လီဗာပူးနဲ႔စီးတီးကို ၿဖိဳခ်ေရးစိန္ေခၚမႈအေပၚ သေဘာအက်ႀကီးက်ေနတဲ့ ရက္ရွ္ဖို႔ဒ္

Photo Credit ; Sky Sports

Photo Credit ; EPA

ယူႏုိက္တက္တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က ၿပီးခဲ့တဲ့ရာသီအတြင္း အခါးသီးဆုံးၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးနဲ႔စီးတီးတုိ႔ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့တာကို ျမင္ေတြ႕ရတာ နာက်င္စရာေကာင္းေၾကာင္း ၀န္ခံခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးအသင္းေတြနဲ႔ မိမိတုိ႔အသင္းၾကား ကြာဟခ်က္ေလွ်ာ့ခ်ေရးစိန္ေခၚမႈကို ရင္ဆုိင္ဖို႔ ယူႏိုက္တက္တစ္သင္းလုံး စိတ္လႈပ္ရွားေနေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္သြားတဲ့ စီးတီးထက္ ၃၂မွတ္အထိ ကြာဟခ့ဲသလုိ စီးတီးကို ေနာက္ဆုံးအခ်ိန္အထိ အေကာင္းဆုံးဖိအားေပးႏိုင္ခဲ့တဲ့လီဗာပူးကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၆ႀကိမ္ေျမာက္ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္ရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ေတြအတြက္ ေအာင္ျမင္တဲ့ရာသီအျဖစ္ ခက္ခက္ခဲခဲလက္ခံသတ္မွတ္ခဲ့ရတာလားဆုိတဲ့ေမးခြန္းကို အဂၤလန္လက္ေရြးစင္ ရက္ရွ္ဖို႔ဒ္က ”ကၽြန္ေတာ့္အေနနဲ႔ေျပာရမယ္ဆိုရင္ေတာ့ အမွန္ပါပဲ။ ဒီအတြက္ေၾကာင့္ပဲ ကၽြန္ေတာ္တုိ႔အသင္းအတြက္ ပိုမိုႀကီးမားတဲ့စိန္ေခၚမႈျဖစ္လာပါတယ္။ ကၽြန္ေတာ္တို႔ကိုယ္တုိင္ကလည္း စိန္ေခၚမႈေတြရဲ႕အေ၀းမွာ သြားေနမယ္လုိ႔ တစ္ခါမွေျပာမွာမဟုတ္သလုိ အသင္းတစ္သင္းပုံစံနဲ႔ ေရွ႕ဆက္သြားမွာပါ။ ၿပီးခဲ့တဲ့ရာသီက သိပ္မေကာင္းခဲ့တာမွန္ေပမယ့္ မႏွစ္ကနဲ႔ယွဥ္ရင္ ဒီႏွစ္ဒီလုိအခ်ိန္က ပိုေကာင္းတဲ့အေျခအေနကို ပိုင္ဆုိင္ထားပါၿပီ”လုိ႔ ေျပာပါတယ္။

Photo Credit ; Reuters

ယူႏုိက္တက္ဟာ လက္ရွိအခ်ိန္မွာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ၾသစေၾတးလ်ႏိုင္ငံကို ေရာက္ရွိေနၿပီး အဖြင့္ပြဲစဥ္အျဖစ္ ယခုရက္သတၱပတ္အကုန္မွာ ပါ့သ္ဂလုိရီအသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခ့ဲတဲ့ရာသီက ဆိုးလ္ရွားလက္ထက္မွာ အသင္းရဲ႕နံပါတ္ ၁ဦးစားေပးတုိက္စစ္မွဴးျဖစ္လာၿပီး အမွတ္ေပးခ်န္ပီယံဆုဖလားစိန္ေခၚႏိုင္ေရးက ရည္မွန္းခ်က္ျဖစ္ေၾကာင္း ဆုိပါတယ္။

