လီဗာပူးပရိသတ်တွေပျော်ရမယ့် ဆာလက်ရဲ့ နောက်ဆုံးအကြိမ် ဆေးစစ်ချက်ကလည်း နက်ဂတစ် ပါပဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ်ကတော့ ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရလို့သီးသန့်နေနေရတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူးဆာလက်အနေနဲ့ ဒီနေ့ စစ်ဆေးရာမှာလည်း နက်ဂတစ် အဖြေ ထွက်ခဲ့တာကြောင့် ကိုဗစ်ပျောက်ဆုံးသွားပြီး အက်တလန်တာနဲ့ပွဲမှာ ပါဝင်မယ်လို့ အတည်ပြု ထုတ်ပြန်ပေးလာပါတယ်။

ဆာလက် ကိုးဗစ် ကူးစက်ခံခဲ့ရတာကတော့ နိုင်ငံတကာ ပွဲစဉ်တွေ ကန်ဖို့ အတွက် အီဂျစ်နိုင်ငံကို ပြန်သွားချိန်က ဖြစ်ပြီး အခုတစ်ပတ် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာ အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရသေးတာ ဖြစ်ပါတယ်။

ဆာလက်အနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က အင်္ဂလန်ကို ဆေးဝါးပစ္စည်း အစုံ ပါရှိတဲ့ သီးသန့်လေယာဉ်နဲ့ အတူ ပြန်လာခဲ့ပါတယ်။ အဲဒီနောက် ပိုးရှိ ၊ မရှိ စစ်ဆေးရာမှာ နက်ဂတစ် ထွက်ခဲ့တာကြောင့် အခုလို အသင်းနဲ့ အတူ အမြန်ဆုံး လေ့ကျင့်ရေး ပြန်ဆင်းနိုင်တာ ဖြစ်ပါတယ်။

 

လီဗာပူးနည်းပြ ကလော့ပ် ကတော့ ဆာလက် ကိစ္စကိုအခုလိုပြောဆိုထားပါတယ်။ “အခုအကြောင်းအရာကကျွန်တော် အကြားချင်ဆုံး စကားပါပဲ။”

“သူ့ကို ဒီနေ့ စစ်ဆေးရာမှာလည်း နက်ဂတစ် အဖြေ ထွက်ပါတယ်။ သူ့အနေနဲ့ အတော်လေး သက်သာနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ အတွက် ကျွန်တော်တို့ အကုန်လုံး လေ့ကျင့်ခန်း ဆင်းကြပါမယ်။ အက်တလန်တာနဲ့ ပွဲမှာသူ ပါဝင်နိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောလို့ရပါပြီ” လို့ ကလော့ပ်ကပြောဆိုပါတယ်။

အခြားတစ်ဖက်မှာတော့ လက်စတာနဲ့ပွဲမှာ ပွဲချိန် ၅၃မိနစ်မှာပဲ ထိခိုက်ဒဏ်ရာရခဲ့တဲ့ နဘီကီတာကတော့ တံကောက်ကြောဒဏ်ရာရခဲ့တယ်လို့ သိရပြီး ဒဏ်ရာရစာရင်းကိုတော့ တိုးသွားစေခဲ့ပါသေးတယ်။ ဆာလက် အနေနဲ့ လီဗာပူး အသင်းဆီကို ၂၀၁၇ ခုနှစ် စတင် ရောက်ရှိတဲ့ အချိန်ကတည်းကနေ အခုချိန်ထိ ပရီးမီးယားလိဂ် ၇ ပွဲသာ လွဲချော်ဖူးတာ ဖြစ်ပါတယ်။

ဆာလက်မပါတဲ့ပွဲစဉ်တွေမှာ လီဗာပူးအသင်းဟာ နိုင်ပွဲတွေ ရှာဖွေနိုင်ခဲ့ပေမယ့်လည်း အနိုင်ရရှိမှု ရာခိုင်နှုန်းက ဆာလက်ပါဝင်ချိန်မှာ ၇၃.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဆာလက်မပါဝင်ချိန်မှာတော့ ၅၇.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဂိုးသွင်းနှုန်းကလည်း ၂.၃ ရာခိုင်နှုန်းကနေ ၁.၉ ရာခိုင်နှုန်း ထိ ကျဆင်းခဲ့သလို တစ်ပွဲပျမ်းမျှ အမှတ်ရရှိနှုန်းကလည်း ၂.၄ ကနေ ၂.၁ အထိ ကျဆင်းခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ လက်စတာအသင်း ကို အိမ်ကွင်းမှာ ဂိုးအပြတ်အသတ်နဲ့ နိုင်ခဲ့တာကြောင့် အသင်းအနေနဲ့ အိမ်ကွင်း ၅ ပွဲဆက် အနိုင်ရရှိတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်‌ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ရမှတ်တူ ၂၀မှတ်နှင့် ပရီးမီးယား လိဂ် အဆင့် ၂နေရာမှာ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးပရိသတ္ေတြေပ်ာ္ရမယ့္ ဆာလက္ရဲ႕ ေနာက္ဆံုးအၾကိမ္ ေဆးစစ္ခ်က္ကလည္း နက္ဂတစ္ ပါပဲ

