လီဗာပူးနဲ့ ရာသီကုန်ထိ ထူးခြားတဲ့ ကာလတိုသက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်တဲ့ လယ်လာနာ

လီဗာပူးကွင်းလယ်လူ လယ်လာနာဟာ အသင်းနဲ့ ကာလတိုစာချုပ်သက်တမ်းတိုးလိုက်တာကြောင့် ရာသီကုန်ထိ အသင်းမှာ ဆက်နေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ၃၂နှစ်သားဟာ ဇူလိုင်လကုန်ထိ အသင်မှာ ဆက်ရှိမှာဖြစ်ကာ ကြိုးကြားနီတွေနဲ့ ၆နှစ်တာ ကစားသမားဘ၀ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

လယ်လာနာ စာချုပ်သစ်ချုပ်ဆိုလိုက်တာနဲ့ ပတ်သက်ပြီး ကလော့ပ်က အင်္ဂလန်သားရဲ့ အသင်းအပေါ် အရေးပါမှုကို ပြောပြသွားခဲ့ပါတယ်။ ကလော့ပ်က “အဒမ်ကို အခြားကလပ်တေါက လာမယ့်ရာသီအတွက် အလိုရှိနေကြပြီး ဒီဆုံးဖြတ်ချက်က ဘယ်လောက်ထိ လေးစားစရာကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်”

“ဒါက သူ ကျွန်တော်တို့အပေါ်မှာ သစ္စာရှိတယ်ဆိုတာ ပြသနေပြီး အဲ့ဒီအတွက် ကျွန်တော်တို့ သူ့ကို အသိအမှတ်ပြုပါတယ်။ သူ ရာသီကုန်ထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တဲ့အတွက် ကျေးဇူးတင်မိပြီး သူ့အတွက် ကောင်းမွန်တဲ့ နှုတ်ဆက်ပွဲ ဖြစ်လာမှာပါ”

“ကျွန်တော် လီဗာပူးမှာ နည်းပြနေတုန်းက လယ်လာရဲ့ အသင်းအပေါ် အရေးပါမှုတွေကို ဖော်ပြဖို့ အင်္ဂလိပ်စကား ရှာမတွေ့ပါဘူး။ ဒါပေမဲ့ အခုအချိန်က အဲ့ဒီစကားတွေ ပြောနေရမယ့် အချိန်မဟုတ်ပါဘူး။ သူအသင်းမှာ ရာသီကုန်ထိ ကစားမှာဖြစ်တဲ့အတွက် လာမယ့်လကုန်ထိတဲ့ သူ့ရဲ့ အရည်အချင်းတွေကို ကျွန်တော်လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် လယ်လာနာက “ကျွန်တော် အသင်းနဲ့အတူ ယခုနှစ်ရာသီကို ကုန်ဆုံးရတော့မယ့်အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ အဲ့ဒါက ကျွန်တော်နဲ့ မိသားစုအတွက် အလွန်အရေးပါပါတယ်”လို့ ဆိုခဲ့ပါတယ်။

လယ်လာနာဟာ ဆောက်သမ်တန်ကနေ ရောက်ရှိလာခဲ့ပြီးနောက် လီဗာပူးအတွက် ၁၇၈ပွဲကစားကာ ၂၂ဂိုး သွင်းထားခဲ့ပါတယ်။ ကလိုင်းဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ ဇွန်လကုန်မှာ ထွက်ခွာသွားဖို့ ရှိနေပါတယ်။