ္မွကို အႏိုင္မရခဲ့ပါဘူး။ ၂ပြဲ သေရ ၄ပြဲရႈံး ရလဒ္သာ ရရွိခဲ့ပါတယ္။အခုအခ်ိန္မွာ ကေလာ့ပ္ရဲ႕ အန္ဖီးလ္ပဲ့ကိုင္ရွင္ဘဝဟာ ကံဆိုးမႈေတြျပည့္ေနပါတယ္။ ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို ၿပီးခဲ့တဲ့ ၂ရာသီမွာ ရယူေပးခဲ့တဲ့ နည္းျပႀကီးဟာ လက္တေလာမွာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံငါးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးေနကာအခုဆို နည္းျပကေလာ့ပ္ဟာ ဖိအားေတြေအာက္ ေရာက္ေနပါၿပီ။ မေန႔က ရႉံးပြဲႀကဳံၿပီးေနာက္လီဗာပူးလ္ ပရိသတ္အခ်ိဳ႕က ကေလာ့ပ္ကို အသင္းကထြက္ေစခ်င္ၾကပါတယ္။ သူ႔ေနရာမွာအသင္းရဲ႕ဂႏၶဝင္ကစားသမား ဂ်ရတ္ကို အစားထိုးဖို႔ ေတာင္းဆိုမႈေတြလည္း ရွိပါတယ္။

လူမႈကြန္ရက္ေပၚမွာ “တကယ္လို႔ စပါးကိုသာ ထပ္ၿပီးရႈံးနိမ့္ခဲ့မယ္ဆိုရင္ ကေလာ့ပ္ေနရာကို စတီဗင္ဂ်ရတ္နဲ႔ အစားထိုးရလိမ့္မယ္” ၊ “ဂ်ရတ္ ဟာ ကေလာပ့္ရဲ႕ေနရာကို အစားထိုးဝင္ေရာက္ၿပီး လီဗာပူး အသင္းရဲ႕အၿမဲတမ္းနည္းျပျဖစ္လာဖို႔ ေရပန္းစားေနတယ္”၊”ကေလာ့ပ္ကို ေနာက္ထပ္ 2ပြဲ3ပြဲပဲ ေစာင့္ၾကည့္ၿပီး၊ ရလဒ္သာမေကာင္းခဲ့ဘူးဆိုရင္ထုတ္သင့္တယ္” ဆိုတဲ့ ပို႔စ္ေတြ ေရးသားထားၾကပါတယ္။ လက္ရွိအခ်ိန္မွာ ဂ်ရတ္က စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္ အသင္းကို အမွတ္ေပးၿပိဳင္ပြဲမွာဇယားထိပ္ဆုံးေနရာမွာ အမွတ္ေကာင္းေကာင္းနဲ႔ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ေပးထားပါတယ္။ ရိန္းဂ်ားနည္းျပဘဝ ပြဲေပါင္း ၁၅၀ မွာ ဂ်ရတ္က ႏိုင္ပြဲ ၉၈ ပြဲအထိ ရရွိထားၿပီး ၃၂ပြဲသေရက်ကာ ၂ဝပြဲအေရးနိမ့္ခဲ့ပါတယ္။

နည္းျပက​ေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ ယူႏိုက္တက္ အသင္းနဲ႔ (၆)မွတ္ကြာဟေနၿပီး အဆင့္(၄)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ လီဗာပူး အသင္းဟာ အခုလာမယ့္ရက္ပိုင္းမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ကို စပါး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။