Photo Credit

”ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ယူႏိုက္တက္အသင္း ရွိသင့္တဲ့ေနရာကို ျပန္ေရာက္ဖို႔ အၿမဲတမ္းရည္မွန္းခ်က္ထားပါတယ္။ ဒါကလည္း ခက္ခဲတဲ့ဆုံးျဖတ္ခ်က္မဟုတ္ဘဲ အားလုံးကလည္း ႀကိဳတင္စိတ္လႈပ္ရွားေနပါတယ္။ တစ္ပြဲခ်င္းစီကို အာ႐ုံစိုက္သြားရမွာျဖစ္ၿပီး အေ၀းႀကီးကို လွမ္းေမွ်ာ္ၾကည့္လုိ႔မရပါဘူး။ ကိုယ့္ကိုယ္ကိုယ္ပဲ အာ႐ုံစိုက္ရမွာပါ”လု႔ိ ရက္ရွ္ဖို႔ဒ္က ဆက္ေျပာပါတယ္။

Photo Credit ; Reuters

Unicode

လီဗာပူးနဲ့စီးတီးကို ဖြိုချရေးစိန်ခေါ်မှုအပေါ် သဘောအကျကြီးကျနေတဲ့ ရက်ရှ်ဖို့ဒ်

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီအတွင်း အခါးသီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့စီးတီးတို့ ရလဒ်ကောင်းတွေရယူနိုင်ခဲ့တာကို မြင်တွေ့ရတာ နာကျင်စရာကောင်းကြောင်း ဝန်ခံခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းတွေနဲ့ မိမိတို့အသင်းကြား ကွာဟချက်လျှော့ချရေးစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ယူနိုက်တက်တစ်သင်းလုံး စိတ်လှုပ်ရှားနေကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်သွားတဲ့ စီးတီးထက် ၃၂မှတ်အထိ ကွာဟခဲ့သလို စီးတီးကို နောက်ဆုံးအချိန်အထိ အကောင်းဆုံးဖိအားပေးနိုင်ခဲ့တဲ့လီဗာပူးကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ရဲ့အခါးသီးဆုံးပြိုင်ဘက်တွေအတွက် အောင်မြင်တဲ့ရာသီအဖြစ် ခက်ခက်ခဲခဲလက်ခံသတ်မှတ်ခဲ့ရတာလားဆိုတဲ့မေးခွန်းကို အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်က ”ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ အမှန်ပါပဲ။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့အသင်းအတွက် ပိုမိုကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း စိန်ခေါ်မှုတွေရဲ့အဝေးမှာ သွားနေမယ်လို့ တစ်ခါမှပြောမှာမဟုတ်သလို အသင်းတစ်သင်းပုံစံနဲ့ ရှေ့ဆက်သွားမှာပါ။ ပြီးခဲ့တဲ့ရာသီက သိပ်မကောင်းခဲ့တာမှန်ပေမယ့် မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်ဒီလိုအချိန်က ပိုကောင်းတဲ့အခြေအနေကို ပိုင်ဆိုင်ထားပါပြီ”လို့ ပြောပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံကို ရောက်ရှိနေပြီး အဖွင့်ပွဲစဉ်အဖြစ် ယခုရက်သတ္တပတ်အကုန်မှာ ပါ့သ်ဂလိုရီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ဆိုးလ်ရှားလက်ထက်မှာ အသင်းရဲ့နံပါတ် ၁ဦးစားပေးတိုက်စစ်မှူးဖြစ်လာပြီး အမှတ်ပေးချန်ပီယံဆုဖလားစိန်ခေါ်နိုင်ရေးက ရည်မှန်းချက်ဖြစ်ကြောင်း ဆိုပါတယ်။
”ကျွန်တော့်အနေနဲ့ကတော့ ယူနိုက်တက်အသင်း ရှိသင့်တဲ့နေရာကို ပြန်ရောက်ဖို့ အမြဲတမ်းရည်မှန်းချက်ထားပါတယ်။ ဒါကလည်း ခက်ခဲတဲ့ဆုံးဖြတ်ချက်မဟုတ်ဘဲ အားလုံးကလည်း ကြိုတင်စိတ်လှုပ်ရှားနေပါတယ်။ တစ်ပွဲချင်းစီကို အာရုံစိုက်သွားရမှာဖြစ်ပြီး အဝေးကြီးကို လှမ်းမျှော်ကြည့်လို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ရမှာပါ”လု့ိ ရက်ရှ်ဖို့ဒ်က ဆက်ပြောပါတယ်။