
Photo Credit ; Getty Images
Photo Credit ; Getty Images / AFP
ေတာ့တင္ဟမ္အသင္းကြင္းလယ္လူ ဟယ္ရီဝင့္ခ္ကေတာ့ ၿပီးခဲ့တဲ့အပတ္က ပရီးမီးယားလိဂ္ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ လက္ရွိခ်န္ပီယံမန္စီးတီးအသင္းနဲ႔ပြဲစဥ္မွာ ျပသခဲ့တဲ့ အသင္းရဲ႕ကစားပံုေျခစြမ္းပိုင္းက ဥေရာပရဲ႕အသင္းႀကီးတစ္သင္းျဖစ္ေၾကာင္းသက္ေသျပႏိုင္ခဲ့တယ္လို႔ ထင္ျမင္ေနပါတယ္။
Photo Credit
မန္စီးတီးအသင္းရဲ႕အိမ္ကြင္းမွာ ၂-၂ ဂိုးသေရက်ေအာင္ ကစားႏိုင္ခဲ့တာေၾကာင့္ လီဗာပူးနဲ႔ မန္စီးတီးအသင္းတုိ႔ဟာ ေတာ့တင္ဟမ္အသင္းကို ေလွ်ာ့မတြက္သင့္ဘဲစိုးရိမ္သင့္ေၾကာင္း ဟယ္ရီဝင့္ခ္က သတိေပးေျပာၾကားလိုက္တာပါ။
Photo Credit
ၿပီးခဲ့တဲ့အပတ္က နည္းျပပိုခ်က္တီႏိုရဲ႕ေတာ့တင္ဟမ္အသင္းဟာ အသင္းႀကီးနဲ႔ေတြ႔ဆံုရတာေၾကာင့္ ဖိအားတခ်ိဳ႕႐ွိခဲ့ၿပီး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ့ကာ ပြဲၿပီးဆံုးခ်ိန္မွာေတာ့ ပက္ဂြါဒီယိုလာရဲ႕စီးတီးအသင္းကို အီတီဟတ္မွာ သေရက်ေအာင္ အေကာင္းဆံုးယွဥ္ၿပိဳင္ကစားႏိုင္ခဲ့ပါတယ္။
Photo Credit
အဆိုပါပြဲစဥ္မွာ မန္စီးတီးအသင္းကပဲ စတာလင္း၊ အဂြဲ႐ိုးတို႔ရဲ႕သြင္းဂိုးေတြနဲ႔ ပြဲကို အႀကိမ္ႀကိမ္ဦးေဆာင္ထားခဲ့တာပါ။ ဒါေပမဲ့ ေတာ့တင္ဟမ္အသင္းအတြက္ လာမယ္လာ၊ လူးကပ္စ္မိုရာတို႔ကေခ်ပဂိုးေတြ အသီးသီး ျပန္လည္ သြင္းယူခဲ့ၾကၿပီး စီးတီးအသင္းကအႏိုင္ ၃မွတ္နဲ႔ လြဲေခ်ာ္ခဲ့ကာသေရ ၁ မွတ္နဲ႔သာေက်နပ္ခဲ့ရပါတယ္။
Photo Credit
အဆိုပါပြဲစဥ္မွာ စီးတီးအသင္းက ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ ၃၀ ရွိခဲ့ၿပီး ေတာ့တင္ဟမ္အသင္းက ၆ ႀကိမ္ပဲကန္သြင္းခြင့္ရခဲ့တာပါ။ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ မွာေတာ့ စီးတီးနဲ႔ စပါးအသင္းတို႔ဟာ ၂ သင္းလံုးရမွတ္ ၁ မွတ္စီနဲ႔သာေက်နပ္ခဲ့ၾကရပါတယ္။
Photo Credit
“မန္စီးတီးနဲ႔ လီဗာပူးအသင္းတို႔က ကၽြန္ေတာ္တို႔ အသင္းကိုေလွ်ာ့မတြက္ဘဲစိုးရိမ္သင့္ပါတယ္၊ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ကၽြန္ေတ္ာတို႔ဟာ ပရီးမီးယားလိဂ္မွာေရာ ဥေရာပမွာပါ အေကာင္းဆံုးအသင္းေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္တယ္ဆိုတာ သက္ေသျပသခဲ့ၿပီးပါၿပီ”
Photo Credit
”ဒီရာသီမွာလည္း ဒီလိုပံုစံေကာင္းကိုထိန္းသိမ္းထားႏိုင္ဖို႔ အေရးႀကီးပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးလိုရလဒ္ေတြေကာင္းခ်င္ရင္ေတာ့ ဒီလိုပံုစံေကာင္းကိုဆက္ထိန္းထားဖို႔ လိုပါတယ္”လို႔ ဝင့္ခ္က Evening Standard သတင္းကိုေျပာျပသြားခဲ့ပါတယ္။
