လီဗာပူးနဲ႔မန္စီးတီးၾကယ္ပြင့္ေတြကိုေက်ာ္ျဖတ္ၿပီး ၾသဂုတ္လအေကာင္းဆုံးဆုကို ရသြားတဲ့ပက္ကီ

photo-gettyimages

photo-PA

ေနာ္၀စ္ခ်္တိုက္စစ္မႈးပက္ကီဟာ စတာလင္းနဲ႔ဖာမီႏိုတုိိ႔ကိုေက်ာ္ျဖတ္ၿပီး ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္အေကာင္းဆံုးကစားသမားဆုကို ရရွိသြားခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ အဲဒီဖင္လန္သားတုိက္စစ္မႈးဟာ ရာသီအစ ၄ ပြဲမွာ ၅ ဂိုးသြင္းႏိုင္ခဲ့ကာ အဲဒီထဲမွာ နယူးကာဆယ္နဲ႔ပြဲက ဟက္ထရစ္လည္း ပါ၀င္ခဲ့တာပါ။ သူဟာ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆံုးဆုရခဲ့တဲ့ ပထမဆုံးေနာ္၀စ္ခ်္ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။

photo-gettyimages

”’ဒါဟာ ႀကီးမားတဲ့ဂုဏ္ယူစရာတစ္ခုပါ။ ရာသီတာထြက္ေကာင္းတစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္အရမ္းေပ်ာ္ေနတာပါ။ အခုခ်ိန္ကစၿပီး ကၽြန္ေတာ္တုိ႔ အမွတ္ေတြပိုရဖုိ႔ လုိေနပါၿပီ။ ဒီအဆင့္မွာ ဂိုးေတြသြငး္ႏိုုင္မယ္လို႔ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ယုံၾကည္ထားတာပါ။ ဒါေပမဲ့ ပထမဆုံး ၄ ပြဲမွာ ၅ ဂိုးသြငး္ႏိုင္မယ္လုိ႔ ဘယ္တုန္းကမွ မထင္ထားပါဘူး။ ကၽြန္ေတာ္ရမယ္ထင္ထားတာထက္ အမ်ားႀကီးပိုပါတယ္။ အသင္းေဖာ္ေတြမပါဘဲနဲ႔ ဒီဆုကို ကၽြန္ေတာ္မရႏိုင္ပါဘူး။ သူတို႔က ကၽြန္ေတာ့္ကို ဖန္တီးမႈေကာင္းေတြအမ်ားႀကီးေပးေနတာျဖစ္ၿပီး သူတုိ႔အားလုံးကို ေက်းဇူးႀကီးႀကီးမားမားတင္ဖို႔ ကၽြန္ေတာ္တကယ္လိုအပ္ပါတယ္”လုိ႔ ပက္ကီက ေနာ္၀စ္ခ်္အသင္း၀က္ဘ္ဆိုဒ္ကို ေျပာၾကားခဲ့တာပါ။

photo-gettyimages

ပက္ကီဟာ ၂၀၁၈ ကမွ ဒိန္းမတ္ကလပ္ဘရြန္ဘီကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေနာ္၀စ္ခ်္ကိုေရာက္လာခ့ဲတာပါ။ သူဟာ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံရွစ္ၿပိဳ္င္ပြဲရဲ႕ထိပ္တန္းဂိုးသြင္းရွင္လည္း ျဖစ္ခဲ့ပါတယ္။ ၾသဂုတ္လအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးနည္းျပဆုကိုေတာ့ လီဗာပူးနညး္ျပဂ်ာဂင္ကေလာ့ပ္ကရရွိခဲ့ၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲရယူေပးႏိုင္ခဲ့လို႔ အခုလုိဆုရသြားတာပါ။ ကေလာ့ပ္အတြက္ ၄ ႀကိမ္ေျမာက္ တစ္လတာအေကာင္းဆုံးဆုလည္း ျဖစ္ပါတယ္။

[Unicode]

နော်ဝစ်ချ်တိုက်စစ်မှုးပက်ကီဟာ စတာလင်းနဲ့ဖာမီနိုတို့ကိုကျော်ဖြတ်ပြီး သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် အဲဒီဖင်လန်သားတိုက်စစ်မှုးဟာ ရာသီအစ ၄ ပွဲမှာ ၅ ဂိုးသွင်းနိုင်ခဲ့ကာ အဲဒီထဲမှာ နယူးကာဆယ်နဲ့ပွဲက ဟက်ထရစ်လည်း ပါဝင်ခဲ့တာပါ။ သူဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုရခဲ့တဲ့ ပထမဆုံးနော်ဝစ်ချ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

”’ဒါဟာ ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါ။ ရာသီတာထွက်ကောင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်အရမ်းပျော်နေတာပါ။ အခုချိန်ကစပြီး ကျွန်တော်တို့ အမှတ်တွေပိုရဖို့ လိုနေပါပြီ။ ဒီအဆင့်မှာ ဂိုးတွေသွင်းနိုင်မယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်ယုံကြည်ထားတာပါ။ ဒါပေမဲ့ ပထမဆုံး ၄ ပွဲမှာ ၅ ဂိုးသွင်းနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ထားပါဘူး။ ကျွန်တော်ရမယ်ထင်ထားတာထက် အများကြီးပိုပါတယ်။ အသင်းဖော်တွေမပါဘဲနဲ့ ဒီဆုကို ကျွန်တော်မရနိုင်ပါဘူး။ သူတို့က ကျွန်တော့်ကို ဖန်တီးမှုကောင်းတွေအများကြီးပေးနေတာဖြစ်ပြီး သူတို့အားလုံးကို ကျေးဇူးကြီးကြီးမားမားတင်ဖို့ ကျွန်တော်တကယ်လိုအပ်ပါတယ်”လို့ ပက်ကီက နော်ဝစ်ချ်အသင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့တာပါ။

ပက်ကီဟာ ၂၀၁၈ ကမှ ဒိန်းမတ်ကလပ်ဘရွန်ဘီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နော်ဝစ်ချ်ကိုရောက်လာခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်ခဲ့ပါတယ်။ သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကိုတော့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကရရှိခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရယူပေးနိုင်ခဲ့လို့ အခုလိုဆုရသွားတာပါ။ ကလော့ပ်အတွက် ၄ ကြိမ်မြောက် တစ်လတာအကောင်းဆုံးဆုလည်း ဖြစ်ပါတယ်။