လီဗာပူးပရိသတ်တွေရဲ့ ထောက်ခံမှုအပြည့် ရရှိထားဆဲဖြစ်တဲ့ နည်းပြကလော့ပ်

လီ‌ဗာပူး အသင်း ပရိသတ်တွေကတော့ ဖိအားဒဏ်တွေအောက်ကျရောက်နေတဲ့ နည်းပြ ကလောပ့် ကို အပြည့်အဝထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အန်ဖီးလ်ကွင်းအပြင်ဘက်မှာ စာတန်းတွေချိတ်ဆွဲကြပါတယ်။ လီဗာပူးအသင်းဟာ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာ အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် (၃)ပွဲဆက်ရှူံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းကို ရှုံးနိမ့်သွားခဲ့ပြီးနောက် လီဗာပူးအသင်းနည်းပြကလော့ပ်ဟာ ပရီးမီးယားလိဂ်ကနေ နောက်ထပ်ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ နည်းပြကလော့ပ်က လက်စတာအသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်လီဗာပူးအသင်းအနေနဲ့လက်ရှိရာသီမှာပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်မှာမဟုတ်တော့ကြောင်းဝန်ခံပြောဆိုထားပါတယ်။

အန်ဖီးလ်ကွင်း အပြင်ဘက်မှာ ”Jurgen Klopp YNWA” စာတမ်းကို ချိတ်ထားသလို၊ ပရိသတ်တစ်ဦးကလည်း တွစ်တာကနေ လီဗာပူး ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ You’ll Never Walk Alone ဆိုပြီး ရေးသားထားပါတယ်။ နည်းပြကလောပ့် ဟာ မကြာသေးခင်ကမှ သူ့ရဲ့မိခင်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် ဂျာမနီကို မသွားရောက်နိုင်ခဲ့ပါဘူး။

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာကတော့လီဗာပူးအသင်းအနေနဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ လီဗာပူးအတွက် ဆုဖလားပြန်လည်ထိန်းသိမ်းနိုင်ဖို့ဟာ လွယ်ကူတဲ့ အနေအထားတော့ မဟုတ်ပါဘူး။

Zawgyi

လီဗာပူးပရိသတ္ေတြရဲ႕ ေထာက္ခံမႈအျပည့္ ရရွိထားဆဲျဖစ္တဲ့ နည္းျပကေလာ့ပ္

လီ‌ဗာပူး အသင္း ပရိသတ္ေတြကေတာ့ ဖိအားဒဏ္ေတြေအာက္က်ေရာက္ေနတဲ့ နည္းျပ ကေလာပ့္ ကို အျပည့္အဝေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ႔ အန္ဖီးလ္ကြင္းအျပင္ဘက္မွာ စာတန္းေတြခ်ိတ္ဆြဲၾကပါတယ္။ လီဗာပူးအသင္းဟာ ဒီတစ္ပတ္မွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ လက္စတာ အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အေရးနိမ့္ၿပီးေနာက္ ပရီးမီးယားလိဂ္ (၃)ပြဲဆက္ရႉံးနိမ့္ခဲ့တာျဖစ္ပါတယ္။

လက္စတာအသင္းကို ရႈံးနိမ့္သြားခဲ့ၿပီးေနာက္ လီဗာပူးအသင္းနည္းျပကေလာ့ပ္ဟာ ပရီးမီးယားလိဂ္ကေနေနာက္ထပ္ထုတ္ပယ္ခံရမယ့္နည္းျပအျဖစ္ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ နည္းျပကေလာ့ပ္က လက္စတာအသင္းကိုရႈံးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးအသင္းအေနနဲ႔လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုရယူႏိုင္မွာမဟုတ္ေတာ့ေၾကာင္းဝန္ခံေျပာဆိုထားပါတယ္။

အန္ဖီးလ္ကြင္း အျပင္ဘက္မွာ ”Jurgen Klopp YNWA” စာတမ္းကို ခ်ိတ္ထားသလို၊ပရိသတ္တစ္ဦးကလည္း တြစ္တာကေန လီဗာပူး ရဲ႕ေဆာင္ပုဒ္ျဖစ္တဲ့ You’ll Never Walk Alone ဆိုၿပီးေရးသားထားပါတယ္။

နည္းျပကေလာပ့္ ဟာ မၾကာေသးခင္ကမွ သူ႔ရဲ႕မိခင္ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ ကန႔္သတ္ခ်က္ေတြေၾကာင့္ ဂ်ာမနီကို မသြားေရာက္ႏိုင္ခဲ့ပါဘူး။ မန္စီးတီးအသင္း နည္းျပဂြါဒီယိုလာကေတာ့ လီဗာပူးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူႏိုင္ဖို႔ အခြင့္အလမ္းေတြ ရွိေနဆဲျဖစ္တယ္လို႔ ​ေျပာဆိုထားပါတယ္။ လီဗာပူးအတြက္ ဆုဖလားျပန္လည္ထိန္းသိမ္းႏိုင္ဖို႔ဟာ လြယ္ကူတဲ့ အ​ေနအထား​ေတာ့ မဟုတ္ပါဘူး။