Photo Credit
Unicode
လီဗာပူးနဲ့မန်စီးတီးအသင်းတွေက တော့တင်ဟမ်ကိုစိုးရိမ်သင့်တယ်လို့ ဟယ်ရီဝင့်ခ် သတိပေး
တော့တင်ဟမ်အသင်းကွင်းလယ်လူ ဟယ်ရီဝင့်ခ်ကတော့ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လက်ရှိချန်ပီယံမန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အသင်းရဲ့ကစားပုံခြေစွမ်းပိုင်းက ဥရောပရဲ့အသင်းကြီးတစ်သင်းဖြစ်ကြောင်းသက်သေပြနိုင်ခဲ့တယ်လို့ ထင်မြင်နေပါတယ်။
မန်စီးတီးအသင်းရဲ့အိမ်ကွင်းမှာ ၂-၂ ဂိုးသရေကျအောင် ကစားနိုင်ခဲ့တာကြောင့် လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ဟာ တော့တင်ဟမ်အသင်းကို လျှော့မတွက်သင့်ဘဲစိုးရိမ်သင့်ကြောင်း ဟယ်ရီဝင့်ခ်က သတိပေးပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့အပတ်က နည်းပြပိုချက်တီနိုရဲ့တော့တင်ဟမ်အသင်းဟာ အသင်းကြီးနဲ့တွေ့ဆုံရတာကြောင့် ဖိအားတချို့ရှိခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကာ ပွဲပြီးဆုံးချိန်မှာတော့ ပက်ဂွါဒီယိုလာရဲ့စီးတီးအသင်းကို အီတီဟတ်မှာ သရေကျအောင် အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းကပဲ စတာလင်း၊ အဂွဲရိုးတို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲကို အကြိမ်ကြိမ်ဦးဆောင်ထားခဲ့တာပါ။ ဒါပေမဲ့ တော့တင်ဟမ်အသင်းအတွက် လာမယ်လာ၊ လူးကပ်စ်မိုရာတို့ကချေပဂိုးတွေ အသီးသီး ပြန်လည် သွင်းယူခဲ့ကြပြီး စီးတီးအသင်းကအနိုင် ၃မှတ်နဲ့ လွဲချော်ခဲ့ကာသရေ ၁ မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။
အဆိုပါပွဲစဉ်မှာ စီးတီးအသင်းက ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ ရှိခဲ့ပြီး တော့တင်ဟမ်အသင်းက ၆ ကြိမ်ပဲကန်သွင်းခွင့်ရခဲ့တာပါ။ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ စီးတီးနဲ့ စပါးအသင်းတို့ဟာ ၂ သင်းလုံးရမှတ် ၁ မှတ်စီနဲ့သာကျေနပ်ခဲ့ကြရပါတယ်။
“မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က ကျွန်တော်တို့ အသင်းကိုလျှော့မတွက်ဘဲစိုးရိမ်သင့်ပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေကတည်းက ကျွန်တေ်ာတို့ဟာ ပရီးမီးယားလိဂ်မှာရော ဥရောပမှာပါ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြသခဲ့ပြီးပါပြီ”
”ဒီရာသီမှာလည်း ဒီလိုပုံစံကောင်းကိုထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလိုရလဒ်တွေကောင်းချင်ရင်တော့ ဒီလိုပုံစံကောင်းကိုဆက်ထိန်းထားဖို့ လိုပါတယ်”လို့ ဝင့်ခ်က Evening Standard သတင်းကိုပြောပြသွားခဲ့ပါတယ်။