လီဗာပူးနဲ့ မန်စီးတီးတို့နောက် ယူနိုက်တက်ရောက်နေရလို့ မပျော်မရွှင်ဖြစ်နေတဲ့ မာတာ

Photo Credit

Photo Credit

ယူနိုက်တက်ကွင်းလယ်ကစားသမား ဟွမ်မာတာက မဟာပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နောက်မှာရောက်ရှိနေပြီး ယမန်နှစ်ကမန်စီးတီးအသင်း ပရီးမီးယားလိဂ် ဆုဖလားရယူသွားခဲ့တာကြောင့်ပါ မပျော်မရွှင်ဖြစ်နေတဲ့ ခံစားချက်ကိုယူနိုက်တက်ပရိသတ်တွေနဲ့ မျှဝေခံစားလိုက်ပါတယ်။

Photo Credit

မာတာရဲ့ စာအုပ်အသစ်ဖြစ်တဲ့ “Suddenly A Footballer” စာအုပ်မိတ်ဆက်ပွဲမှာတော့ ပြည်တွင်းဆုဖလားအားလုံးကို စီးတီးအသင်းက ဆွတ်ခူးရယူသွားပြီး ယမန်နှစ်ကချန်ပီယံလိဂ်ဖလားကိုလည်း လီဗာပူးအသင်းကသိမ်းပိုက်သွားခဲ့ကာလက်ရှိရာသီမှာရလဒ်ဆိုးတွေနဲ့ အစပြုခဲ့ရတဲ့ အသင်းရဲ့အခြေအနေကြောင့် မာတာတစ်ယောက် သောကတွေ များနေခဲ့ပါတယ်။

Photo Credit

မာတာဟာ တနင်္ဂနွေနေ့ကလီဗာပူးအသင်းကို ၁-၁ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ်တောင် မပါဝင်ခဲ့ရပါဘူး။

Photo Credit

မာတာက “ကျွန်တော် အားလပ်ရက်တစ်ရက်ရတဲ့အခါ ဘောလုံးပွဲတွေ ကြည့်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် ဘောလုံးပွဲတွေကို ချစ်ပြီးကောင်းမွန်တဲ့ ဘောလုံးအားကစားရဲ့ အရသာကိုခံစားတတ်လို့ပါ၊ ဒါပေမဲ့ ကျွန်တော်ကြည့်နေရတဲ့ပွဲက လီဗာပူး(သို့)စီးတီးတို့ရဲ့ ပွဲဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်အသင်း ပြိုင်ဘက်အသင်းရဲ့ပွဲကိုကြည့်နေရတာ ကျွန်တော့်အတွက် အများကြီးမပျော်မရွှင်ဖြစ်ပြီး သက်ရောက်မှုရှိပါတယ်“လို့ ပြောပါတယ်။

Photo Credit

သူ့အပေါ်ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကိုတော့ မာတာက “ခင်ဗျားတွေ့တဲ့အတိုင်းပဲ စီးတီးနဲ့လီဗာပူးတို့က အသင်းကောင်းတွေပါ၊ သူတို့ ကောင်းကောင်းကစားနိုင်ကြတယ်၊ လက်ရှိမှာယူနိုက်တက်က သူတို့ရဲ့ အနောက်မှာရောက်နေရတာကို ကျွန်တော်မပျော်ပါဘူး၊ ဒါ့အပြင် ပရိသတ်တွေလည်း စီးတီးနဲ့ လီဗာပူးတို့နောက်ရောက်နေရတာကို ပျော်ရွှင်မှာမဟုတ်ပါဘူး”

Photo Credit

”ကျွန်တော့်လိုပဲပေါ့။ ကျွန်တော်ကတော့ ပြိင်ဘက်အသင်းတွေအကြောင်းစဉ်းစားဖို့ထက် ကိုယ့်အသင်းတိုးတက်လာဖို့ကိုပဲ အာရုံစိုက်ထားပါတယ်”လို့ ပြောပြသွားခဲ့ပါတယ်။