လီဗာပူးအသင္းရဲ႕ နည္းျပ ကေလာ့ပ္ကေတာ့ ကိုဗစ္ ေရာဂါပိုး ကူးစက္ခံထားရလို႔သီးသန႔္ေနေနရတဲ့ အသင္းရဲ႕ အဓိက တိုက္စစ္မႉးဆာလက္အေနနဲ႔ ဒီေန႔ စစ္ေဆးရာမွာလည္း နက္ဂတစ္ အေျဖ ထြက္ခဲ့တာေၾကာင့္ ကိုဗစ္ေပ်ာက္ဆုံးသြားၿပီး အက္တလန္တာနဲ႔ပြဲမွာ ပါဝင္မယ္လို႔ အတည္ျပဳ ထုတ္ျပန္ေပးလာပါတယ္။

ဆာလက္ ကိုးဗစ္ ကူးစက္ခံခဲ့ရတာကေတာ့ ႏိုင္ငံတကာ ပြဲစဥ္ေတြ ကန္ဖို႔ အတြက္ အီဂ်စ္ႏိုင္ငံကို ျပန္သြားခ်ိန္က ျဖစ္ၿပီး အခုတစ္ပတ္ တနဂၤေႏြေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လက္စတာ အသင္းနဲ႔ ပြဲစဥ္ကိုလည္း လြဲေခ်ာ္ခဲ့ရေသးတာ ျဖစ္ပါတယ္။

ဆာလက္အေနနဲ႔ ၿပီးခဲ့တဲ့ေသာၾကာေန႔က အဂၤလန္ကို ေဆးဝါးပစၥည္း အစုံ ပါရွိတဲ့ သီးသန႔္ေလယာဥ္နဲ႔ အတူ ျပန္လာခဲ့ပါတယ္။ အဲဒီေနာက္ ပိုးရွိ ၊ မရွိ စစ္ေဆးရာမွာ နက္ဂတစ္ ထြက္ခဲ့တာေၾကာင့္ အခုလို အသင္းနဲ႔ အတူ အျမန္ဆုံး ေလ့က်င့္ေရး ျပန္ဆင္းႏိုင္တာ ျဖစ္ပါတယ္။

လီဗာပူးနည္းျပ ကေလာ့ပ္ ကေတာ့ ဆာလက္ ကိစၥကိုအခုလိုေျပာဆိုထားပါတယ္။ “အခုအေၾကာင္းအရာကကြၽန္ေတာ္ အၾကားခ်င္ဆုံး စကားပါပဲ။”

“သူ႔ကို ဒီေန႔ စစ္ေဆးရာမွာလည္း နက္ဂတစ္ အေျဖ ထြက္ပါတယ္။ သူ႔အေနနဲ႔ အေတာ္ေလး သက္သာေနၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အတြက္ ကြၽန္ေတာ္တို႔ အကုန္လုံး ေလ့က်င့္ခန္း ဆင္းၾကပါမယ္။ အက္တလန္တာနဲ႕ ပြဲမွာသူ ပါဝင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ အေသအခ်ာ ေျပာလို႕ရပါၿပီ” လို႔ ကေလာ့ပ္ကေျပာဆိုပါတယ္။

အျခားတစ္ဖက္မွာေတာ့ လက္စတာနဲ႔ပြဲမွာ ပြဲခ်ိန္ ၅၃မိနစ္မွာပဲ ထိခိုက္ဒဏ္ရာရခဲ့တဲ့ နဘီကီတာကေတာ့ တံေကာက္ေၾကာဒဏ္ရာရခဲ့တယ္လို႔ သိရၿပီး ဒဏ္ရာရစာရင္းကိုေတာ့ တိုးသြားေစခဲ့ပါေသးတယ္။ဆာလက္ အေနနဲ႔ လီဗာပူး အသင္းဆီကို ၂၀၁၇ ခုႏွစ္ စတင္ ေရာက္ရွိတဲ့ အခ်ိန္ကတည္းကေန အခုခ်ိန္ထိ ပရီးမီးယားလိဂ္ ၇ ပြဲသာ လြဲေခ်ာ္ဖူးတာ ျဖစ္ပါတယ္။

ဆာလက္မပါတဲ့ပြဲစဥ္ေတြမွာ လီဗာပူးအသင္းဟာ ႏိုင္ပြဲေတြ ရွာေဖြႏိုင္ခဲ့ေပမယ့္လည္း အႏိုင္ရရွိမႈ ရာခိုင္ႏႈန္းက ဆာလက္ပါဝင္ခ်ိန္မွာ ၇၃.၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဆာလက္မပါဝင္ခ်ိန္မွာေတာ့ ၅၇.၁ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ပါတယ္။ ဂိုးသြင္းႏႈန္းကလည္း ၂.၃ ရာခိုင္ႏႈန္းကေန ၁.၉ ရာခိုင္ႏႈန္း ထိ က်ဆင္းခဲ့သလို တစ္ပြဲပ်မ္းမွ် အမွတ္ရရွိႏႈန္းကလည္း ၂.၄ ကေန ၂.၁ အထိ က်ဆင္းခဲ့ရပါတယ္။

လီဗာပူးအသင္းဟာ လက္စတာအသင္း ကို အိမ္ကြင္းမွာ ဂိုးအျပတ္အသတ္နဲ႔ ႏိုင္ခဲ့တာေၾကာင့္ အသင္းအေနနဲ႔ အိမ္ကြင္း ၅ ပြဲဆက္ အႏိုင္ရရွိတဲ့ စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းသြားႏိုင္‌ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လီဗာပူးအသင္းဟာ စပါးအသင္းနဲ႔ရမွတ္တူ ၂၀မွတ္ႏွင့္ ပရီးမီးယား လိဂ္ အဆင့္ ၂ေနရာမွာ ဂိုးကြာျခားခ်က္နဲ႔ ရပ္တည္ေနပါတယ္။