

ဒီတစ်ပတ်ကြည့်ရမယ့်ပွဲကောင်းတစ်ပွဲကတော့ လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာဖြစ်ပါတယ်။ အန်ဖီးကွင်းမှာယှဉ်ပြိုင်မယ့် အဲဒီပွဲဟာ ဒါဘီပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ လီဗာပူးမြို့အခြေစိုက်ကလပ်နှစ်သင်းအတွက် ဒီတစ်ကြိမ်ပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ တစ်သင်းအတွက် ကံကောင်းမယ့်ပွဲဖြစ်ကာ၊ နောက်တစ်သင်းအတွက် ကံမကောင်းနိုင်မယ့်ပွဲတစ်ပွဲပါ။

ဘာကြောင့်လဲဆိုရင် လီဗာပူးအသင်းဟာ အမှတ်ပေးဇယားမှာ 8 မှတ်ဖြတ်ထားတဲ့အသင်းဖြစ်ပြီး၊ အဲဗာတန်ကတော့ တန်းဆင်းဇုန်နဲ့ နှစ်မှတ်အကွာမှာရှိနေပါတယ်။ အဲဒီပွဲမှာတစ်သင်းက အမြင့်အနေအထားနဲ့ယှဉ်ပြိုင်မှာဖြစ်ပြီး၊နောက်တစ်သင်းကတော့ အနိမ့်အခြေအနေနဲ့ကစားမှာဖြစ်ပါတယ်။ သေချာတာကတော့တစ်သင်းနဲ့တစ်သင်းပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ပါတယ်။

234 ကြိမ်မြောက် မာဆေးဆိုဒ်ဒါဘီပွဲဖြစ်ပြီး၊လီဗာပူးအတွက် နိုင်ဖို့အနေအထားပိုများတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ လီဗာပူးမြို့ဖွား မိုက်ကယ်အိုဝင်ကလည်း လီဗာပူးအသင်းနိုင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ “လီဗာပူးကသူတို့ရဲ့မဟာပြိုင်ဘက်ကို အနိုင်ပေးမှာတော့မဟုတ်ပါဘူး။ အခုရာသီမှာ လီဗာပူးက အိမ်ကွင်းမှာ clean sheet တစ်ပွဲမှ မရထားပါဘူး။ အခုဒါဘီပွဲမှာလည်း လီဗာပူးက အဲဗာတန်ကို အနိုင်ရသွားနိုင်ပါတယ်”လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းသုံးသပ်ပါတယ်။

အဲဗာတန်ဘက်ကလည်း လီဗာပူးဘက်ကို ထိုးဖောက်ဂိုးသွင်းနိုင်ခြေတွေရှိပါတယ်။ လီဗာပူးနဲ့အဲဗာတန်မှာဘယ် အသင်းက အမှတ်တွေပိုယူမှာလဲ။ ဘယ်အသင်းနိုင်နိုင်ခြေရှိပါသလဲ။ ပရိသတ်တွေကရော ဘယ်လိုထင်မြင်ပါ သလဲ။

(Zawgyi Version)
လီဗာပူးနဲ႔ အဲဗာတန္ပြဲ ဘယ္အသင္းႏိုင္မွာလဲ?
ဒီတစ္ပတ္ၾကည့္ရမယ့္ပြဲေကာင္းတစ္ပြဲကေတာ့ လီဗာပူးနဲ႔ အဲဗာတန္တို႔ရဲ႕ မာေဆးဆိုဒ္ဒါဘီပြဲမွာျဖစ္ပါတယ္။ အန္ဖီးကြင္းမွာယွဥ္ၿပိဳင္မယ့္ အဲဒီပြဲဟာ ဒါဘီပြဲေကာင္းတစ္ပြဲျဖစ္ပါတယ္။ လီဗာပူးၿမိဳ႕အေျခစိုက္ကလပ္ႏွစ္သင္းအတြက္ ဒီတစ္ႀကိမ္ပြဲဟာ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္ၿပီး၊ တစ္သင္းအတြက္ ကံေကာင္းမယ့္ပြဲျဖစ္ကာ၊ ေနာက္တစ္သင္းအတြက္ ကံမေကာင္းႏိုင္မယ့္ပြဲတစ္ပြဲပါ။
ဘာေၾကာင့္လဲဆိုရင္ လီဗာပူးအသင္းဟာ အမွတ္ေပးဇယားမွာ 8 မွတ္ျဖတ္ထားတဲ့အသင္းျဖစ္ၿပီး၊ အဲဗာတန္ကေတာ့ တန္းဆင္းဇုန္နဲ႔ ႏွစ္မွတ္အကြာမွာရိွေနပါတယ္။ အဲဒီပြဲမွာတစ္သင္းက အျမင့္အေနအထားနဲ႔ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ၊ေနာက္တစ္သင္း ကေတာ့ အနိမ့္အေျခအေနနဲ႔ကစားမွာျဖစ္ပါတယ္။ ေသခ်ာတာကေတာ့တစ္သင္းနဲ႔တစ္သင္းၿပိဳင္ဆိုင္ မႈျပင္းထန္မွာျဖစ္ပါတယ္။
234 ႀကိမ္ေျမာက္ မာေဆးဆိုဒ္ဒါဘီပြဲျဖစ္ၿပီး၊လီဗာပူးအတြက္ ႏိုင္ဖို႔အေနအထားပိုမ်ားတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။ လီဗာပူးၿမိဳ႕ဖြား မိုက္ကယ္အို၀င္ကလည္း လီဗာပူးအသင္းႏိုင္ႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။ “လီဗာပူးက သူတို႔ရဲ႕မဟာၿပိဳင္ဘက္ကို အႏိုင္ေပးမွာေတာ့မဟုတ္ပါဘူး။ အခုရာသီမွာ လီဗာပူးက အိမ္ကြင္းမွာ clean sheet တစ္ပြဲမွ မရထားပါဘူး။ အခုဒါဘီပြဲမွာလည္း လီဗာပူးက အဲဗာတန္ကို အႏိုင္ရသြားႏိုင္ပါတယ္”လို႔ မိုက္ကယ္အုိ၀င္က ခန္႔မွန္းသုံးသပ္ပါတယ္။
အဲဗာတန္ဘက္ကလည္း လီဗာပူးဘက္ကို ထိုးေဖာက္ဂုိးသြင္းႏိုင္ေျခေတြရိွပါတယ္။ လီဗာပူးနဲ႔အဲဗာတန္မွာ ဘယ္အသင္းက အမွတ္ေတြပိုယူမွာလဲ။ ဘယ္အသင္းႏိုင္ႏိုင္ေျခရိွပါသလဲ။ ပရိသတ္ေတြကေရာ ဘယ္လုိထင္ျမင္ပါသလဲ။