Photo Credit

Zawgyi

လီဗာပူးနဲ႔ မန္စီးတီးတို႔ေနာက္ ယူႏိုက္တက္ေရာက္ေနရလုိ႔ မေပ်ာ္မရႊင္ျဖစ္ေနတဲ့ မာတာ

ယူႏိုက္တက္ကြင္းလယ္ကစားသမား ဟြမ္မာတာက မဟာၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးအသင္းရဲ႕ ေနာက္မွာေရာက္ရွိေနၿပီး ယမန္ႏွစ္ကမန္စီးတီးအသင္း ပရီးမီးယားလိဂ္ ဆုဖလားရယူသြားခဲ့တာေၾကာင့္ပါ မေပ်ာ္မရႊင္ျဖစ္ေနတဲ့ ခံစားခ်က္ကိုယူႏိုက္တက္ပရိသတ္ေတြနဲ႔ မွ်ေဝခံစားလိုက္ပါတယ္။
မာတာရဲ႕ စာအုပ္အသစ္ျဖစ္တဲ့ “Suddenly A Footballer” စာအုပ္မိတ္ဆက္ပြဲမွာေတာ့ ျပည္တြင္းဆုဖလားအားလုံးကို စီးတီးအသင္းက ဆြတ္ခူးရယူသြားၿပီး ယမန္ႏွစ္ကခ်န္ပီယံလိဂ္ဖလားကိုလည္း လီဗာပူးအသင္းကသိမ္းပိုက္သြားခဲ့ကာလက္ရွိရာသီမွာရလဒ္ဆိုးေတြနဲ႔ အစျပဳခဲ့ရတဲ့ အသင္းရဲ႕အေျခအေနေၾကာင့္ မာတာတစ္ေယာက္ ေသာကေတြ မ်ားေနခဲ့ပါတယ္။
မာတာဟာ တနဂၤေႏြေန႔ကလီဗာပူးအသင္းကို ၁-၁ နဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္ ကစားသမားအျဖစ္ေတာင္ မပါဝင္ခဲ့ရပါဘူး။
မာတာက “ကၽြန္ေတာ္ အားလပ္ရက္တစ္ရက္ရတဲ့အခါ ေဘာလံုးပြဲေတြ ၾကည့့္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ေဘာလံုးပြဲေတြကို ခ်စ္ၿပီးေကာင္းမြန္တဲ့ ေဘာလံုးအားကစားရဲ႕ အရသာကိုခံစားတတ္လို႔ပါ၊ ဒါေပမဲ့ ကၽြႏ္ေတာ္ၾကည့္ေနရတဲ့ပြဲက လီဗာပူး(သို႔)စီးတီးတို႔ရဲ႕ ပဲြျဖစ္ခဲ့မယ္ဆိုရင္ ကုိယ့္အသင္း ၿပိဳင္ဘက္အသင္းရဲ႕ပြဲကိုၾကည့္ေနရတာ ကၽြန္ေတာ့္အတြက္ အမ်ားႀကီးမေပ်ာ္မရႊင္ျဖစ္ၿပီး သက္ေရာက္မႈရွိပါတယ္“လို႔ ေျပာပါတယ္။
သူ႔အေပၚဘယ္လိုသက္ေရာက္မႈ ရွိသလဲဆိုတာကိုေတာ့ မာတာက “ခင္ဗ်ားေတြ႕တဲ့အတိုင္းပဲ စီးတီးနဲ႔လီဗာပူးတို႔က အသင္းေကာင္းေတြပါ၊ သူတို႔ ေကာင္းေကာင္းကစားႏိုင္ၾကတယ္၊ လက္ရွိမွာယူႏိုက္တက္က သူတို႔ရဲ႕ အေနာက္မွာေရာက္ေနရတာကို ကၽြန္ေတာ္မေပ်ာ္ပါဘူး၊ ဒါ့အျပင္ ပရိသတ္ေတြလည္း စီးတီးနဲ႔ လီဗာပူးတို႔ေနာက္ေရာက္ေနရတာကို ေပ်ာ္ရႊင္မွာမဟုတ္ပါဘူး”
”ကၽြန္ေတာ့္လိုပဲေပါ့။ ကၽြန္ေတာ္ကေတာ့ ၿပိင္ဘက္အသင္းေတြအေၾကာင္းစဥ္းစားဖို႔ထက္ ကိုယ့္အသင္းတိုးတက္လာဖို႔ကိုပဲ အာ႐ံုစိုက္ထားပါတယ္”လို႔ ေျပာျပသြားခဲ့ပါတယ္။