လီဗာပူးပရိသတ်တွေရဲ့ ဒုတိယမြောက်ဖေးဘရိတ်အသင်းဖြစ်လာတဲ့ နောဝစ်ချ်
Photo Credit
Photo Credit
အခုပဲ လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် သတ်မှတ်လိုက်ရတော့မှာလား…အခုမှ ဒီဇင်ဘာလဝက်ပဲရောက်သေးတာမှန်ပေမယ့် ပရီးမီးယားလိဂ်ဇယားထိပ်မှာ ရပ်တည်နေတဲ့လီဗာပူးက ဘယ်အသင်းမှ မကျော်လွှား၊ မဖြိုဖျက်နိုင်တဲ့အသင်းပုံစံဖြစ်လာပါတယ်။
Photo Credit
သူတို့ဟာ စနေပွဲစဉ်တွေပြီးဆုံးသွားပြီးနောက် ဒုတိယနေရာက လက်စတာကို ၁၀ မှတ်ဖြတ်လိုက်နိုင်ပါတယ်။ လီဗာပူးဟာ စနေအစောဆုံးပွဲမှာ ၀က်ဖို့ဒ်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ည ၉နာရီခွဲပွဲမှာ လက်စတာက နောဝစ်ချ်နဲ့ ၁-၁ ဂိုးသရေကျသွားခဲ့တာပါ။
Photo Credit
နောဝစ်ချ်ဟာ ဒီပွဲမတိုင်ခင် ၁၁ပွဲမှာ ၁ပွဲပဲအနိုင်ရတဲ့အထိ အခြေအနေဆိုးရွားနေခဲ့ပေမယ့် ကင်းပါဝါမှာတော့ အိမ်ရှင်လက်စတာအသင်းကို အခက်တွေ့စေခဲ့ပါတယ်။ နည်းပြ ဒန်နီရယ်ဖာကီရဲ့နောဝစ်ချ်မှာ အခုချိန်အထိ တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေရပေမယ့် လီဗာပူးအသင်းပရိသတ်တွေရဲ့ဒုတိယအကြိုက်ဆုံးအသင်းဖြစ်လာပါတယ်။
Photo Credit
တန်းတက်နောဝစ်ချ်ဟာ လီဗာပူးရဲ့အဓိကချန်ပီယံလုဘက် ၂သင်းဆီကနေ အမှတ်တွေရယူနိုင်ခဲ့သလို လီဗာပူးရဲ့အခါးသီးဆုံးမြို့ခံပြိုင်ဘက် အဲဗာတန်ကိုလည်း ဂိုးပြတ်အနိုင်ရထားပါတယ်။ ပြီးတော့ နောဝစ်ချ်ဟာ ရာသီအဖွင့်ပွစဉ်အဖြစ် သြဂုတ်လအတွင်း အန်ဖီးလ်မှာ လီဗာပူးကို ၄-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပါသေးတယ်။
Photo Credit
ဒီအတွက်ကြောင့်လည်း လီဗာပူးပရိသတ်တွေက လူမှုမီဒီယာမှာ နောဝစ်ချ်အသင်းကို ချီးကျူးမှုတွေပြုလုပ်နေပြီး တချို့ဆိုရင် သူရဲကောင်းဘွဲ့တောင် ပေးသင့်တယ်လို့ တိုက်တွန်းနေပါတယ်။ ”သိပ်ချစ်ဖို့ကောင်းတဲ့နောဝစ်ချ်။ အန်ဖီးလ်မှာ အရေးနိမ့်ခဲ့တယ်။ စီးတီးကို အနိုင်ယူတယ်။ ပြီးတော့ အဲဗာတန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တယ်။ အဲဒီနောက် ၈ပွဲဆက်အနိုင်ရထားတဲ့လက်စတာကိုလည်း သရေကစားနိုင်ခဲ့ပြန်တယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။
Photo Credit
”အခုတော့ နည်းပြကြီး ဖာကီကို သူရဲကောင်းဘွဲ့ပေးသင့်နေပြီ”။ ”နောဝစ်ချ်ရဲ့ယခုရာသီ အကောင်းဆုံးရလဒ်များ စီးတီးကို အိမ်ကွင်းမှာအနိုင်ရ၊ ဂွတ်ဒီဆင်ပါ့ခ်မှာ အမှတ်ပြည့်ရ၊ နာမည်ကြီးနေတဲ့လက်စတာကို အဝေးကွင်းမှာ သရေကစား။ ကျွန်တော်တို့ရဲ့ဒုတိယအကြိုက်ဆုံးအသင်းပါပဲ”။
Photo Credit
”လီဗာပူး အမှတ်ပေးချန်ပီယံဖြစ်ရခြင်းရဲ့အကြောင်းရင်းက နောဝစ်ချ်ပဲ”လို့ ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။
Photo Credit
Zawgyi
လီဗာပူးပရိသတ်တွေရဲ့ ဒုတိယမြောက်ဖေးဘရိတ်အသင်းဖြစ်လာတဲ့ နောဝစ်ခ်ျ
နောဝစ်ခ်ျဟာ ဒီပွဲမတိုင်ခင် ၁၁ပွဲမှာ ၁ပွဲပဲအနိုင်ရတဲ့အထိ အခြေအနေဆိုးရွားနေခဲ့ပေမယ့် ကင်းပါဝါမှာတော့ အိမ်ရှင်လက်စတာအသင်းကို အခက်တွေ့စေခဲ့ပါတယ်။ နည်းပြ ဒန်နီရယ်ဖာကီရဲ့နောဝစ်ခ်ျမှာ အခုချိန်အထိ တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေရပေမယ့် လီဗာပူးအသင်းပရိသတ်တွေရဲ့ဒုတိယအကြိုက်ဆုံးအသင်းဖြစ်လာပါတယ်။
တန်းတက်နောဝစ်ခ်ျဟာ လီဗာပူးရဲ့အဓိကချန်ပီယံလုဘက် ၂သင်းဆီကနေ အမှတ်တွေရယူနိုင်ခဲ့သလို လီဗာပူးရဲ့အခါးသီးဆုံးမြို့ခံပြိုင်ဘက် အဲဗာတန်ကိုလည်း ဂိုးပြတ်အနိုင်ရထားပါတယ်။ ပြီးတော့ နောဝစ်ခ်ျဟာ ရာသီအဖွင့်ပွစဉ်အဖြစ် သြဂုတ်လအတွင်း အန်ဖီးလ်မှာ လီဗာပူးကို ၄-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပါသေးတယ်။
”လီဗာပူး အမှတ်ပေးချန်ပီယံဖြစ်ရခြင်းရဲ့အကြောင်းရင်းက နောဝစ်ခ်ျပဲ”လို့ ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။